1I vidjeh: gle, Jaganjac stoji na gori Sionu, a s njime sto četrdeset i četiri tisuće - na čelima im napisano ime njegovo i ime Oca njegova!
1ထိုနောက်မှ ငါကြည့်လျှင် ၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ သူ၏ နာမနှင့် ခမည်း တော်၏ နာမကိုနဖူး၌ အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။
2I začujem s neba glas, kao šum voda mnogih i tutnjavu silna groma; glas taj koji začuh bijaše kao glas citraša što sviraju na citrama.
2သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံ ကဲ့သို့ဖြစ်၏။
3Pjevali su pjesmu novu pred prijestoljem i pred četiri bića i pred starješinama. Nitko ne mogaše naučiti te pjesme doli one sto četrdeset i četiri tisuće - otkupljeni sa zemlje.
3ပလ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်းလေးထောင်မှတပါး၊ အဘယ်သူမျှ ထို သီချင်းကို သင်၍မရနိုင်။
4Ti se ne okaljaše sa ženama, djevci su! Oni prate Jaganjca kamo god pođe. Otkupljeni su od ljudi kao prvine Bogu i Jaganjcu;
4ထိုသူတို့သည် ကညာဖြစ်၍မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီးဖြစ်ကြ၏။
5na ustima se njihovim laž ne nađe, neporočni su.
5အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။
6I vidjeh: drugi jedan anđeo leti posred neba s evanđeljem vječnim da ga proglasi svim pozemljarima, svakom narodu i plemenu i jeziku i puku.
6မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊
7Viče iza glasa: "Bojte se Boga i dajte mu slavu jer dođe čas suda njegova! I poklonite se njemu koji stvori nebo i zemlju i more i izvore voda!"
7ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။
8Za njim eto drugog anđela koji govori: "Pade, pade Babilon, veliki koji vinom gnjeva i bluda svojega opi sve narode!"
8ကောင်းကင်တမန်တပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရာသေား မေထုန်၏ အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်း တို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြိးပြိုလဲပြီဟု လိုက်၍ပြောဆို၏။
9Za njima eto i trećeg anđela koji vikaše iza glasa: "Tko god se klanja Zvijeri i kipu njezinu te primi žig na čelo ili ruku,
9ထိုမှတပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ရုပ်တုကိုကိုးကွယ်၍၊ သူတံဆိပ်လက်မှတ်ကို နဖူး၌ ခံသည်ဖြစ်စေ၊ လက်၌ ခံသည်ဖြစ်စေ၊
10pit će vino gnjeva Božjega, nerazvodnjeno, natočeno već u čaši srdžbe njegove! I bit će udaren na muke u ognju i sumporu svetim anđelima naočigled i naočigled Jaganjcu.
10ထိုသူသည်ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရ လိမ့်မည်။ သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင်၊ ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာ သော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
11Dim muke njihove suklja u vijeke vjekova. Ni danju ni noću nemaju počinka oni koji se klanjaju Zvijeri i kipu njezinu i tko god primi žig s imenom njezinim."
11ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ် ၍၊ သူ၏နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဉ့်မပြတ် သက်သာ မရကြဟု၊ လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။
12U tom je postojanost svetih - onih što čuvaju zapovijedi Božje i vjeru Isusovu.
12ဘုရားသခင်၏ပညတ်တို့ကို၎င်း၊ ယေရှု၏ ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူ တို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။
13I začujem glas s neba: "Piši! Od sada blaženi mrtvi koji umiru u Gospodinu! Da, govori Duh, neka otpočinu od svojih trudova! Jer prate ih djela njihova!"
13တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်း ခြင်းငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟုမိန့်တော်မူ၏။
14I vidjeh: gle, bijel oblak, a na oblak sjede Netko kao Sin Čovječji; na glavi mu zlatan vijenac, u ruci oštar srp.
14တဖန်ငါကြည့်လျှင်၊ ဖြူသောမိုဃ်းတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေ သရဖူကိုဆောင်းလျက်၊ ထက်သော တံစဉ်ကို ကိုင်လျက်၊ မိုဃ်းတိမ်ပေါ်မှာ ထိုင်တော်မူ၏။
15I drugi jedan anđeo iziđe iz hrama vičući iza glasa onomu što sjedi na oblaku: "Mahni srpom i žanji jer dođe čas žetvi, zrela je žetva zemaljska!"
15ကောင်းကင်တမန်တပါးသည် ဗိမာန်တော်ထဲက ထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသောအချိန်ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါးမှည့်ပါပြီဟု မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူ ကို ကြီးသောအသံနှင့်ဟစ်လေ၏။
16I onaj što sjedi na oblaku baci srp na zemlju i zemlja bi požnjevena.
16မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး၌ သွင်း၍မြေကြီး၏ စပါးကိုရိတ်တော်မူ၏။
17I drugi jedan anđeo iziđe iz hrama nebeskoga. I on imaše oštar srp.
17ကောင်းကင်တမန်တပါးသည် ကောင်းကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲက ထွက်၍ သူ၌လည်း ထက်သော တံစဉ်ပါ၏။
18I od žrtvenika iziđe drugi anđeo - onaj koji ima vlast nad ognjem - pa povika iza glasa onomu, s oštrim srpom: "Mahni oštrim srpom i poberi grozdove u vinogradu zemaljskom jer sazri grožđe!"
18မီးကိုအစိုးရသော ကောင်းကင်တမန်တပါးသည် ယဇ်ပလ္လင် ထဲကထွက်၍ ထက်သော တံစဉ်ပါသော သူကို ကြီးစွာသော ကြွေးကြော်ခြင်းနှင့်ခေါ်လျက်၊ သင်၏ ထက်သောတံစဉ်ကိုလွှတ်၍ မြေကြီး၏ စပျစ်သီးပြွတ် တို့ကိုရိတ်လော့။ အသီးမှည့်ပြီဟု ပြောဆို၏။
19I anđeo baci srp na zemlju i obra vinograd zemaljski, a obrano baci u veliku kacu gnjeva Božjega.
19ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌ သွင်း၍ မြေကြီး၏စပျစ်သီးကိုရိတ်ပြီးမှ၊ ဘုရား သခင်၏ အမျက်တော်တည်းဟူသော နယ်ရာတန်ဆာ ကြီးထဲသို့ ချလေ၏။
20Gazila se kaca izvan grada te poteče krv iz kace konjima do uzda, tisuću i šest stotina stadija uokolo.
20မြို့ပြင်၌ နယ်ရာတန်ဆာကိုဖိနင်း၍ အသွေးသည် တဆယ်ခြောက်ယူဇနာခရီးတရှောက်လုံး၌ မြင်း ဇက်ကြိုးကို မှီသည်တိုင်အောင် နယ်ရာတန်ဆာထဲက ထွက်လေ၏။