1I dođe jedan od sedam anđela što nose sedam čaša i prozbori mi: "Dođi pokazat ću ti sud nad Bludnicom velikom što sjedi nad vodama velikim,
1ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တပါးသည်လာပြီးလျှင် ၊ ငါ့ကိုနှုတ်ဆက် ၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။
2s kojom su bludničili kraljevi zemlje i pozemljari se opiše vinom bluda njezina."
2လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသောမေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊
3I odnese me u duhu u pustinju. Tu vidjeh Ženu koja sjede na skrletnu Zvijer, punu bogohulnih imena, sa sedam glava i deset rogova.
3ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသောနာမတို့နှင့် အပြည့်ရှိသော သားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတဦးကို ငါမြင်၏။
4Žena bijaše odjevena u grimiz i skrlet, sva u zlatu, dragom kamenju i biserju. U ruci joj zlatna čaša puna gnusobe i nečisti bluda njezina.
4ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲ တန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုတ်ရွံ့ရှာဘွယ်သော အရာနှင့်၎င်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ၏။
5Na čelo joj napisano ime - tajna: "Babilon veliki, mati bludnica i gnusoba zemljinih."
5နဖူး၌အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသော အရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏ အမိ ၊ မြေ၌ စက်ဆုပ်ရွံ့ရှာဘွယ်သော အရာတို့၏ အမိပေတည်း။
6I vidjeh: Žena je pijana od krvi svetih i od krvi svjedoka Isusovih. Kad je vidjeh, čudom se silnim začudih.
6ထိုမိန်းမသည် သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့မြင်သောအခါ အလွန်အံ့ဩမိန်းမော၍ နေ၏။
7Nato će mi anđeo: "Što se čudiš? Ja ću ti kazati tajnu te žene i Zvijeri koja je nosi, Zvijeri sa sedam glava i deset rogova."
7ကောင်းကင်တမန်ကလည်း၊ အဘယ်ကြောင့် အံ့ဩသနည်း။ ထိုမိန်းမ၏ နက်နဲသော အရာကို၎င်း၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သော သားရဲ၏ နက်နဲသောအရာကို၎င်း၊ ငါပြော မည်။
8"Zvijer koju vidje bijaše i više nije; zamalo izlazi iz Bezdana i ide u propast. I zapanjit će se pozemljari - oni kojima ime, od postanka svijeta, nije zapisano u knjigu života - kad vide da Zvijer bijaše i više nije, a opet je tu.
8ယခုမြင်သော သားရဲသည် ဖြစ်ဘူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသော တွင်းထဲကတက်၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ကမ္ဘာဦးကပင် အသက်စာစောင်၌ စာရင်းမဝင်သော မြေကြီးသားတို့သည် ဖြစ်ဘူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတံ့သောသားရဲကို မြင်ရသောအခါ၊ အံ့ဩကြလိမ့်မည်။
9Tu se hoće mudre pameti! Sedam glava sedam je bregova na kojima žena sjedi. A i sedam kraljeva:
9ဤအရာ၌ ပညာနှင့်ပြည့်စုံသော ဥာဏ်ရှိ၏။ ခေါင်းခုနစ်လုံးကား၊ မိန်းမထိုင်သော ထောင်ခုနစ်လုံး ဖြစ်၏။
10pet ih već pade, jedan jest, a jedan još ne dođe: kada dođe, ostati mu je zamalo.
10ရှင်ဘုရင်ခုနစ်ပါးလည်းဖြစ်၏။ ငါးပါးကျပြီး၊ တပါးရှိသေး၏။ တပါးဖြစ်လေဦးမည်။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည်။
11I Zvijer koja bijaše i više nije, osma je, a iz broja je njih sedmero, i ide u propast.
11ဖြစ်ဘူး၍ ဖြစ်ဆဲမရှိသောသားရဲသည် ရှစ်ပါးမြောက်သော ရှင်ဘုရင်ဖြစ်၏။ ခုနစ်ပါးအဝင်လည်း ဖြစ်၏။ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည်။
12Deset rogova što ih vidje deset je kraljeva; oni još ne primiše kraljevstva, ali će - samo za jedan sat - primiti vlast kao kraljevi zajedno sa Zvijeri.
12ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာစက်ကို မရသေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ ရှင် ဘုရင်၏ အာဏာစက်ကို သားရဲနှင့်အတူ တချက်တည်း ရကြလိမ့်မည်။
13Jedne su misli: svu svoju silu i vlast predati Zvijeri.
13ထိုသူတို့သည် သဘောတူ၍ မိမိတို့တန်ခိုး အာဏာစက်ကို သားရဲ၌ အပ်ပေးကြလိမ့်မည်။
14Ratovat će protiv Jaganjca, ali će ih pobijediti Jaganjac - i njegovi pozvanici, izabranici, vjernici - jer on je Gospodar gospodara i Kralj kraljeva."
14သူတို့သည် သိုးသငယ်ကို စစ်တိုက်၍ သိုးသငယ်သည် နိုင်တော်မူမည်။ အကြောင်းမူကား၊ သိုး သငယ်သည် သခင်တို့၏သခင် ဘုရင်တို့၏ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်နှင့် အတူရှိသော သူတို့သည် လည်း ခေါ်တော်မူသောသူ၊ ရွေးချယ်တော်မူသောသူ၊ သစ္စာရှိသောသူ ဖြစ်ကြ၏။
15I reče mi anđeo: "Vode što ih vidje, na kojima Bludnica sjedi, to su puci i mnoštva i narodi i jezici.
15ယခုမြင်၍ ပြည်တန်ဆာထိုင်သော ရေကား၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုး အစုစု ဖြစ်သတည်း။
16I onih deset rogova što ih vidje i Zvijer - oni će zamrziti Bludnicu, opustošiti je i ogoliti, najesti se mesa njezina i ognjem je spaliti.
16ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည်တန်ဆာကို မုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့် မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။
17Jer Bog im u srce stavi izvršiti naum njegov: da jednodušno predadu kraljevstvo svoje Zvijeri dok se ne ispune riječi Božje.
17သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုခြင်းငှါ၎င်း၊ နှုတ်ကပတ်တော်မပြည့်စုံမှီတိုင်အောင် သဘောတူ၍ မိမိတို့နိုင်ငံများကို သားရဲ၌ အပ်ပေးခြင်းငှါ၎င်း၊ ဘုရားသခင်သည် သူတို့၌ အကြံပေးတော်မူ၏။
18Žena koju vidje grad je veliki što kraljuje nad kraljevima zemaljskim."
18ယခုမြင်သော မိန်းမသည်လည်း၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်းဟု ကောင်းကင်တမန် ပြောဆို၏။