Croatian

Myanmar

Zechariah

12

1Proroštvo. Besjeda Jahvina o Izraelu. Govori Jahve koji razape nebesa, utemelji zemlju i stvori dah čovjeku u grudima:
1ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော် တည်းဟူသော၊ မိုဃ်းကောင်းကင်ကို ကြက်၍ မြေကြီး တိုက်မြစ်ကို ချတော်မူထသော၊ လူအထဲ၌ လူ၏ဝိညာဉ် ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလ အမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊
2"Evo, učinit ću Jeruzalem čašom opojnom svim narodima uokolo - za opsade Jeruzalema.
2ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ရှိသော လူမျိုးအပေါင်းတို့အား တုန်လှုပ်စေသော ဖလားဖြစ်စေ မည်။ ယေရုရှလင်မြို့ကို ဝိုင်းထားကြစဉ်တွင် ယုဒပြည်ကို လည်း ထိုအတူ ဖြစ်စေမည်။
3U onaj dan učinit ću Jeruzalem teškim kamenom svim narodima: svi koji ga budu dizali teško će se izraniti, a skupit će se na nj svi narodi zemlje.
3ထိုကာလအခါ၌လည်း ထိုမြို့ကို လူမျိုးအပေါင်း တို့အား လေးသော ကျောက်ဖြစ်စေမည်။ ထိုကျောက်ကို ချီသော သူအပေါင်းတို့သည် ကျိုးပဲ့ကြေမွကြလိမ့်မည်။ လောကီသားအမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။
4U onaj dan - riječ je Jahvina - udarit ću sve konje strahom, a njine jahače mahnitošću. Ali nad domom Judinim otvorit ću oči, a sljepilom ću udariti sve konje narodÄa.
4ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်းငှါ၎င်း၊ မြင်းစီးသူရဲအပေါင်းတို့ကို အရူးဖြစ်စေခြင်းငှါ၎င်း ငါ သည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါး အမျိုးသားတို့၌ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေ ခြင်းငှါ ဒဏ်ခတ်မည်။
5Tada će u srcu reći plemena Judina: 'Snaga je Jeruzalemaca u Jahvi nad Vojskama, Bogu njihovu!'
5ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အားဖြင့် သူတို့သည် ငါ့ခွန်အားဖြစ်ကြ၏ဟု စိတ်ထဲမှာ ဆိုကြလိမ့်မည်။
6U onaj dan učinit ću da plemena Judina budu kao žeravnica užarena na drvlju, kao baklja upaljena na snoplju: i proždirat će zdesna i slijeva sve narode uokolo. A Jeruzalem će i dalje stajati na svome mjestu."
6ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့၎င်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့၎င်း ဖြစ်စေ သဖြင့်၊ လက်ျာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ရှိသော လူမျိုးအပေါင်းတို့ကို မီးလောင်လိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည်လိမ့်မည်။
7Jahve će najprije spasiti Judine šatore da se ponos doma Davidova i ponos Jeruzalemaca ne izdigne iznad Jude.
7ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာ ကယ်တင်တော်မူမည်။ ထို့ကြောင့် ဒါဝိဒ်မင်းမျိုး၏ဘုန်း နှင့်ယေရုရှလင်မြို့သားတို့၏ဘုန်းသည် ယုဒပြည်တဘက် ၌ မဝါကြွားရ။
8U onaj dan Jahve će zakriliti Jeruzalemce: najsustaliji među njima bit će u onaj dan kao David, a dom Davidov bit će kao božanstvo, kao Anđeo Jahvin pred njima.
8ထိုကာလ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့ သားတို့ကို ကွယ်ကာစောင့်မတော်မူသဖြင့်၊ အားနည်း သောသူသည် ထိုကာလ၌ ဒါဝိဒ်မင်းကဲ့သို့၎င်း၊ ဒါဝိဒ်မင်း မျိုးသည် ဘုရားသခင်ကဲ့သို့၎င်း၊ သူတို့ရှေ့မှာ ထာဝရ ဘုရား၏ ကောင်းကင်တမန်ကဲ့သို့၎င်း ဖြစ်လိမ့်မည်။
9"U onaj dan pregnut ću da uništim sve narode koji dođu na Jeruzalem.
9ထိုကာလ၌ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ငါသည် အားထုတ် မည်။
10A na dom Davidov i na Jeruzalemce izlit ću duh milosni i molitveni. I gledat će na onoga koga su proboli; naricat će nad njim kao nad jedincem, gorko ga oplakivati kao prvenca.
10ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်း ပဌနာပြုသောသဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့ သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိ တို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက်တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြ လိမ့်မည်။ သားဦးအတွက် အဘသည် နာကြဉ်းရကြလိမ့် မည်။
11U onaj dan plač velik će nastati u Jeruzalemu, poput plača hadad-rimonskog u ravnici megidonskoj.
11မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည် တမ်းသကဲ့သို့၊ ထိုကာလ၌ ယေရုရှလင်မြို့မှာ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း ရှိလိမ့်မည်။
12I plakat će zemlja, svaka porodica napose, i žene njihove napose; porodica doma Davidova napose, i žene njihove napose; porodica doma Natanova napose, i žene njihove napose;
12တပြည်လုံးအမျိုးအနွယ်အသီးအသီးတမျိုး တခြားစီ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဒါဝိဒ်မင်း၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများတခြား၊ နာသန်၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများတခြား၊
13porodica doma Levijeva napose, i žene njihove napose; porodica Šimejeva napose, i žene njihove napose;
13လေဝိ၏အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ ရှိမိ၏အဆွေအမျိုးတခြား၊ သူတို့မိန်းမများတခြား၊
14i sve ostale porodice, svaka porodica za sebe, i žene njihove napose.
14ကျန်ကြွင်းသော အဆွေအမျိုးအပေါင်းတို့သည် တမျိုးတခြားစီ၊ သူတို့မိန်းမများ တစုတခြားစီ ငိုကြွေးမြည် တမ်းကြလိမ့်မည်။