1Gle, dolazi dan Jahvin kada će se podijeliti plijen usred tebe.
1ထာဝရဘုရား၏နေ့ရက်သည် ရောက်သော အခါ၊ သူတပါးတို့သည် သင်၏ဥစ္စာကို လုယူ၍ သင့် အလယ်၌ ဝေဖန်ကြလိမ့်မည်။
2I sabrat ću sve narode u Jeruzalem u borbu. I zaposjest će grad, opljačkati kuće i silovati žene. Polovina će grada otići u izgnanstvo, ali Ostatak neće biti istrijebljen iz grada.
2ယေရုရှလင်မြို့ကို တိုက်စေခြင်းငှါ၊ လူမျိုး အပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကို တိုက်ယူပြီးလျှင်၊ အိမ်တို့ကို လုယက်၍ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည်။ မြို့သားတဝက်ကို သိမ်းသွား၍ တဝက်သာမြို့၌ ကျန် ကြွင်းလိမ့်မည်။
3Tada će Jahve izaći i boriti se protiv tih naroda kako on zna ratovati u dan ratni.
3ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ၌ တိုက်သကဲ့သို့၊ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည်။
4Noge će mu, u dan onaj, stajati na Gori maslinskoj koja je nasuprot Jeruzalemu na istoku. I raskolit će se Gora maslinska po srijedi, između istoka i zapada, u golemu dolinu: jedna će se polovina pomaknuti na sjever, druga na jug.
4ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့်၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည်။ တောင် တဝက်သည် မြောက်ဘက်သို့၎င်း၊ တဝက်သည် တောင် ဘက်သို့၎င်း ရွှေ့ရလိမ့်မည်။
5Dolina Gore moje bit će ispunjena od Goe pa do Jasola i bit će zakrčena kao što je bila zakrčena poslije potresa u dane Uzije, kralja judejskog. Tada će doći Jahve, Bog tvoj, i svi sveci s njim.
5သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မှီလိမ့် မည်။ ယုဒရှင်ဘုရင်ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ၍၊ မိမိသန့် ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည်။
6U dan onaj neće više biti ni studeni ni leda.
6ထိုနေ့ရက်၌ အလင်းမရှိ၊ မြတ်သောအရာတို့ သည် ယုတ်လျော့လိမ့်မည်။
7Bit će to dan čudesan - znade ga Jahve - ni dan ni noć; i u vrijeme večeribit će svjetlo.
7နေ့မဟုတ်၊ ညဉ့်မဟုတ်၊ ထာဝရဘုရားသိတော် မူသော နေ့ရက်တရက်ဖြစ်၍၊ ညဦးယံအချိန်ရောက်မှ လင်းလိမ့်မည်။
8U onaj dan žive će vode poteći iz Jeruzalema, pola k moru istočnom, pola kmoru zapadnom. Bit će tako ljeti i zimi.
8ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှ ထွက်၍၊ နွေကာလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှေ့ ပင်လယ်သို့တဝက်၊ အနောက်ပင်လယ်သို့ တဝက်စီးသွား လိမ့်မည်။
9I Jahve će biti kralj nad svom zemljom.
9ထာဝရဘုရားသည် တပြည်လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည်။ ထိုနေ့ရက်၌ ထာဝရဘုရားတပါးတည်း၊ နာမတော်တပါးတည်း ဖြစ်တော်မူမည်။
10Sva će se zemlja pretvoriti u ravnicu, od Gebe do Rimona negepskog. A Jeruzalem će se uzvisiti na svom mjestu; i bit će nastanjen - od Vrata Benjaminovih do Prvih vrata, to jest do Vrata ugaonih, i od Kule Hananeelove do Kraljeva tijeska.
10ဂေဘမြို့မှသည် ယေရုရှလင်မြို့ တောင်ဘက်၊ ရိမ္မုန်မြို့တိုင်အောင် တပြည်လုံးကို ချိုင့်ကဲ့သို့တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန်တံခါးမှ သည် အရင်တံခါးရာ၊ မြို့ထောင့်တံခါးတိုင်အောင်၎င်း၊ ဟာနနေလရဲတိုက်မှသည် စပျစ်သီးနယ်ရာ တန်ဆာ တော်တိုင်အောင်၎င်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်း ရာ၌ တဖန်တည်ရလိမ့်မည်။
11Opet će se stanovati u njemu, i više neće biti prokletstva; Jeruzalem će živjeti u miru.
11နောက်တဖန် ယေရုရှလင်မြို့သည် ကျိန်ခြင်း ဘေးကိုမခံ၊ မြို့သားတို့သည် နေရာကျ၍ စိုးရိမ်စရာမရှိ ဘဲ နေကြလိမ့်မည်။
12A evo kojom će ranom Jahve udariti sve narode koji budu zavojštili na Jeruzalem: meso će im se raspadati dok budu na nogama; oči će im trunuti u dupljama, jezik gnjiti u ustima.
12ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ် ဟူမူကား၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားလျော့ပျက် လိမ့်မည်။ မျက်အိမ်၌ မျက်လုံးလျော့ပျက်လိမ့်မည်။ လျှာ သည်လည်း ခံတွင်း၌ လျော့ပျက်လိမ့်မည်။
13U dan onaj nastat će među njima silan metež od Jahve: jedan će drugoga za ruku hvatati, i ruka će se jednoga dizati na drugoga.
13ထိုနေ့ရက်၌ ထာဝရဘုရား၏ တန်ခိုးတော် ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပြု၍၊ တယောက်ကိုတယောက် လက်ချင်းရိုက်သော်လည်း၊ တယောက်ကိုတယောက်တိုက်၍ သတ်ကြလိမ့်မည်။
14I Juda će se boriti u Jeruzalemu. Tu će se sakupiti bogatstva svih okolnih naroda: zlato, srebro, odjeća u velikoj množini.
14ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့၌ တိုက် ကြလိမ့်မည်။ ပတ်လည်၌နေသော တပါးအမျိုးသား အပေါင်းတို့၏ဥစ္စာစည်းစိမ်တည်းဟူသော၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက်ရှိကြလိမ့်မည်။
15A slična će rana pasti na konje, mazge, deve i magarce, i na svu stoku koja se nađe u tome taboru.
15မြင်း၊ လား၊ ကုလားအုပ်၊ မြည်းမှစ၍ ရန်သူတပ် တွင်ရှိသမျှသော တိရစ္ဆာန်တို့၌ပေးသော ဘေးဒဏ်သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။
16Tko preživi od svih naroda koji dođu na Jeruzalem, uzlazit će godimice da se pokloni pred Kraljem, Jahvom nad Vojskama, i da slave Blagdan sjenica.
16ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့တွင် ကျန်ကြွင်းသမျှသော သူတို့သည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကေနေပွဲခံအံ့သောငှါ မြို့တော်သို့ နှစ်တိုင်းအစဉ်တက်လာကြလိမ့်မည်။
17Ako koje pleme zemlje ne uzađe u Jeruzalem da se pokloni pred Kraljem, Jahvom nad Vojskama, neće biti kiše za njega.
17ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှါ၊ မြို့တော်သို့တက် ၍ မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုဃ်းမရွာရ။
18Ako li pleme egipatsko ne uzađe i ne dođe, stići će ga isti udarac kojim će Jahve udariti narode koji ne bi uzašli svetkovati Blagdan sjenica.
18အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက် မလာလျှင်၊ မိုဃ်းမရွာဘဲနေသဖြင့်၊ သကေနေပွဲကို ခံအံ့ သောငှါ တက်၍ မလာသောလူမျိုးတို့၌၊ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည်။
19Takva će biti kazna Egiptu i svim narodima koji ne budu uzašli da svetkuju Blagdan sjenica.
19ဤရွေ့ကား၊ သကေနေပွဲကို ခံအံ့သောငှါ တက် ၍ မလာသော အဲဂုတ္တုအမျိုးသား၊ တပါးအမျိုးသား အပေါင်းတို့ ခံရသောအပြစ်ပေတည်း။
20U onaj dan stajat će na konjskim praporcima 'Jahvi posvećen'; a u Domu Jahvinu bit će lonci kao žrtvene čaše pred žrtvenikom;
20ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့် ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည်။
21i svaki će lonac u Jeruzalemu i u Judeji biti posvećen Jahvi nad Vojskama - svi koji budu htjeli žrtvovati uzimat će ih i kuhati u njima. I u dan onaj neće više biti trgovaca u Domu Jahve nad Vojskama.
21ထိုမျှမက၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၌ ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်းတို့သည်လာ၍၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့မှစ၍ နောက်တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနနိလူမရှိရ။