Czech BKR

Myanmar

1 Chronicles

15

1Když pak sobě nastavěl domů v městě Davidově, a připravil místo pro truhlu Boží, a roztáhl jí stánek,
1ထိုနောက်ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင်၏ သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊
2Tehdy řekl David: Nemáť nositi žádný truhly Boží kromě Levítů, ty zajisté vyvolil Hospodin, aby nosili truhlu Boží, a aby přisluhovali jemu až na věky.
2ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကို ထမ်း၍ ရှေ့တော်၌ အမှုတော်ကို အစဉ်စောင့်စေခြင်းငှါ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူ သောကြောင့်၊ အခြားတပါးသော သူတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊
3Protož shromáždil David všecken lid Izraelský do Jeruzaléma, aby přenesl truhlu Hospodinovu na místo její, kteréž jí byl připravil.
3ထာဝရဘုရား၏ သေတ္တာတော်အဘို့ ပြင်ဆင် သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုး သားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊
4Shromáždil také David syny Aronovy a Levíty.
4အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊
5Z synů Kahat byli Uriel kníže, a bratří jeho sto a dvadceti.
5ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလ နှင့် သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊
6Z synů Merari Asaiáš kníže, a bratří jeho dvě stě a dvadceti.
6မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယ နှင့်သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊
7Z synů Gersomových Joel kníže, a bratří jeho sto a třidceti.
7ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ၏ညီအစ်ကို တရာသုံးဆယ်၊
8Z synů Elizafanových Semaiáš kníže, a bratří jeho dvě stě.
8ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယ နှင့်သူ၏ညီအစ်ကိုနှစ်ရာ
9Z synů Hebronových Eliel kníže, a bratří jeho osmdesát.
9ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလ နှင့် သူ၏ညီအစ်ကိုရှစ်ဆယ်၊
10Z synů Uzielových Aminadab kníže, a bratří jeho sto a dvanáct.
10ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ် နှင့်သူ၏ညီအစ်ကို တရာတဆယ်နှစ်ယောက်တည်း။
11Tedy povolal David Sádocha a Abiatara, kněží, též i Levítů: Uriele, Asaiáše, Joele, Semaiáše, Eliele a Aminadaba,
11ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာ၊ လေဝိသား ဩရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်၍၊
12A řekl jim: Vy jste přední z otcovských čeledí mezi Levíty, posvěťte sebe i bratří svých, abyste vnesli truhlu Hospodina Boha Izraelského tu, kdež jsem jí připravil.
12သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သော အရပ် ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို၎င်း၊ ညီအစ်ကိုတို့ ကို၎င်း၊ သန့်ရှင်းစေကြလော့။
13Nebo že spočátku ne vy jste spravovali toho, obořil se Hospodin Bůh náš na nás; nebo jsme ho nehledali náležitě.
13အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။
14I posvětili se kněží i Levítové, aby přenesli truhlu Hospodina Boha Izraelského.
14ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသား တို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ၏သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်းစေ ကြ၏။
15A nesli synové Levítů truhlu Boží, jakož byl přikázal Mojžíš, podlé slova Hospodinova, na ramenou svých na sochořích.
15ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေ မှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းဘိုးဖြင့် ထမ်းကြ ၏။
16Řekl také David předním z Levítů, aby ustanovili z bratří svých zpěváky s nástroji muzickými, loutnami, harfami a cymbály, aby zvučeli, povyšujíce hlasu s radostí.
16လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း၊
17Takž ustanovili Levítové Hémana syna Joelova, a z bratří jeho Azafa syna Berechiášova, a z synů Merari bratří jejich Etana syna Kusaiova.
17ထိုလေဝိသားတို့သည် ယောလသားဟေမန်၊ သူ၏ညီစုထဲက ဗေရခိသားအာသပ်၊ မိမိတို့ညီစု၊ မေရာရိ အမျိုးထဲက ကုရှာယသားဧသန်တို့ကို၎င်း၊
18A s nimi bratří jejich z druhého pořádku: Zachariáše, Béna, Jaaziele, Semiramota, Jechiele, Unni, Eliaba, Benaiáše, Maaseiáše, Mattitiáše, Elifele, Mikneiáše, Obededoma a Jehiele, vrátné.
18မိမိတို့ညီဒုတိယအရာရှိဖြစ်သော ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကို၎င်း ခန့်ထားကြ၏။
19Nebo zpěváci Héman, Azaf a Etan hrali hlasitě na cymbálích měděných,
19သီချင်းဆရာဟေမန်၊ အာသပ်၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ၏။
20A Zachariáš, Aziel, Semiramot, Jechiel, Unni, Eliab, Maaseiáš a Benaiáš na loutnách, při zpěvu vysokém.
20ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့သည် အာလမုတ် တယောကို ထိုးရကြ၏။
21A Mattitiáš, Elifele, Mikneiáš, Obededom, Jehiel a Azaziáš hrali na harfách při zpěvu nízkém.
21မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်း ကို တီးရကြ၏။
22Chenaniáš pak, přední z Levítů nesoucích truhlu, spravoval, jak by nésti měli; nebo byl umělý.
22လေဝိသားအကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။
23Berechiáš pak a Elkána byli vrátní u truhly.
23ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါး စောင့်ဖြစ်၏။
24Sebaniáš také a Jozafat, Natanael, Amazai, Zachariáš, Benaiáš a Eliezer kněží, troubili na trouby před truhlou Boží; ale Obededom a Jechiáš byli též vrátní u truhly.
24ယဇ်ပုရောဟိတ်ရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏ သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါး စောင့်ဖြစ်၏ ။
25A tak vypravil se David a starší Izraelští a hejtmané, aby přenesli truhlu smlouvy Hospodinovy z domu Obededomova s veselím.
25ထိုသို့ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုးအသက် ကြီးသူ၊ လူတထောင်အုပ်တို့သည် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှါ သွားကြ၏။
26I stalo se, poněvadž Bůh pomáhal Levítům nesoucím truhlu smlouvy Hospodinovy, že obětovali sedm volů a sedm beranů.
26ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို ထမ်းသော လေဝိသားတို့ကို ဘုရားသခင် မစတော် မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ် ကောင်တို့ကို ယဇ်ပူဇော်ကြ၏။
27David pak odín byl pláštěm kmentovým, tolikéž všickni Levítové, kteříž nesli truhlu, i zpěváci, i Chenaniáš, správce nesoucích, mezi zpěváky. Měl také David na sobě efod lněný.
27ဒါဝိဒ်နှင့် သေတ္တာတော်ကို ထမ်းသော လေဝိ သားများ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့ သည် ပိတ်ချောကိုဝတ်ကြ၏။ ဒါဝိဒ်သည် ပိတ်သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။
28Takž všecken lid Izraelský provázeli truhlu smlouvy Hospodinovy s plésáním a zvukem trouby, a pozaunů a cymbálů, a hrali na loutny a na harfy.
28ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းတို့ကို တီးမှုတ်လျက်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
29Když pak truhla smlouvy Hospodinovy vcházela do města Davidova, Míkol dcera Saulova vyhlédla z okna, a viduci krále Davida poskakujícího a plésajícího, pohrdla jím v srdci svém.
29ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည်။ ဒါဝိဒ်မြို့နထဲသို့ဝင်သောအခါ၊ ရှောလု၏ သမီးမိခါလ သည် ပြတင်းပေါက်ကကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ကလျက်တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံး ထဲ၌ မထီမဲ့မြင်ပြု၏။