Czech BKR

Myanmar

1 Corinthians

10

1Nechciť pak, abyste nevěděli, bratří, že otcové naši všickni pod oblakem byli, a všickni moře přešli,
1ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုဃ်းတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ ရှောက်သွား ကြသည်ဟူ၍၎င်း၊
2A všickni v Mojžíše pokřtěni jsou v oblace a v moři,
2မိုဃ်းတိမ်နှင့်ပင်လယ်ထဲမှာ မောရှေ၌ ဗတ္တိဇံကို ခံကြသည် ဟူ၍၎င်း၊
3A všickni týž pokrm duchovní jedli,
3ဓမ္မအစာကိုအတူစားကြသည်ဟူ၍၎င်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍၎င်း၊ သင်တို့ မသိမမှတ် ဘဲနေစေခြင်းငှါ ငါအလိုမရှိ၊
4A všickni týž nápoj duchovní pili. Pili zajisté z duchovní skály, kteráž za nimi šla; a ta skála byl Kristus.
4ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ် တော်ဖြစ်သတည်း။
5Ale ne ve mnohých z nich zalíbilo se Bohu, nebo zhynuli na poušti.
5သို့သော်လည်း ထိုသူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ။ သူတို့သည် တော၌သေကြေပျက်စီးခြင်းသို့ ရောက်ကြ၏။
6Ty pak věci za příklad nám býti mají k tomu, abychom nebyli žádostivi zlého, jako i oni žádali.
6ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှါ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဘို့ ပုံသက်သေ ဖြစ်ကြ၏။
7Protož nebuďte modláři, jako někteří z nich, jakož psáno jest: Posadil se lid, aby jedl a pil, a vstali, aby hrali.
7လူတို့သည် စားသောက်လျက် ထိုင်နေကြ၏။ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ၏ဟု ကျမ်းစာ လာသည်အတိုင်း၊
8Aniž smilněme, jako někteří z nich smilnili, a padlo jich jeden den třimecítma tisíců.
8ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု၍ တနေ့ခြင်းတွင် လူနှစ်သောင်း သုံးထောင်လဲ၍သေသကဲ့သို့ မပြုဘဲ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့။
9Ani pokoušejme Krista, jako někteří z nich pokoušeli, a od hadů zhynuli.
9ထိုသူအချို့တို့သည် စုံစမ်းနှောင့်ရှက်ခြင်းကို ပြု၍၊ မြွေဖြင့် ပျက်စိးသကဲ့သို့ ငါတို့သည်မပြု၊ ခရစ်တော် ကို မစုံစမ်းမနှောင့်ရှက်ဘဲနေကြကုန်အံ့။
10Ani repcete, jako i někteří z nich reptali, a zhynuli od záhubce.
10ထိုသူအချို့တို့သည် မြည်တမ်းခြင်းကိုပြု၍၊ ဖျက်ဆီးသောသူ၏ လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကိုမပြုကြနှင့်။
11Toto pak všecko u figuře dálo se jim, a napsáno jest k napomenutí našemu, kteříž jsme již na konci světa.
11ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။
12A protož kdo se domnívá, že stojí, hlediž, aby nepadl.
12ထိုကြောင့် အကြင်သူသည် မိမိတည်ကြည် လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှါ သတိပြုစေ။
13Pokušení vás nezachvátilo, než lidské. Ale věrnýť jest Bůh, kterýž nedopustí vás pokoušeti nad vaši možnost, ale způsobíť s pokušením také i vysvobození, abyste mohli snésti.
13လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။
14Protož, moji milí bratří, utíkejtež modlářství.
14ထိုကြောင့် ငါ့ချစ်သူတို့၊ ရုပ်တို့ကို ကိုးကွယ်ခြင်း အမှုကို ကြဉ်ရှောင်ကြလော့။
15Jakožto opatrným mluvím. Vy suďte, co pravím.
15သင်တို့ကို ပညာရှိသကဲ့သို့မှတ်၍ ပြောမည်။ ငါ့စကားကို ဆင်ခြင်ကြလော့။
16Kalich dobrořečení, kterémuž dobrořečíme, zdaliž není společnost krve Kristovy? A chléb, kterýž lámeme, zdaliž není společnost těla Kristova?
16ငါတို့သည် ကျေးဇူးတော်ကို ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏အသွေးကို ဆက်ဆံခြင်း ဖြစ်သည် မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။
17Nebo jeden chléb, jedno tělo mnozí jsme; všickni zajisté z jednoho chleba jíme.
17မုန့်တလုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြ သောကြောင့်၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏။
18Pohleďte na Izraele podle těla. Zdaliž ti, kteříž jedí oběti, nejsou účastníci oltáře?
18ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကို ကြည့်ရှုကြလော့။ ယဇ်ကောင်ကိုစားသော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံသောသူဖြစ်ကြသည် မဟုတ်လော။
19Což pak tedy dím? Že modla jest něco? Anebo že modlám obětované něco jest? Nikoli.
19ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော။
20Ale toto pravím, že, což obětují pohané, ďáblům obětují, a ne Bohu. Nechtělť bych pak, abyste vy byli účastníci ďáblů.
20ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှါ ငါအလိုမရှိ။
21Nebo nemůžete kalicha Páně píti a kalicha ďáblů; nemůžete účastníci býti stolu Páně a stolu ďáblů.
21သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။
22Čili k hněvu popouzíme Pána? Zdali silnější jsme nežli on?
22သခင်ဘုရား အမျက်တော်ထွက်စေခြင်းငှါ ငါတို့ ပြုရကြသလော။ ငါတို့သည် သခင်ဘုရားထက်သာ၍ တန်ခိုးကြီးကြသလော။
23Všecko mi sluší, ale ne všecko jest užitečné; všecko mi sluší, ale ne všecko vzdělává.
23ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတပါးကို တည်ဆောက်တတ်သည်မဟုတ်။
24Žádný nehledej svých věcí, ale jeden každý toho, což jest bližního.
24ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။
25Všecko, což se v masných krámích prodává, jezte, nic se nevyptávajíce pro svědomí.
25ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ ဈေး၌ ရောင်းသမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့။
26Nebo Páněť jest země i plnost její.
26အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီး နှင့် မြေကြီးတန်ဆာကို ပိုင်တော်မူ၏။
27Pozval-liť by vás pak kdo z nevěřících k stolu, a chcete jíti, vše, cožkoli bylo by vám předloženo, jezte, nic se nevyptávajíce pro svědomí.
27မယုံကြည်သောသူသည် သင်တို့ကိုခေါ်ဘိတ်၍ သင်တို့သည် သွားလိုလျှင်၊ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ သင်တို့ရှေ့၌ ထည့်သမျှကို မစစ်ကြော မမေးမြန်းဘဲ စားကြလော့။
28Pakli by vám někdo řekl: Toto jest modlám obětované, nejezte pro toho, jenž oznámil, a pro svědomí. Páně zajisté jest země i plnost její.
28သို့သော်လည်း ဤမည်သောအရာသည် ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ဖြစ်၏ဟု တစုံတယောက် သောသူဆိုလျှင်၊ ထိုသို့ဆိုသော သူ၏မျက်နှာကို၎င်း၊ ဩတ္တပ္ပစိတ်ကို၎င်း၊ ထောက်၍ မစားကြနှင့်။
29Svědomí pak pravím ne tvé, ale toho druhého. Nebo proč by měla svoboda má potupena býti od cizího svědomí?
29ဩတ္တပ္ပစိတ် ဟုဆိုသော် ကိုယ်စိတ်ကိုမဆိုလို၊ သူ့စိတ်ကို ဆိုလို၏။ အခြားသောသူ၏စိတ်သည် ငါ၏အခွင့်ကို အဘယ် ကြောင့် စစ်ကြောစီရင်ရမည်နည်း။
30A poněvadž já s díků činěním požívám, proč mi se rouhají příčinou toho, z čehož já díky činím?
30ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည်တွင် အဘယ် ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင် မူကား၊
31Protož buďto že jíte, nebo pijete, anebo cožkoli činíte, všecko k slávě Boží čiňte.
31သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။
32Bez úrazu buďte i Židům i Řekům i církvi Boží,
32လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ၍၊
33Jakož i já ve všem líbím se všechněm, nehledaje v tom svého užitku, ale mnohých, aby spaseni byli.
33ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့သည်လည်း ယုဒလူ၊ ဟေလသ လူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာ အကြောင်းကို မပြုဘဲ၊