1Tedy vzal Samuel nádobku oleje, a vylil na hlavu jeho, a políbil ho, i řekl: Aj, teď pomazal tě Hospodin nad dědictvím svým za vůdce.
1ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာ လောင်းလေ၏။ တဖန် သူ့ကိုနမ်းသဖြင့်၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက်ကိုပေးတော်မူ၏။
2Když půjdeš dnes ode mne, nalezneš dva muže u hrobu Ráchel v končinách Beniamin v Zelzachu. Kteříž řeknou tobě: Nalezeny jsou oslice, jichž jsi chodil hledati. A aj, otec tvůj nechav péče o oslice, stará se o vás, pravě: Kterak udělám o syna svého?
2ယနေ့ ငါနှင့်ကွာ၍ သွားသောအခါ၊ ဗင်္ယာမိန်ခရိုင်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က၊ သင်သွား၍ ရှာသောမြည်းတို့ကို တွေ့ပြီ။ သင်၏ အဘသည် မြည်းတို့ကို အမှုမထား၊ ငါ့သားအဘို့ အဘယ်သို့ ပြုရပါမည်နည်းဟု ဆိုလျက် စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည်။
3A odejda odtud dále, přijdeš až k rovině Tábor. I potkají se s tebou tam tři muži vstupující k Bohu do Bethel, jeden nesa tři kozelce, druhý nesa tři pecníky chleba, a třetí nesa láhvici vína.
3ထိုအရပ်မှ လွန်၍ တာဗော်လွင်ပြင်သို့ ရောက်လျှင်၊ ဆိတ်သငယ်သုံးကောင်ကို ဆောင်သောသူ တယောက်၊ မုန့်သုံးလုံးကို ဆောင်သော သူတယောက်၊ စပျစ်ရည်ဘူးကိုဆောင်သောသူ တယောက်တည်းဟူသော ဗေသလမြို့ ဘုရားသခင့် ထံတော်သို့ သွားသောသူသုံးယောက်တို့နှင့် သင်သည် တွေ့ကြုံလိမ့်မည်။
4Kteřížto když tě pozdraví, dadíť dva chleby, kteréž přijmeš z rukou jejich.
4ထိုသူတို့သည် နှုတ်ဆက်ပြီးလျှင် မုန့်နှစ်လုံးကို ပေး၍၊ သင်သည် သူတို့လက်မှ ခံယူရလိမ့်မည်။
5Potom přijdeš na pahrbek Boží, na kterémž jest stráž Filistinská. A když tam vejdeš do města, potká se s tebou zástup proroků sstupujících s hory, a před nimi loutna, buben i píšťalka a harfa, a oni prorokovati budou.
5ထိုနောက်မှ ဖိလိတ္တိတပ်ရှိရာ ဘုရားသခင်၏ တောင်သို့ ရောက်၍ မြို့သို့ ချဉ်းကပ်သောအခါ၊ ပရောဖက် အပေါင်းအသင်းသည် တယော၊ ပတ်သာ၊ ပုလွေ၊ စောင်းပါလျက် ပရောဖက်ပြုလျက်၊ မြင့်သောအရပ်မှ ဆင်းလာကြသည်ကို တွေ့လိမ့်မည်။
6I sstoupí na tě Duch Hospodinův, a prorokovati budeš s nimi, a proměněn budeš v muže jiného.
6ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင့်အပေါ်မှာ သက်ရောက်သဖြင့်၊ သင်သည် သူတို့နှင့် အတူ ပရောဖက်ပြု၍ ခြားနားသောသူ ဖြစ်လိမ့်မည်။
7Když tedy zběhnou se tato znamení při tobě, učiň, cožkoli najde ruka tvá, nebo Bůh s tebou jest.
7ဤနိမိတ်လက္ခဏာတို့သည် သင်၌ ဖြစ်သောအခါ၊ အဆင်သင့်သည်အတိုင်း ပြုလော့။ ဘုရားသခင် သည် သင်နှင့်အတူ ရှိတော်မူ၏။
8Potom sstoupíš přede mnou do Galgala, a aj, já sstoupím k tobě, abych obětoval oběti zápalné, též abych obětoval oběti pokojné. Za sedm dní čekati budeš, až přijdu k tobě, a ukážiť, co bys měl činiti.
8သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိဿဟာယယဇ် တို့ကို ပူဇော်ခြင်းငှါ သင်ရှိရာသို့ လာမည်။ ငါလာ၍ သင်ပြုရသော အမှုကို မပြမှီတိုင်အောင် သင်သည် ငံ့နေရမည်ဟု ဆို၏။
9A bylo, když se obrátil, aby šel od Samuele, že Bůh proměnil srdce jeho v jiné, a zběhla se všecka ta znamení dne toho.
9ရှောလုသည် ရှမွေလထံမှ ထွက်သွားမည်ဟု လှည့်သောအခါ၊ ခြားနားသော စိတ်နှလုံးကို ဘုရားသခင် ပေးတော်မူ၍၊ ထိုနိမိတ်လက္ခဏာ အလုံးစုံတို့သည် ထိုနေ့ခြင်းတွင် ဖြစ်လေ၏။
10I přišli tam ku pahrbku, a aj, zástup proroků proti němu, i sstoupil na něj Duch Boží, a prorokoval u prostřed nich.
10တောင်တော်သို့ရောက်သောအခါ၊ ပရောဖက် အပေါင်းအသင်းတို့သည် ဆီး၍ ကြိုကြစဉ်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလုအပေါ်သို့ သက်ရောက်တော်မူသဖြင့်၊ သူတို့နှင့်အတူ ပရောဖက် ပြုလေ၏။
11Stalo se tedy, že všickni, kdož ho znali prvé, viděli, an prorokuje s proroky. Pročež mluvil každý, jeden k druhému: Což se to stalo synu Cis? Zdali také Saul mezi proroky?
11ရှောလုသည် ပရောဖက်တို့နှင့်အတူ ပရောဖက်ပြုသည်ကို အထက်က သိကျွမ်းသောသူတို့သည် မြင်သောအခါ၊ ကိရှ၏သား၌ အဘယ်သို့ ဖြစ်သနည်း။ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလော ဟု တယောက်ကိုတယောက် မေးမြန်းကြ၏။
12I odpověděl jeden odtud a řekl: A kdo jest otec jejich? Protož přišlo to v přísloví: Zdali také Saul mezi proroky?
12ထိုအရပ်သား တယောက်က၊ သူတို့အဘကား အဘယ်သူနည်းဟုဆို၍၊ ရှောလုသည်လည်း ပရော ဖက်တို့၌ ပါသလောဟူသော စကားသည် ပုံစကားဖြစ်လေ၏။
13A přestav prorokovati, přišel na horu.
13ရှောလုသည် ပရောဖက်ပြုပြီးမှ မြင့်သောအရပ်သို့ သွား၏။
14Řekl pak strýc Saulův jemu a k služebníku jeho: Kam jste chodili? Odpověděl: Hledati oslic; když jsme pak poznali, že jich není, přišli jsme k Samuelovi.
14ရှောလု၏ ဘထွေးက၊ သင်တို့သည် အဘယ်အရပ်သို့ သွားသနည်းဟု ရှောလုနှင့် ငယ်သားကို မေးလျှင်၊ ရှောလုက၊ မြည်းတို့ကို ရှာရအောင် သွား၏။ မတွေ့သောအခါ ရှမွေလထံသို့ ရောက်သည်ဟု ပြန်ပြော၏။
15I řekl strýc Saulův: Pověz mi medle, co vám řekl Samuel?
15ဘထွေးကလည်း၊ ရှမွေလသည် အဘယ်သို့ ပြောသနည်း။ ငါ့အား ပြန်ပြောပါဟု တောင်းပန်သော်၊
16Odpověděl Saul strýci svému: Oznámil nám místně, že by nalezeny byly oslice. Ale s strany království nic mu neoznámil, co mluvil Samuel.
16မြည်းတို့ကို တွေ့ပြီဟု ရှမွေလသည် အတပ်ပြောကြောင်းကိုသာ ရှောလုသည် ဘထွေးအာ ပြန်ပြော ၍၊ ရှမွေလပြောသော နိုင်ငံအမှုအရေးကို ဘထွေးအား မကြားမပြောဘဲနေ၏။
17Svolal pak Samuel lid k Hospodinu do Masfa,
17တဖန် ရှမွေလသည် လူများတို့ကို မိဇပါမြို့ ထာဝရဘုရားထံတော်သို့ခေါ်၍ စည်းဝေးစေပြီးလျှင်၊
18A řekl synům Izraelským: Takto praví Hospodin Bůh Izraelský: Já jsem vyvedl Izraele z Egypta, a vysvobodil jsem vás z ruky Egyptských, nýbrž z ruky všech království ssužujících vás.
18ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးဖြစ်သော သင်တို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့၍၊ အဲဂုတ္တုမင်းအစရှိသော သင်တို့ကို ညှဉ်းဆဲသော မင်းအပေါင်း တို့ လက်မှ ကယ်နှုတ်သော်လည်း၊
19Ale vy dnes zavrhli jste Boha svého, kterýž sám vyprošťuje vás ze všech zlých věcí vašich a z úzkostí vašich, a řekli jste jemu: Krále ustanov nad námi. Protož nyní postavtež se před Hospodinem po pokoleních svých a po tisících svých.
19သင်တို့ကို ဒုက္ခဆင်းရဲဘေးဥပဒ် ရှိသမျှတို့အထဲက ကယ်တင်သော သင်တို့၏ ဘုရားသခင်ကို ယနေ့ သင်တို့သည် ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှါ ချီးမြှောက်တော်မူပါဟု လျှောက်ကြ ပြီ။ သို့ဖြစ်၍ အမျိုးအသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရားရှေ့တော်သို့ ချည်းကပ် ကြလော့ဟု ဣသရေလ အမျိုးသားတို့အား ဆိုသဖြင့်၊
20A když Samuel kázal přistupovati všechněm pokolením Izraelským, přišlo na pokolení Beniamin.
20အမျိုးအနွယ်အပေါင်းတို့ကို ချဉ်းကပ်စေပြီးမှ၊ ဗင်္ယာမိန်အမျိုးကို မှတ်တော်မူ၏။
21Potom kázal přistupovati pokolení Beniamin po čeledech jich, i přišlo na čeled Matri, a přišlo na Saule, syna Cis. I hledali ho, a není nalezen.
21ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချည်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကို၎င်း၊ ကိရှ၏သား ရှောလု ကို၎င်း မှတ်တော်မူသဖြင့် သူ့ကိုရှာ၍ မတွေ့ကြ။
22Protož ptali se opět Hospodina: Přijde-li ještě sem ten muž? I odpověděl Hospodin: Aj, skryl se mezi nádobím.
22ထိုသူသည် လာရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ လှည်းများ အစရှိသည်တို့၌ ပုန်း၍နေသည်ဟု မိန့်တော်မူ၏။
23Tedy běželi a vzali ho odtud. I postavil se u prostřed lidu, a převyšoval všecken lid od ramene svého vzhůru.
23သူတို့သည် ပြေး၍ ခေါ်ခဲ့ကြ၏။ ရှောလုသည် လူများတို့တွင် ရပ်သောအခါ၊ ပခုံးအထက်မှာ အခြား သောသူထက် အရပ်သာ၍မြင့်၏။
24I řekl Samuel všemu lidu: Vidíte-li, koho vyvolil Hospodin, žeť mu není podobného ve všem lidu? Protož zkřikl všecken lid, a řekli: Živ buď král!
24ရှမွေလကလည်း၊ ထာဝရဘုရား ရွေးချယ်တော်မူသောသူကို ကြည့်ကြလော့။ လူခပ်သိမ်းတို့တွင် သူနှင့်တူသော သူတစုံတယောက်မျှမရှိဟု လူအပေါင်းတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ရှင်ဘုရင် အသက်တော်မြဲပါစေဟု ကြွေးကြော်ကြ၏။
25I oznamoval Samuel lidu o správě království, a vepsal to do knihy, kterouž položil před Hospodinem. Potom propustil Samuel všecken lid, jednoho každého do domu jeho.
25ရှမွေလသည်လည်း မင်းကျင့်တရားကို လူများတို့အား ဟောပြော၍ စာ၌ ရေးမှတ်သဖြင့်၊ ထာဝရ ဘုရားရှေ့တော်၌ ထားပြီးမှ၊ လူအပေါင်းတို့ကို အသီးအသီး မိမိတို့အိမ်သို့ လွှတ်လိုက်လေ၏။
26Také i Saul odšel do domu svého do Gabaa; a odešla s ním vojska, jichžto srdcí Bůh se dotekl.
26ရှောလုသည်လည်း ဂိဗာမြို့ မိမိအိမ်သို့သွား၍၊ ဘုရားသခင် သွေးဆောင်တော်မူသော လူအပေါင်း အသင်းသည် သူနှင့်အတူ လိုက်သွားကြ၏။
27Ale lidé nešlechetní řekli: Tento-liž nás vysvobodí? I pohrdali jím, ani mu pocty nepřinesli. On pak činil se neslyše.
27အဓမ္မလူတို့က၊ ဤသူသည် ငါတို့ကို အဘယ်သို့ ကယ်တင်လိမ့်မည်နည်းဟု ဆိုလျက်၊ လက်ဆောင်ကို မဆက်ဘဲ မထီမဲ့မြင်ပြုသော်လည်း၊ ရှောလုသည် အမှုမထားဘဲနေ၏။