Czech BKR

Myanmar

2 Samuel

12

1Protož poslal Hospodin Nátana k Davidovi. Kterýž přišed k němu, řekl jemu: Dva muži byli v městě jednom, jeden bohatý a druhý chudý.
1နောက်တဖန် ထာဝရဘုရားသည် ပရောဖက် နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန် သည်ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင် သူဌေးတဦး၊ ဆင်းရဲသားတဦးရှိပါ၏။
2Bohatý měl ovec i volů velmi mnoho,
2သူဌေးသည် အလွန်များစွာသော သိုးနွားမှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
3Chudý pak neměl nic, kromě jednu ovečku malou, kterouž byl koupil a choval, až i odrostla při něm a při dětech jeho tolikéž. Chléb jeho jedla a z číše jeho pila, a v lůnu jeho spávala, a tak byla mu jako za dceru.
3ဆင်းရဲသားမူကား၊ မိမိဝယ်၍ မွေးစားသော သိုးမကလေးတကောင်တည်းမှ တပါးတခြားသော ဥစ္စာ မရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်၎င်း၊ အရှင်၏ သားသမီးတို့နှင့်၎င်း ပေါင်း၍ ကြီးပွား၏။ အရှင်၏ အစာကို စားတတ်၏။ အရှင်၏ရေခွက်၌သောက်တတ်၏။ အရှင်၏ ရင်ခွင်၌ အိပ်၍ သမီးကဲ့သို့ ဖြစ်၏။
4Když pak přišel pocestný k tomu bohatému člověku, líto mu bylo vzíti z ovcí aneb z volů svých, což by připravil pocestnému, kterýž k němu přišel, ale vzav ovečku toho chudého člověka, připravil ji muži, kterýž byl přišel k němu.
4သူဌေးအိမ်သို့ ဧည့်သည်တဦးရောက်၍ သူဌေးသည် ဧည့်သည်ကို လုပ်ကျွေးဘို့ မိမိသိုးနွားများကို နှမြော သောကြောင့် မယူ၊ ဆင်းရဲသား၏သိုးမကလေးကိုယူ၍ ဧည့်သည်ကို လုပ်ကျွေးဘို့ ချက်ပါသည်ဟု လျှောက်လေသော်၊
5Tedy rozhněval se David na muže toho náramně a řekl Nátanovi: Živť jest Hospodin, že hoden jest smrti muž, kterýž to učinil.
5ဒါဝိဒ်သည် ထိုသူဌေးကိုပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ ပြုသောသူသည် အမှန်သေရမည်။
6Ovečku také tu zaplatí čtvernásobně, proto že učinil věc tu, a nelitoval ho.
6ကရုဏစိတ်မရှိဘဲထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့် တော်မူ၏။
7I řekl Nátan Davidovi: Ty jsi ten muž! Takto praví Hospodin Bůh Izraelský: Já jsem tě pomazal, abys králem byl nad Izraelem, a vytrhl jsem tebe z ruky Saulovy.
7နာသန်ကလည်း၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏။ ဣသရေလအမျိုး၏ ဘုရးသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဘိသိက်ပေး၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။
8A dal jsem tobě dům pána tvého, i ženy pána tvého v lůno tvé, dalť jsem také dům Izraelský a Judský, a bylo-liť by to málo, byl bych přidal mnohem více.
8သင့်သခင်၏ အဆွေအမျိုးကို၎င်း၊ သင့်သခင်၏ မယားတို့ကို၎င်း၊ သင်၏ရင်ခွင်၌ ငါအပ်ပေးပြီ။ ဣသ ရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ ထိုအရာများ မလောက်လျှင် အခြားတပါးသောအရာရာတို့ကို ပေးခြင်း ငှါ ငါအလိုရှိ၏။
9Pročež jsi sobě zlehčil slovo Hospodinovo, čině to, což se nelíbí jemu? Uriáše Hetejského zabil jsi mečem, a manželku jeho pojals sobě za ženu, samého pak zamordoval jsi mečem Ammonitských.
9သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား။
10Protož nyní neodejdeť meč z domu tvého až na věky, proto že jsi pohrdl mnou, a vzal jsi manželku Uriáše Hetejského, aby byla žena tvá.
10ယခုမှာသင်သည် ငါ့ကို မထီမဲ့မြင်ပြု၍ ဟိတ္တိလူ၊ ဥရိယ၏မယားကို သိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
11Takto praví Hospodin: Aj, já vzbudím proti tobě zlé z domu tvého, a vezma ženy tvé před očima tvýma, dám je bližnímu tvému, kterýž spáti bude s ženami tvými, an na to každý hledí.
11ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသော သူကို သင်၏အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကို ငါယူ၍ သင့်အိမ်နီးချင်း၌အပ်သဖြင့်၊ သူသည် နေရှေ့မှာ သင်၏မယားတို့နှင့် ပေါင်းဘော်လိမ့်မည်။
12A ačkoli ty učinil jsi to tajně, já však učiním to zjevně přede vším Izraelem a všechněm známě.
12သင်သည် ဤအမှုကိုမထင်မရှားပြုသော်လည်း၊ နေရှေ့မှာ ငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော် မူသော စကားကိုပြန်ကြားလေ၏။
13Tedy řekl David Nátanovi: Zhřešilť jsem Hospodinu. Zase řekl Nátan Davidovi: Tentýž Hospodin přenesl hřích tvůj, neumřeš.
13ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍ နာသန်က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ တာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။
14Ale však, poněvadž jsi tou věcí dal příčinu nepřátelům Hospodinovým, aby se rouhali, protož ten syn, kterýž se narodil tobě, jistotně umře.
14သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှား သောအားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ ရန်သူတို့အားပေးသောကြောင့်၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက် ဆိုပြီးလျှင်၊
15Potom odšel Nátan do domu svého. V tom Hospodin ranil dítě, kteréž byla porodila manželka Uriášova Davidovi, tak že pochybili o něm.
15နန်းတော်မှ ထွက်သွားသောနောက်၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဘွားမြင်သော ဒါဝိဒ်၏သားသည် ပြင်းစွာသော ဝေဒနာကို ခံရ၏။
16I modlil se David Bohu za to dítě a postil se, a všed, ležel přes noc na zemi.
16ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တညဉ့်လုံးမြေပေါ်မှာ အိပ်လျက်နေ၏။
17A ačkoli starší domu jeho přišli k němu, aby ho zdvihli z země, on však nechtěl, aniž s nimi co jedl.
17နန်းတော်သား အသက်ကြီးသူတို့သည်ထ၍ ကိုယ်တော်ကို ချီကြွအံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူတို့နှင့်အတူ အစာမစားဘဲနေ၏။
18Stalo se pak dne sedmého, že umřelo dítě. I nesměli služebníci Davidovi toho oznámiti jemu, že by umřelo dítě; nebo pravili: Aj, když ještě bylo dítě živo, mluvili jsme jemu, a nechtěl slyšeti hlasu našeho, což pak když jemu díme: Umřelo dítě. Ovšem to tíže ponese.
18ခုနစ်ရက်စေ့သော် သူငယ်သေ၏။ ဒါဝိဒ်၏ ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့ လျှောက်သော စကားကိုနားထောင်တော်မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျှက် သူငယ် သေကြောင်းကို မလျှောက်ဝံ့ကြ။
19Ale vida David, an služebníci jeho k sobě šepcí, srozuměl, že by umřelo dítě. I řekl David služebníkům svým: Co již umřelo dítě? Kteříž řekli: Umřelo.
19သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည် ကြားလျှင်၊ သူငယ်သေကြောင်းကို ရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်းသေပါပြီဟု လျှောက်ကြ၏။
20Tedy vstav David s země, umyl se a pomazal se, a změnil roucho své, a všed do domu Hospodinova, pomodlil se. Potom vrátiv se do domu svého, rozkázal sobě dáti jísti a jedl.
20ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား ၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့ သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။
21Služebníci pak jeho řekli jemu: Co jsi to učinil? Pro dítě, když živo bylo, postils se a plakal, ale jakž dítě umřelo, vstal jsi a přijal jsi pokrm.
21ကျွန်တို့ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင်စဉ်အခါ၊ သူငယ် အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါထ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင်၊
22Kterýžto řekl: Pokudž ještě dítě živo bylo, postil jsem se a plakal, nebo jsem řekl: Kdo ví? Můžeť se smilovati nade mnou Hospodin, aby živo bylo dítě.
22ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကို သနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာရှောင်၍ ငိုကြွေး လျက်နေ၏။
23Nyní pak, poněvadž umřelo, proč se mám postiti? Zdaliž budu moci zase je vzkřísiti? Jáť půjdu k němu, ale ono se nenavrátí ke mně.
23ယခုမှာသူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ သူငယ်ကိုပြန်၍ ဆောင်ခဲ့နိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ သူသည် ငါရှိရာသို့ မပြန်မလာ ရဟု မိန့်တော်မူ၏။
24Potom David potěšiv Betsabé manželky své, všel k ní a spal s ní. I porodila syna, a nazval jméno jeho Šalamoun, a Hospodin miloval jej.
24တဖန်ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူ သည်လည်း သားယောက်ျားကို ဘွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။
25Protož poslal byl Nátana proroka, a nazval jméno jeho Jedidiah pro Hospodina.
25ထာဝရဘုရားသည် ထိုသူငယ်ကိုချစ်၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက်နာသန်ကို စေခိုင်း၍ ယေဒိဒိ အမည်ဖြင့် မှည့်တော်မူ၏။
26Bojoval pak Joáb proti Rabba Ammonitských, a vzal město královské.
26ယွာဘသည်လည်း အမ္မုန်ပြည်၊ ရဗ္ဗာမြို့ကို တိုက်၍ မြို့တော်ကို ရပြီးမှ၊
27A poslav posly k Davidovi, řekl: Dobýval jsem Rabba a vzal jsem město vod.
27ဒါဝိဒ်ထံတော်သို့လူကို စေလွှတ်၍၊ ကျွန်တော်သည် ရဗ္ဗာမြို့ကို တိုက်၍ ကန်တော်ရှိရာမြို့ကိုရပါပြီ။
28Protož nyní sebera ostatek lidu, polož se proti městu a vezmi je, abych já nevzal města toho, a bylo by mně připisováno vítězství nad ním.
28ယခုမှာကြွင်းသော လူတို့ကို စုဝေးစေသဖြင့်၊ မြို့နားမှာ တပ်တော်ချ၍ တိုက်ယူတော်မူပါ။ သို့မဟုတ် ကျွန်တော်ယူ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြ လိမ့်မည်ဟု လျှောက်လျှင်၊
29Tedy sebrav David všecken lid, vytáhl proti Rabba, kteréhož dobýval a vzal je.
29ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့်၊ ရဗ္ဗာမြို့သို့ ချီသွား၍ တိုက်ယူလေ၏။
30A sňal korunu krále jejich s hlavy jeho, kteráž vážila centnéř zlata, a bylo v ní kamení drahé, a vstavena byla na hlavu Davidovu. Vyvezl též kořisti města velmi veliké.
30မင်းကြီး၏သရဖူကို ချွတ်ယူ၍ ခေါင်းတော်ပေါ် မှာတင်ကြ၏။ သရဖူအချိန်ကား ကျောက်မြတ်ကို မဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။
31Lid pak, kterýž v něm byl, vyvedl a dal jej pod pily a pod brány železné a pod sekery železné, a vehnal je do peci cihelné. A tak činil všechněm městům Ammonitským. Potom navrátil se David se vším lidem do Jeruzaléma.
31မြို့သားတို့ကိုလည်း ထုတ်ဆောင်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှင်လင်မြို့သို့ ပြန်လေ၏။