1Byl pak hlad za dnů Davidových tři léta pořád. I hledal David tváři Hospodinovy. Jemuž řekl Hospodin: Pro Saule a pro dům jeho vražedlný, nebo zmordoval Gabaonitské.
1ထိုနောက်ဒါဝိဒ်လက်ထက်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးခြင်းဖြစ်၍၊ ဒါဝိဒ်သည်ထာဝရ ဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ဂိဗောင် လူတို့ကို သတ်သောရှောလုနှင့် လူအသက်ကို သတ်တတ် သော ရှောလုအမျိုးကြောင့် ဤအမှုရောက်လေပြီဟု မိန့်တော်မူ၏။
2Tedy povolav král Gabaonitských, mluvil k nim. (Gabaonitští pak nebyli z synů Izraelských, ale z ostatků Amorejských, jimž ačkoli byli synové Izraelští přísahou se zavázali, však Saul usiloval je vypléniti, v horlivosti své pro syny Izraelské a Judské.)
2ဂိဗောင်လူတို့သည် ဣသရေလအမျိုးအဝင် မဟုတ်၊ ကျန်ကြွင်းသော အာမောရိအမျိုးဖြစ်ကြ၏။ ဣသရေလအမျိုးတို့သည် သူတို့အား သစ္စာဂတိထားကြ သော်လည်း၊ ရှောလုသည် ဣသရေလအမျိုးနှင့် ယုဒ အမျိုး၏ အကျိုးကိုစောင့်ရှောက်၍ သူတို့ကို သတ်မည်ဟု အားထုတ် သတည်း။
3A řekl David Gabaonitským: Což vám učiním a čím vás spokojím, abyste dobrořečili dědictví Hospodinovu?
3ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်လူတို့ကို ခေါ်၍၊ သင်တို့အဘို့ အဘယ်သို့ပြုရမည်နည်း။ သင်တို့သည် ထာဝရဘုရား၏ အမွေတော်ကို ကောင်းကြီးပေးစေခြင်း ငှါ အဘယ်သို့အပြစ်ဖြေရမည်နည်းဟု မေးလျှင်၊
4Odpověděli jemu Gabaonitští: Není nám o stříbro ani o zlato činiti s Saulem a domem jeho, ani o bezživotí někoho z Izraele. I řekl: Cožkoli díte, učiním vám.
4ဂိဗောင်လူတို့က၊ ကျွန်တော်တို့သည်ရှောလုနှင့် သူ၏အမျိုး၌ရွှေငွေကိုမတောင်းပါ။ ကျွန်တော်တို့ အတွက် ဣသရေလအမျိုးသားတစုံတယောက်ကိုမျှ ကိုယ်တော်သည် မသတ်ရဟု ပြန်လျှောက်ကြသော်၊ သင်တို့ တောင်း သည်အတိုင်း ငါပြုမည်ဟု မိန့်တော်မူ၏။
5Kteříž řekli králi: Muže toho, kterýž vyhubil nás, a kterýž ukládal o nás, vyhladíme, aby nezůstal v žádných končinách Izraelských.
5သူတို့ကလည်း၊ ကျွန်တော်တို့ကို ညှဉ်းဆဲ၍ ဣသရေလနိုင်ငံအတွင်း၌ အလျှင်းမနေရမည်အကြောင်း သုတ်သင်ပယ်ရှင်းခြင်းငှါ ကြိုးစားသောသူ၏။
6Nechť jest nám dáno sedm mužů z jeho synů, a zvěsíme je Hospodinu u Gabaa Saulova, kteréhož byl vyvolil Hospodin. I řekl král: Já dám.
6သားခုနစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့ အပ်တော်မူပါ။ ထာဝရဘုရားရွေးချယ်တော်မူသော ရှောလုနေရာ ဂိဗာမြို့၌ ထိုသူတို့ကို ကျွန်တော်တို့သည် ထာဝရဘုရားအဘို့ ဆွဲထားပါမည်ဟု လျှောက်သော်၊ ရှင်ဘုရင်က ငါအပ်မည်ဟု မိန့်တော်မူ၏။
7Odpustil pak král Mifibozetovi synu Jonaty, syna Saulova, pro přísahu Hospodinovu, kteráž byla mezi nimi, mezi Davidem a Jonatou synem Saulovým.
7သို့သော်လည်း ဒါဝိဒ်နှင့် ရှောလု၏သား ယောန သန်တို့သည် ထာဝရဘုရားရှေ့တော်၌ တယောက်နှင့် တယောက် သစ္စာဂတိထားသောကြောင့်၊ ရှင်ဘုရင်သည် ရှောလု၏သားယောနသန်မြင်သောမေဖိဗောရှက်ကို နှမြောတော်မူ၏။
8Ale vzal král dva syny Rizpy dcery Aja, kteréž porodila Saulovi, Armona a Mifibozeta, a pět synů sestry Míkol dcery Saulovy, kteréž byla porodila Adrielovi synu Barzillai Molatitského.
8သို့ဖြစ်၍ ရှင်ဘုရင်သည် အဲအာသမီးရိဇပ ဘွားမြင်သော ရှောလု၏ သားအာမောနိနှင့် မေဖိ ဗောရှက်နှစ်ယောက်မှစ၍၊ ရှောလု၏ သမီးမေရပ်တွင် မေဟောလသိအမျိုး ဗာဇိလဲ၏ သားအဒြေလမြင်သော သားငါးယောက်တို့ကို ယူ၍၊
9I vydal je v ruku Gabaonitských, kteréž zvěšeli na hoře před Hospodinem. A tak kleslo těch sedm spolu, a zbiti jsou při začátku žně, když počínali žíti ječmene.
9ဂိဗောင်လူတို့လက်သို့အပ်သဖြင့်၊ သူတို့သည် တောင်ပေါ်တွင် ထာဝရဘုရားရှေ့တော်၌ ဆွဲထား၍၊ ထိုသူခုနစ်ယောက်တို့သည် မုယောစပါး ရိတ်စကာလ၊ တနေ့ခြင်းတွင် အသေသတ်ခြင်းကို ခံရ၍ တပြိုင်နက် သေကြ၏။
10Rizpa pak, dcera Aja, vzavši žíni, prostřela ji sobě na skále při začátku žně, dokudž nepršel na ně déšť s nebe, a nedala ptákům nebeským sedati na ně ve dne, ani přicházeti zvěři polní v noci.
10အဲအာသမီး ရိဇပသည် စပါးရိတ်စကာလမှစ၍ မိုဃ်းမရွာမှီတိုင်အောင် လျှော်တေကို ယူ၍ ကျောက်ပေါ် မှာ အိပ်စရာဘို့ခင်းလျက်၊ နေ့အချိန်တွင် အလောင်း ကောင်အပေါ်၌ငှက်မနား၊ ညဉ့်အချိန်တွင် သားရဲမကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ၏။
11Tedy oznámeno jest Davidovi, co učinila Rizpa dcera Aja, ženina Saulova.
11ရှောလု၏ကိုယ်လုပ်တော်အဲ အာသမီး ရိဇပပြု သော အမှုကို ဒါဝိဒ်သည် ကြားသောအခါ၊
12Protož odšed David, vzal kosti Saulovy a kosti Jonaty syna jeho od starších Jábes Galád, kteříž byli je ukradli na ulici Betsan, kdežto byli je zvěšeli Filistinští v ten den, když porazili Filistinští Saule v Gelboe.
12ဖိလိတ္တိလူတို့သည် ဂိလဗောတောင်၌ ရှောလုကို သတ်၍၊ အလောင်းတော်ကိုဆွဲထားရာ ဇက်ရှမ်လမ်းမှ ခိုးသွားသောဂိလဒ်ပြည်ယာဗက်မြို့သူမြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား၍၊ ရှောလုအရိုးနှင့် သားတော် ယောနသန်အရိုးတို့ကိုယူ၍၊
13Vzal, pravím, odtud kosti Saulovy a kosti Jonaty syna jeho; i kosti těch, kteříž zvěšeni byli, sebrali.
13ထိုအရပ်မှဆောင်သွားသဖြင့်၊ ဆွဲထားသော သူတို့၏ အရိုးများကိုလည်း စုသိမ်းပြီးလျှင်၊
14A pochovali je s kostmi Saulovými a Jonaty syna jeho, v zemi Beniamin, v Sela, v hrobě Cis otce jeho; a učinili všecko, což byl přikázal král, a potom slitoval se Bůh nad zemí.
14ဗင်္ယာမိန်ပြည်။ ဇေလရှာ၊ ရှောလုအဘ ကိရှ၏ သင်္ချိုင်း၌ သင်္ဂြိုဟ်၍၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြ ပြီးသည်နောက်၊ နိုင်ငံတော်အဘို့ ဆုတောင်းသော စကားကို ဘုရားသခင် နားထောင်တော်မူ၏။
15Vznikla pak opět válka Filistinských proti Izraelovi. I vytáhl David a služebníci jeho s ním, a bili se s Filistinskými, tak že ustal David.
15နောက်တဖန် ဖိလိတ္တိလူတို့သည် ဣသရေလ အမျိုးသားတို့ကို စစ်တိုက်၍ ၊ ဒါဝိဒ်နှင့်သူ၏ ကျွန်တို့ သည် ဆီးကြို၍ တိုက်လှန်ကြစဉ်၊ ဒါဝိဒ်သည် မောပန်း လျက်နေလေ၏။
16Tedy Izbibenob, kterýž byl z synů jednoho obra, (jehož kopí hrot vážil tři sta lotů oceli, a měl připásaný k sobě meč nový), myslil zabiti Davida.
16ရေဖိမ်အမျိုး ဣရှဗိဗေနုပ်သည် အချိန်သုံး ပိဿာရှိသော ကြေးဝါလှံကို ကိုင်၍၊ အသစ်သော စစ်တန်ဆာကို ဝတ်ဆင်လျက်ဒါဝိဒ်ကို သတ်မည်ဟု ကြံလေ၏။
17Ale retoval ho Abizai syn Sarvie, a raniv toho Filistinského, zabil jej. Protož muži Davidovi přisáhli, řkouce jemu: Nepůjdeš více s námi do boje, abys nezhasil svíce Izraelské.
17ဇေရုယာသားအဘိရှဲသည် ကူညီ၍ ဖိလိတ္တိ လူကို တိုက်သတ်လေ၏။ ထိုအခါ ဒါဝိဒ်၏ လူတို့က၊ ဣသရေလအလင်းကွယ်မည်ဟု စိုးရိမ်စရာရှိသော ကြောင့်၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူ နောက် တဖန် စစ်ချီကြွတော်မမူရာဟု ကျိန်ဆိုလျက် လျှောက် ကြ၏။
18Opět byla válka v Gob s Filistinskými. Tehdáž Sibbechai Chusatský zabil Sáfu, kterýž byl z synů téhož obra.
18နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖ ကို သတ်လေ၏။
19Byla ještě i jiná válka s Filistinskými v Gob, kdež Elchánan syn Járe Oregim Betlémský zabil bratra Goliáše Gittejského, u jehož kopí bylo dřevo jako vratidlo tkadlcovské.
19နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဗက်လင်မြို့သားဖြစ်သော ယဣရ၏သား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသောလှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျက်၏ ညီလာခမိ ကို သတ်လေ၏။
20Potom byla také válka v Gát. A byl tam muž veliké postavy, kterýž měl u rukou a u noh po šesti prstech, všech čtyřmecítma, a byl také syn toho obra.
20နောက်တဖန် ဂါသမြို့မှ စစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်။
21Ten když haněl Izraele, zabil ho Jonata, syn Semmaa bratra Davidova.
21ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ် လေ၏။
22Ti čtyři byli synové jednoho obra v Gát, kteříž padli od ruky Davidovy a od ruky služebníků jeho.
22ထိုသူလေးယောက်တို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး၏သားဖြစ်၍၊ ဒါဝိဒ်နှင့်သူ၏ကျွန်တို့ လက်ဖြင့် သေကြ၏။