1A při tom času dal se v to Herodes král, aby sužoval některé z církve.
1ထိုအခါဟေရုဒ်မင်းကြီးသည် သင်းဝင်သူ အချို့ တို့ကို ညှဉ်းဆဲ ခြင်းငှါစီရင်၍၊
2I zamordoval Jakuba, bratra Janova, mečem.
2ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ထား နှင့်ကွပ်မျက် လေ၏။
3A vida, že se to líbilo Židům, umínil jíti i Petra. (A byli dnové přesnic.)
3ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည် ကိုမြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထပ်၍၊
4Kteréhož jav, do žaláře vsadil, poručiv jej šestnácti žoldnéřům k ostříhání, chtěje po velikonoci vyvésti jej lidu.
4ပေတရုကိုလည်း ဘမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့် အရှောက်စစ်သူရဲ တကျိပ်ခြောက် ယောက်တို့၌အပ်၍ ထောင်တွင်လှောင်ထားလေ၏။
5I byl Petr ostříhán v žaláři, modlitba pak ustavičná k Bohu dála se za něj od církve.
5ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။
6A když jej již vyvésti měl Herodes, té noci spal Petr mezi dvěma žoldnéři, svázán jsa dvěma řetězy, a strážní přede dveřmi ostříhali žaláře.
6ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အချိန် တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့် များ တို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။
7A aj, anděl Páně postavil se, a světlo se zastkvělo v žaláři; a udeřiv Petra v bok, zbudil ho, řka: Vstaň rychle. I spadli řetězové s rukou jeho.
7ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဖေးကို ပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ ၏။ သံကြိုးသည်လည်း ပေတရုလက်မှကျွတ်လေ၏။
8Tedy řekl anděl k němu: Opaš se a podvaž obuv svou. To když učinil, řekl jemu: Oděj se pláštěm svým, a pojď za mnou.
8ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကို စည်းလော့။ ခြေနင်းကိုလည်းစည်းလော့ဟုဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟုဆိုပြန်၏။
9I vyšed, bral se za ním, a nevěděl, by to pravé bylo, co se dálo skrze anděla, ale domníval se, že by vidění viděl.
9ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာ ဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။
10A prošedše skrze první i druhou stráž, přišli k bráně železné, kteráž vede do města, a ta se jim hned sama otevřela. A všedše skrze ni, přešli ulici jednu, a hned odšel anděl od něho.
10လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သော သံတံခါး သို့ရောက်လျှင်၊ ထိုတံခါးသည် အလိုလို ပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းတကြောင်း၌ ရှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ခြင်း ပေတရုမှ ခွါ၍ သွားလေ၏။
11Tedy Petr přišed sám k sobě, řekl: Nyní právě vím, že poslal Pán anděla svého, a vytrhl mne z ruky Herodesovy, a ze všeho očekávání lidu Židovského.
11ပေတရုသည် သတိရလျှင်၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်း လက်မှ၎င်း၊ ယုဒလူတို့၏ မြော်လင့်ခြင်းမှ ၎င်း၊ ငါ့ကိုကယ်နှုတ်တော်မူသည် ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊
12A pováživ toho, šel k domu Marie, matky Janovy, kterýž příjmí měl Marek, kdež se jich bylo mnoho sešlo, a modlili se.
12လူများစုဝေး၍ ဆုတောင်းရာ၊ မာကုအမည် သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏ အိမ်သို့ရောက်၍၊
13A když Petr potloukl na dveře, vyšla děvečka, aby poslechla, jménem Ródé.
13အိမ်ဦးတံခါးကိုခေါက်လေသော်၊ ရောဒေအမည် ရှိသော မိန်းမငယ်တယောက်သည် နားထောင်ခြင်း ငှါလာ၍၊
14A poznavši hlas Petrův, pro radost neotevřela dveří, ale vběhši, zvěstovala, že Petr stojí u dveří.
14ပေတရု၏စကားအသံကိုသိလျှင်၊ ဝမ်းမြောက်သော အားဖြင့် တံခါးကို မဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရု သည် တံခါးရှေ့မှာရပ်နေသည်ဟု ကြားပြော၏။
15A oni řekli jí: I co blázníš? Ona pak potvrzovala, že tak jest. Tedy oni řekli: Anděl jeho jest.
15ထိုသူတို့က၊ သင်သည်အရှုးဖြစ်၏ဟု ထို မိန်းမငယ်အားဆိုကြသော်လည်း၊ ပေတရုအမှန် ရှိသည်ဟု သူသည်ခိုင်မာစွာဆိုလျှင်၊ ပေတရု၏ ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟုဆိုကြ၏။
16Ale Petr předce tloukl. A otevřevše dveře, uzřeli jej, i ulekli se.
16ပေတရုသည် ခေါက်၍နေသော်၊ တံခါးကို ဖွင့်ကြ၍ သူ့ကိုမြင် သဖြင့် အလွန်တရာအံ့ဩကြ၏။
17A pokynuv na ně rukou, aby mlčeli, vypravoval jim, kterak jest jej Pán vyvedl z žaláře, a potom řekl: Pověztež to Jakubovi a bratřím. A vyšed, bral se na jiné místo.
17ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှါ မိမိလက်နှင့်အမှတ်ပေး၍ မိမိကို ထောင်ထဲကသခင်ဘုရားနှုတ်တော်မူ သော အကြောင်းအရာကို ဘော်ပြပြီးမှ၊ သင်တို့သွား၍ ယာကုပ်နှင့် ညီ အစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင်၊ ထွက်၍အခြားတပါးသို့သွားလေ၏။
18A když byl den, stal se rozbroj nemalý mezi žoldnéři o to, co se stalo při Petrovi.
18မိုဃ်းလင်းသောအခါ စစ်သူရဲတို့သည် ပေတရု၌ အဘယ်သို့ ဖြစ်သနည်းဟု ရုန်းရင်းခတ်မျှ ဖြစ်ကြ၏။
19Herodes pak ptaje se na něj, a nenalezna, vytazovav se na strážných, kázal je pryč vésti; a odebrav se z Judstva do Cesaree, přebýval tam.
19ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍ မတွေ့သည် ရှိသော်၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင်လေ၏။
20A v ten čas Herodes rozzlobil se proti Tyrským a Sidonským. Kteřížto jednomyslně přišli k němu, a namluvivše sobě Blasta, předního komorníka královského, žádali za pokoj, protože jejich krajiny potravu měly z zemí královských.
20ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ပြည်သည်ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။
21V uložený pak den Herodes, obleka se v královské roucho, a posadiv se na soudné stolici, učinil k nim řeč.
21ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌ မင်းမြောက် တန်ဆာကိုဝတ်ဆင်၍ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ထိုသူတို့အားမိန့် တော်မူ၏။
22I zvolal lid, řka: Boží jest toto hlas, a ne lidský.
22လူများတို့က၊ ဤအသံသည်လူ၏အသံမဟုတ်။ ဘုရားသခင်၏ အသံဖြစ်၏ဟု ကြွေးကြော်ကြသည် ရှိသော်၊
23A ihned ranil jej anděl Páně, protože nevzdal slávy Bohu; a rozlez se červy, umřel.
23ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏခြင်းတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍၊ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။
24A slovo Páně rostlo a rozmáhalo se.
24ဘုရားသခင်၏ သာသနာတော်သည် တိုးပွားများပြားလာ၏။
25Barnabáš pak a Saul navrátili se z Jeruzaléma, vykonavše službu, pojavše s sebou i Jana, kterýž příjmí měl Marek.
25ဗာနဗနှင့် ရှောလုတို့သည် လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်ပြီးလျှင်၊ မာကုအမည်သစ်ကိုရသော ယောဟန်ကိုလည်း ခေါ်ခဲ့၍ ယေရုရှလင်မြို့မှပြန်ကြ၏။