1I řekl Hospodin Mojžíšovi: Aj, ustanovil jsem tě za Boha Faraonovi; Aron pak bratr tvůj bude prorokem tvým.
1ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖါရောဘုရင်၏ ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကို အာရုန်သည်၊ သင်၏ပရောဖက် ဖြစ်ရလိမ့်မည်။
2Ty mluviti budeš všecko, což tobě přikáži; Aron pak bratr tvůj mluviti bude k Faraonovi, aby propustil syny Izraelské z země své.
2ငါမိန့်တော်မူသမျှတို့ကို သင်သည် ပြန်ပြောရမည်။ ဖါရောဘုရင်သည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကို၊ သင်၏အစ်ကို အာရုန်သည် သူ့ထံ၌လျှောက်ရမည်။
3Ale jáť zatvrdím srdce Faraonovo, a množiti budu znamení svá a zázraky své v zemi Egyptské.
3ငါသည်လည်း ဖါရောမင်း၏ နှလုံးကို ခိုင်မာစေ၍၊ အဲဂုတ္တုပြည်၌ ငါ၏နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို များပြားစေမည်။
4Aniž poslechne vás Farao. I vzložím ruku svou na Egypt, a vyvedu vojska svá, lid svůj, syny Izraelské, z země Egyptské skrze soudy veliké.
4သို့သော်လည်း ဖါရောမင်းသည် သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့လက် ကို အဲဂုတ္တုပြည်အပေါ်မှာတင်၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ၏ဗိုလ်ပါများ၊ ငါ၏လူဣသရလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည်။
5I zvědíť Egyptští, že já jsem Hospodin, když vztáhnu ruku svou na Egypt; a vyvedu syny Izraelské z prostředku jich.
5ထိုသို့အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့်၍၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင် သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
6Tedy učinil Mojžíš a Aron tak; jakž přikázal jim Hospodin, tak učinili.
6မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်းပြုကြ၏။
7A byl Mojžíš v osmdesáti, Aron pak v osmdesáti a třech letech, když mluvili s Faraonem.
7ဖါရောဘုရင်ထံ၌ လျှောက်ကြသောအခါ၊ မောရှေ၏အသက်သည် အနှစ်ရှစ်ဆယ်ရှိ၏။ အာရုန်၏ အသက်သည် အနှစ်ရှစ်ဆယ်သုံးနှစ်ရှိ၏။
8I řekl Hospodin Mojžíšovi a Aronovi takto:
8တဖန်ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊
9Když mluviti k vám bude Farao, řka: Ukažte od sebe zázrak, tedy díš Aronovi: Vezmi hůl svou, a povrz před Faraonem, i obrátí se v hada.
9ဖါရောဘုရင်က၊ သင်တို့အတွက် ထူးဆန်းသော တန်ခိုးကို ပြလော့ဟုဆိုလျှင်၊ သင်၏ လှံတံကိုယူ၍ ရှေ့တော်၌ချလော့ဟု အာရုန်အားပြောလော့။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
10Tedy všel Mojžíš s Aronem k Faraonovi, a učinili tak, jakž přikázal Hospodin; a povrhl Aron hůl svou před Faraonem i před služebníky jeho, a obrácena jest v hada.
10မောရှနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင်၍ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြုသဖြင့်၊ အာရုန်သည် ဖါရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချ၍ မြွေဖြစ်လေ၏။
11Povolal pak také Farao mudrců a čarodějníků; a učinili i ti čarodějníci Egyptští skrze čáry své tolikéž.
11ထိုအခါ ဖါရောဘုရင်သည် ပညာရှိများ၊ ပြုစားတတ်သောသူများတို့ကိုခေါ်၍၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာ တို့သည်၊ ဝိဇ္ဇာအတတ်အားဖြင့် ထိုအကူပြု၍၊
12Nebo povrhl každý z nich hůl svou, a obráceny jsou v hady; ale požřela hůl Aronova hole jejich.
12မိမိတို့ကိုင်သော လှံတံများကိုချ၍ မြွေဖြစ်ကြလေ၏။ သို့သော်လည်း အာရုန်၏လှံတံသည် သူတို့၏ လှံတံများကို မျိုလေ၏။
13I posililo se srdce Faraonovo, a neuposlechl jich, tak jakž byl mluvil Hospodin.
13ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နား မထောင်ဘဲနေ၏။
14Protož řekl Hospodin Mojžíšovi: Obtížilo se srdce Faraonovo; nechce propustiti lidu toho.
14ထာဝရဘုရားကလည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။
15Jdi k Faraonovi ráno, aj, půjde ven k vodě, a stůj naproti němu při břehu řeky; a hůl, kteráž obrácena byla v hada, vezmeš do ruky své.
15နံနက်အချိန်၌ ဖါရောဘုရင်ထံသို့ သွားလော့။ သူသည် ရေဆိပ်သို့ သွားလိမ့်မည်။ သူမရောက်မှီ သင် သည် မြစ်ကမ်းနားမှာ ရပ်နေလော့။ မြွေဖြစ်သော လှံတံကိုလည်း လက်တွင်ကိုင်လော့။
16A díš mu: Hospodin Bůh Hebrejský poslal mne k tobě, aťbych řekl: Propusť lid můj, aby sloužili mi na poušti; a aj, neuposlechls až dosavad.
16ဟေဗြဲအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူတို့သည်တော၌ ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည် တကား။
17Protož takto praví Hospodin: Po tomto poznáš, že já jsem Hospodin: Aj, já udeřím holí, kteráž jest v ruce mé, na vody, kteréž jsou v řece, a obráceny budou v krev.
17ထာဝရဘုရားက၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့ သိရမည်နည်းဟူမူကား၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက်၍ ထိုရေသည် အသွေးဖြစ်လိမ့်မည်။
18A ryby, kteréž jsou v řece, pomrou; i nasmradí se řeka, a ustávati budou Egyptští, hledajíce vody, kterouž by pili z řeky.
18မြစ်၌ရှိသော ငါးတို့သည်သေကြလိမ့်မည်။ မြစ်ရေလည်းနံလိမ့်မည်၊ အဲဂုတ္တုလူတို့သည်လည်း မြစ်ရေ ကို ရွံကြလိမ့်မည် အကြောင်းကို ပြန်ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
19Protož řekl Hospodin Mojžíšovi: Rci Aronovi: Vezmi hůl svou, a vztáhni ruku svou na vody Egyptské, na řeky jejich, na potoky jejich, i na jezera jejich, a na všecka shromáždění vod jejich, aby se obrátily v krev; i bude krev po vší zemi Egyptské, tak v nádobách dřevěných, jako kamenných.
19တဖန် ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား၊ အာရုန်အား သင်၏လှံတံကိုယူ၍ အဲဂုတ္တုပြည်၌ရှိသော ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေ၊ ကန်ရေ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည်။ အဲဂုတ္တုပြည် တရှောက်လုံး၊ သစ်ခွက်၊ ကျောက်အိုး၌မျှ မကြွင်း အသွေး ရှိလိမ့်မည်အကြောင်းကို ပြောလော့ဟု မိန့်တော်မူ၏။
20Tedy učinili tak Mojžíš a Aron, jakž byl přikázal Hospodin; a zdvihna hůl, udeřil v vodu, kteráž byla v řece, před očima Faraonovýma a před očima služebníků jeho; i obráceny jsou všecky vody, kteréž byly v řece, v krev.
20မောရှေနှင့် အာရုန်သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြု၍၊ အာရုန်သည် ဖါရောဘုရင် ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချီ၍ မြစ်ရေကို ရိုက်သဖြင့်၊ မြစ်ရေရှိသမျှသည် အသွေးဖြစ်လေ၏။
21Ryby pak, kteréž byly v řece, pomřely, a nasmradila se řeka, tak že nemohli Egyptští píti vody z řeky; a byla krev po vší zemi Egyptské.
21မြစ်၌ရှိသော ငါးတို့သည်လည်း သေကြ၍၊ မြစ်ရေနံသောကြောင့်၊ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်ကြ။ အဲဂုတ္တုပြည်တရှောက်လုံး၌ အသွေးနှံ့ပြားလျက် ရှိလေ၏။
22To též učinili i čarodějníci Egyptští skrze čáry své. I zsililo se srdce Faraonovo, aby neuposlechl jich, tak jakž byl mluvil Hospodin.
22အဲဂုတ္တုအမျိုးသား ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။
23A odvrátiv se Farao, přišel do domu svého; a ani k tomu nepřiložil srdce svého.
23နန်းတော်သို့လှည့်လည်ပြန်သွား၍ ထိုအမှုကို နှလုံးမသွင်းဘဲ နေလေ၏။
24Kopali pak všickni Egyptští vůkol řeky, hledajíce vody ku pití; nebo nemohli píti vody z řeky.
24ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်သောကြောင့်၊ သောက်ရေကိုရခြင်းငှါ မြစ်နားမှာ တွင်းတူးကြ၏။
25A vyplnilo se dní sedm, jakž ranil Hospodin řeku.
25ထာဝရဘုရားသည် မြစ်ကိုဒဏ်ခတ်၍ ခုနစ်ရက်ကို လွန်စေတော်မူ၏။