Czech BKR

Myanmar

Ezekiel

7

1Potom stalo se slovo Hospodinovo ke mně, řkoucí:
1နောက်တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
2Slyš, synu člověčí: Takto praví Panovník Hospodin o zemi Izraelské: Ach, skončení, přišlo skončení její na čtyři strany země.
2အချင်းလူသား၊ အရှင်ထာဝရဘုရားသည် ဣသ ရေလပြည်သားတို့ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ပြည်လေးထောင့်တို့သည် ဆုံးခြင်းသို့ ရောက်ကြ၏။
3Jižtě skončení nastalo tobě; nebo vypustím hněv svůj na tě, a budu tě souditi podlé cest tvých, a uvrhu na tě všecky ohavnosti tvé.
3သင်သည် ဆုံးခြင်းသို့ရောက်၍ သင့်အပေါ်သို့ ငါ၏အမျက်ကို ငါလွှတ်လိုက်မည်။ သင်၏အကျင့်နှင့် အလျောက်ငါစီရင်မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ် အမှုတို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။
4Neodpustí zajisté oko mé tobě, aniž se slituji, ale cesty tvé na tebe uvrhu, a ohavnosti tvé u prostřed tebe budou. I zvíte, že já jsem Hospodin.
4ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသော ရွံ့ရှာ ဘွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်သိရလိမ့်မည်။
5Takto praví Panovník Hospodin: Bída jedna, aj hle, přichází bída.
5အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဘေးတခု နောက်တခု ရောက်လာ၏။
6Skončení přichází, přichází skončení, procítil na tě, aj, přicházíť.
6ဆုံးခြင်းဘေးရောက်လာ၏။ ဆုံးခြင်းဘေး ရောက်လာ၏။ သင့်ကို စောင့်လျက်ရောက်လာ၏။
7Přicházíť to jitro na tebe, obyvateli země, přicházíť ten čas, přibližuje se ten den hřmotu, a ne hlas rozléhající se po horách.
7အိုပြည်တော်သား၊ သင်သည် အလှည့်ခံရသော အချိန်ရောက်လာ၏။ အချိန်စေ့ပြီ။ ရွှင်လန်းစွာ ကြွေး ကြော်ခြင်းမရှိရဘဲ၊ ရုန်းရင်းခတ်ခြင်း အမှုကိုပြုရသော နေ့နီးပြီ။
8Již tudíž vyliji prchlivost svou na tě, a docela vypustím hněv svůj na tebe, a budu tě souditi podlé cest tvých, a uvrhu na tě všecky ohavnosti tvé.
8ငါသည် မကြာမမြင့်မှီသင်၏ အပေါ်သို့ ငါ၏ ဒေါသအရှိန်ကို သွန်းလောင်းမည်။ သင်၌ ငါ့အမျက် အလိုကို ပြည့်စုံစေမည်။ သင်၏အကျင့်အတိုင်း စီရင် မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုတို့၏အကျိုး အပြစ်ကိုဆပ်ပေးမည်။
9Neodpustíť zajisté oko mé, aniž se slituji, ale podlé cest tvých zaplatím tobě, a budou ohavnosti tvé u prostřed tebe. A tak zvíte, že já jsem Hospodin, ten, kterýž biji.
9နှမြောစုံမက်ခြင်းမရှိဘဲ၊ သင့်အကျင့်တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါ ထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြ လိမ့်မည်။
10Aj, teď jest ten den, aj, přicházeje,přišlo to jitro, zkvetl prut, vypučila se z něho pýcha,
10နေ့ရက်ရောက်လာ၏။ ရောက်လာ၏။ အလှည့် ခံရချိန်စေ့ပြီ။ တံဖျာပွင့်ပြီ။ မာနကြီးပွားပြီ။
11Ukrutnost vzrostla v prut bezbožnosti. Nezůstaneť z nich nic, ani z množství jejich, ani z hluku jejich, aniž bude naříkáno nad nimi.
11ညှဉ်းဆဲခြင်း အမြစ်မှ အပြစ်တံဖျာပေါက်လေပြီ။ သူတို့အစည်းအဝေး၊ သူတို့ပရိသတ်တစုံတယောက်မျှ မကျန်ကြွင်းရ။ သတို့အဘို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။
12Přicházíť ten čas, blízko jest ten den. Kdo koupí, nebude se veseliti, a kdo prodá, nic toho nebude litovati; nebo prchlivost přijde na všecko množství její.
12အချိန်စေ့ပြီ။ နေ့ရက်နီးပြီ။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့်။ ရောင်းသောသူသည် စိတ်မသာ၊ မညည်းတွားစေနှင့်။ အကြောင်းမူကား၊ ထိုလူအစုအဝေး အပေါင်းတို့အပေါ်မှာ အမျက်တော်သည် တည်လျက် ရှိ၏။
13Ten zajisté, kdož prodal, k věci prodané nepůjde nazpět, by pak ještě byl mezi živými život jejich, poněvadž vidění na všecko množství její nenavrátí se, a žádný v nepravosti života svého nezmocní se.
13ရောင်းသောသူသည် အသက်လွတ်လျက် ရှိသော်လည်း၊ ရောင်းသော မြေသို့ပြန်၍ မလာရ။ ထိုလူအစုအဝေးအပေါင်းတို့နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံ သည် မပြည့်စုံဘဲမနေရ။ မတရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမတည်နိုင်ရ။
14Troubiti budou v troubu, a připraví všecko, ale nebude žádného, kdo by šel k boji; nebo prchlivost má oboří se na všecko množství její.
14စစ်ခင်းကျင်းစေခြင်းငှါ တံပိုးကို မှုတ်ကြသော် လည်း၊ အဘယ်သူမျှ စစ်ချီ၍မသွား။ အကြောင်းမူကား၊ ငါ့အမျက်သည် ထိုလူအစုအဝေးအပေါင်းတို့အပေါ်မှာ တည်လျက်ရှိ၏။
15Meč bude vně, mor pak a hlad doma; kdo bude na poli, mečem zabit bude, toho pak, kdož bude v městě, hlad a mor zahubí.
15ပြင်၌ ကားထားရှိ၏။ အတွင်း၌ကားနာခြင်း၊ မွတ်သိပ်ခြင်းရှိ၏။ လယ်ပြင်တွင်ရှိသော သူသည် ထားဖြင့် သေလိမ့်မည်။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်း အားဖြင့် ဆုံးလိမ့်မည်။
16Kteříž pak z nich utekou, ti na horách, jako holubice v údolí, všickni lkáti budou, jeden každý pro nepravost svou.
16သို့ရာတွင် လွတ်သောသူတို့သည် လွတ်သော အခါ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြ လိမ့်မည်။
17Všeliké ruce klesnou, a všeliká kolena rozplynou se jako voda.
17ထိုသူရှိသမျှတို့သည် လက်အားလျော့၍၊ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။
18I přepáší se žíněmi, a hrůza je přikryje, a na všeliké tváři bude stud, a na všech hlavách jejich lysina.
18သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ် စည်းလျက်၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့်ကိုယ်ကို ခြုံလျက်၊ တယောက်မျှမကြွင်း၊ မျက်နှာရှက်ကြောက် လျက်၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည်။
19Stříbro své po ulicích rozházejí, a zlato jejich bude jako nečistota; stříbro jejich a zlato jejich nebude jich moci vysvoboditi v den prchlivosti Hospodinovy. Nenasytí se, a střev svých nenaplní, proto že nepravost jejich jest jim k urážce,
19သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကိုညစ်ညူးသော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရားအမျက်ထွက် တော်မူသော ကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှါ မတတ်နိုင်။ သူတို့အလိုဆန္ဒကို မဖြေ နိုင်။ ဝစွာမကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။
20A že v slávě okrasy své, v té, kterouž k důstojnosti postavil Bůh, obrazu ohavností svých a mrzkostí svých nadělali. Protož obrátil jsem jim ji v nečistotu.
20သူတို့၌ တင့်တယ်သောတန်ဆာအားဖြင့် သူတို့ မာနကို တိုးပွါးစေ၍၊ သူတို့၌ စက်ဆုပ်ဘွယ်သော ရုပ်တု ဆင်းတုတို့ကို၎င်း၊ ရွံ့ရှာဘွယ်သော အရာတို့ကို၎င်း လုပ်ကြသောကြောင့်၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှါ ငါစီရင်မည်။
21Nebo vydám ji v ruku cizozemců k rozchvátání, a bezbožným na zemi za loupež, kteříž poškvrní jí.
21တပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့ သည် လုယူဖျက်ဆီးစေခြင်းငှါ သူတို့လက်သို့ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည်။
22Odvrátím též tvář svou od nich, i poškvrní svatyně mé, a vejdou do ní, boříce a poškvrňujíce jí.
22ငါလည်းမျက်နှာလွှဲသည်ဖြစ်၍၊ သူတို့သည် ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။
23Udělej řetěz, nebo země plná jest soudů ukrutných, a město plné jest nátisku.
23သံကြိုးကိုလုပ်လော့။ အကြောင်းမူကား၊ ပြည် သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့်၏။
24Protož přivedu nejhorší z pohanů, aby dědičně vládli domy jejich; i učiním přítrž pýše silných, a poškvrněny budou, kteříž jich posvěcují.
24ထိုကြောင့်၊ ကြမ်းကြုတ်သော လူမျိုးတို့ကို ငါဆောင်ခဲ့၍၊ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့် မည်။ ခွန်အားကြီးမားသောသူတို့၏ မာနကို ငါငြိမ်း စေမည်။ သူတို့သန့်ရှင်းသောအရပ်တို့သည် ညစ်ညူးခြင်း ရှိကြလိမ့်မည်။
25Zkažení přišlo, protož hledati budou pokoje, ale žádného nebude.
25ပျက်စီးခြင်းဘေးလာ၏။ သူတို့သည် ငြိမ်ဝပ်ခြင်း ကို ရှာ၍ မတွေ့ရကြ။
26Bída za bídou přijde, a novina bude za novinou, i budou hledati vidění od proroka, ale zákon zahyne od kněze, a rada od starců.
26ဘေးတခုနောက်တခု၊ သိတင်းတခုနောက်တခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရား ဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံ ပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။
27Král ustavičně kvíliti bude, a kníže obleče se v smutek, a ruce lidu v zemi předěšeny budou. Podlé cesty jejich učiním jim, a podlé soudů jejich souditi je budu. I zvědí, že já jsem Hospodin.
27ရှင်ဘုရင်သည် ညည်းတွားခြင်း မြည်တမ်း လိမ့်မည်။ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရ လိမ့်မည်။ ပြည်သူပြည်သားတို့၏ လက်တို့သည် တုန်လှုပ် ကြလိမ့်မည်။ သူတို့ကျင့်ကြသည်အတိုင်း သူတို့၌ ငါပြု မည်။ သူတို့စီရင်ကြသည်အတိုင်း ငါပြန်၍ စီရင်မည်။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။