1Léta druhého Daria krále, měsíce šestého, prvního dne téhož měsíce, stalo se slovo Hospodinovo skrze Aggea proroka k Zorobábelovi synu Salatielovu, knížeti Judskému, a k Jozue synu Jozadakovu, knězi nejvyššímu, řkoucí:
1ဒါရိမင်းကြီးနန်းစံနှစ်နှစ်၊ ဆဌမလတရက်နေ့ တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလ သား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက် သား ယောရှုဆီသို့ ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၍၊
2Takto dí Hospodin zástupů, řka: Lid tento praví, že nepřišel čas, čas, v němž by dům Hospodinův staven byl.
2ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ အချိန်မရောက်သေး၊ ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ရသော အချိန်မရောက်သေး ဟု၊ ဤလူများ ပြောဆိုကြသည်မှာ၊
3Pročež stalo se slovo Hospodinovo skrze Aggea proroka, řkoucí:
3ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်ရောက်လာသည်ကား၊
4Jest-liž vám čas, abyste vy seděli v domích svých taflovaných, a dům tento pustý stál?
4အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသော အိမ်၌ နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက် လျက် နေရမည်လော။
5Protož nyní takto praví Hospodin zástupů: Přiložte srdce své k cestám svým.
5ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ ကို ဆင်ခြင်ကြလော့။
6Sejete mnoho, a shromažďujete málo; jíte, ale nebýváte nasyceni; pijete, ale neuhašujete žízně; obláčíte se, ale žádný nemůže se zahříti; a ten, kdož sobě mzdu shromažďuje, shromažďuje ji do pytlíka děravého.
6သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော် လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာ မစားရကြ။ သောက်သော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ် လုပ်၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာ သိုထားရကြ၏။
7Takto praví Hospodin zástupů: Přiložte srdce své k cestám svým.
7ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့။
8Vstupte na tuto horu, a svezouce dříví, stavějte dům tento, i oblíbím sobě to, a budu oslaven, praví Hospodin.
8တောင်ပေါ်သို့ တက်သွား၍ သစ်သားကို ဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ငါသည် လည်း အားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
9Patříte na mnoho, a aj, maličko jest, a což vnášíte do domu, já to rozdmychuji. Proč se to děje? dí Hospodin zástupů. I pro dům můj, že pustý jest, ješto vy jeden každý pečlivi jste o dům svůj.
9သင်တို့သည် များစွာရမည်ဟု မြော်လင့်သော် လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သော အခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ် သည် ပျက်လျက်ရှိသောကြောင့်၎င်း၊ သင်တို့သည် အသီး အသီး မိမိတို့အိမ်သို့ ပြေးသောကြောင့်၎င်း ဖြစ်သတည်း။
10Protož zavřelo se nebe nad vámi, aby nedávalo rosy, země také zavřela se, aby nevydávala úrody své.
10ထိုကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။
11A tak zavolal jsem sucha na zemi tuto, a na tyto hory, i na obilé, i na víno, a na olej, i na to, což by měla vydávati země, i na lidi, i na dobytek, i na všecku práci rukou.
11မြေပေါ်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌၎င်း၊ မြေထဲကထွက်သမျှ အပေါ်၌၎င်း၊ လူသတ္တဝါတိရစ္ဆာန်အပေါ်၌၎င်း၊ လုပ် ဆောင်သမျှအပေါ်၌၎င်း၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာ လိုက်လေပြီဟု မိန့်တော်မူ၏။
12I uposlechl Zorobábel syn Salatielův, a Jozue syn Jozadakův, kněz nejvyšší, i všickni ostatkové lidu hlasu Hospodina Boha svého, a slov Aggea proroka, poněvadž jej poslal Hospodin Bůh jejich; nebo se bál lid tváři Hospodinovy.
12ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန် ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို၎င်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသောပရောဖက်ဟဂ္ဂဲစကားကို ၎င်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။
13Tedy Aggeus posel Hospodinův mluvil lidu v poselství Hospodinovu, řka: Já s vámi jsem, praví Hospodin.
13ထိုအခါ ထာဝရဘုရားမှာထားတော်မူသည် အတိုင်း ထာဝရဘုရား၏ တမန်ဟဂ္ဂဲက၊ ငါသည် သင်တို့ နှင့်အတူရှိ၏ဟု၊ ထာဝရဘုရား မိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။
14V tom vzbudil Hospodin ducha Zorobábele syna Salatielova, knížete Judského, a ducha Jozue syna Jozadakova, kněze nejvyššího, a ducha ostatků všeho lidu, a přišedše, dělali dílo v domě Hospodina zástupů, Boha svého.
14ထာဝရဘုရားသည်လည်း၊ ယုဒမြို့ဝန်၊ ရှာလ သေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယော ဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့ ကို နှိုးဆော်တော်မူသောအားဖြင့်၊
15ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဌမလနှစ်ဆယ် လေးရက်နေ့တွင်၊ သူတို့သည် လာ၍ မိမိတို့ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ အလုပ်လုပ်ကြ၏။