1A protož, bratří svatí, povolání nebeského účastníci, spatřujte apoštola a nejvyššího kněze vyznání našeho, Krista Ježíše,
1ထိုသို့ဖြစ်လျှင်၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့ဝန်ခံသောတမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု၏ အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။
2Věrného tomu, kdož jej ustanovil, jako i Mojžíš byl věrný ve všem domě jeho.
2မောရှေသည် ဘုရားသခင်၏ အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကို ခန့်ထားတော်မူသောသူ၏ အမှုတော်၌ သစ္စာစောင့်တော်မူ၏။
3Tím větší zajisté slávy tento nad Mojžíše jest hoden, čím větší má čest stavitel nežli sám dům.
3အိမ်ကိုဆောက်သောသူသည် အိမ်ထက်သာ၍ ကြီးသောအသရေရှိသကဲ့သို့၊ ယေရှုသည် မောရှေထက် သာ၍ ကြီးသော အသရေကိုခံထိုက်သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်းရှိ၏။
4Nebo všeliký dům ustaven bývá od někoho, ten pak, kdož všecky tyto věci ustavěl, Bůh jest.
4အိမ်မည်သည်ကား၊ တစုံတယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သောသူကား၊ ဘုရားသခင်ပေတည်း။
5A Mojžíš zajisté věrný byl v celém domě jeho, jako služebník, na osvědčení toho, což potom mělo mluveno býti.
5မောရှေသည်၊ နောက်ဟောပြောလတံ့သော အရာတို့ကို သက်သေခံခြင်းအလိုငှါ၊ အစေခံကဲ့သို့ အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်၏။
6Ale Kristus, jakožto Syn, vládne nad domem svým. Kterýžto dům my jsme, jestliže tu svobodnou doufanlivost, a tu chloubu naděje až do konce pevnou zachováme.
6ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌၎င်း၊ မြော်လင့်ခြင်းနှင့်စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင် တည်ကြည် လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။
7Protož jakž praví Duch svatý: Dnes, uslyšeli-li byste hlas jeho,
7ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ် တော်အသံကို ကြားလျက်ရှိသည် ဖြစ်၍၊
8Nezatvrzujtež srdcí svých, jako při onom popouzení Boha v den pokušení toho na poušti;
8ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍၊
9Kdežto pokoušeli mne otcové vaši, zkusiliť jsou mne, a viděli skutky mé po čtyřidceti let.
9ငါ၏အမှုတို့ကို မြင်ရသော တောတွင် ငါ့ကိုဆန့်ကျင် ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။
10Protož hněviv jsem byl na pokolení to, a řekl jsem: Tito vždycky bloudí srdcem, a nepoznávají cest mých.
10ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာ တို့ကို နားမလည်ကြဟု ငါဆိုရ၏။
11Takže jsem přisáhl v hněvě svém, že nevejdou v odpočinutí mé.
11ထိုကြောင့်၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု မိန့်တော် မူချက်ရှိသည်နှင့်အညီ၊
12Viztež, bratří, aby snad v někom z vás nebylo srdce zlé, a nevěrné, kteréž by odstupovalo od Boha živého.
12ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။
13Ale napomínejte se vespolek po všecky dny, dokavadž se dnes jmenuje, aby někdo nebyl zatvrzen oklamáním hřícha.
13ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။
14Účastníci zajisté Krista učiněni jsme, jestliže však ten počátek podstaty až do konce pevný zachováme.
14ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြုသကဲ့သို့ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ခရစ်တော်နှင့် ဆက်ဆံသောသူ ဖြစ်ကြ၏။
15Protož dokudž se říká: Dnes, uslyšeli-li byste hlas jeho, nezatvrzujte srdcí svých, jako při onom popouzení Boha.
15ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ရှိသည်ဖြစ်၍၊ ဆန့်ကျင်ဘက်ပြုရာကာလ၌ ရှိသကဲ့သို့၊ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ကျမ်းစာ လာသည်အရာမှာ၊
16Nebo někteří slyševše, popouzeli ho, ale ne všickni, jenž vyšli z Egypta skrze Mojžíše.
16ကြားပြီးမှ ဆန့်ကျင်ဘက်ပြုသော သူတို့ကား၊ အဘယ်သူနည်း၊ မောရှေနောက်သို့လိုက်၍ အဲဂုတ္တုပြည်မှ ထွက်လောသော သူအပေါင်းတို့သည် ထိုသို့ပြုကြသည် မဟုတ်လော။
17Na které se pak hněval čtyřidceti let? Zdali ne na ty, kteříž hřešili, jejichžto těla padla na poušti?
17အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသော သူတို့ကား၊ အဘယ်သူနည်း။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့် တော၌လဲ၍ သေသောသူပင် မဟုတ်လော။
18A kterým zapřisáhl, že nevejdou do odpočinutí jeho? Však těm, kteříž byli neposlušní.
18သင်တို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု ကျိန်ဆိုတော်မူသော သူတို့ကား၊ မယုံကြည်သော သူမှ တပါး အဘယ်သူနည်း။
19A vidíme, že jsou nemohli vjíti pro nevěru.
19သို့ဖြစ်၍၊ သူတို့သည် မယုံကြည်သောကြောင့်သာ မဝင်နိုင်သည်ကို ငါတို့သိမြင်ကြ၏။