Czech BKR

Myanmar

Isaiah

27

1V ten den navštíví Hospodin mečem svým přísným, velikým a mocným Leviatana, hada dlouhého, a Leviatana, hada stočilého, a zabije draka, kterýž jest v moři.
1ထိုကာလ၌ ထာဝရဘုရားသည် ပြေးတက်သော မြွေလဝိသန် ကို၎င်း၊ လိမ်သောမြွေလဝိသန်ကို၎င်း ခိုင်ခံ့ ကြီးမားသော ထားတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည်။
2V ten den o vinici výborné víno vydávající zpívejte.
2ထိုကာလ၌ စပျစ်ဥယျာဉ်ကို အကြောင်းပြု၍၊ ဤသို့ သီချင်းဆိုကြလော့။
3Já Hospodin, kterýž ji ostříhám, každé chvilky budu ji svlažovati, a aby jí někdo neuškodil, v noci i ve dne ji ostříhati.
3ငါထာဝရဘုရားသည် ဥယျာဉ်စောင့်ဖြစ်၏။ မ ခြားမလပ်ရေလောင်းမည်။ အဘယ်သူမျှ မဖျက်စေခြင်း ငှါ၊ နေ့ညဉ့်မပြတ် စောင့်ရှောက်မည်။
4Prchlivosti při mně žádné není. Kdož mi dá bodlák a trn, abych proti ní válčil, a spálil ji docela?
4ငါ့အမျက်ငြိမ်းပြီ။ ဆူးပင်မျိုးကိုမူကား၊ စစ်ပွဲ၌ ငါတွေ့ပါစေသော။ချက်ချင်းတိုက်၍ တပြိုင်နက်မီးရှို့ မည်။
5Zdali sváže sílu mou, aby učinil se mnou pokoj, aby pravím, učinil se mnou pokoj?
5သို့မဟုတ် ငါ၏အစွမ်းသတ္တိကို ကိုးစား၍၊ငါနှင့် မိဿဟာယ ဖွဲ့ကြစေ။ ငါနှင့် မိဿဟာယ ဖွဲ့ကြစေ သော။
6Vždyť na to přijde, že se vkoření Jákob, zkvetne a zroste Izrael, a naplní okršlek zemský ovocem.
6နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့် မည်။ ဣသရေလသည် စိမ်းလန်း၍ အဖူးအငုံ ထွက်သ ဖြင့်၊ လောကီနိုင်ငံကို အသီးနှင့် ပြည့်စေလိမ့်မည်။
7Nebo zdaliž jej tak ubil, jako ubil nepřítele jeho? Zdali jej zamordoval, jako jsou jiní zmordováni od něho?
7သူ့ကိုညှဉ်းဆဲသောသူတို့ကို ညှဉ်းဆဲတော်မူသည် နည်းတူ၊ သူ့ကို ညှဉ်းဆဲတော်မူသလော။ သူ့ကိုသတ်သော သူတို့သည် အသေသတ်ခြင်းကို ခံရကြသည်နည်းတူ၊ သူ သည်အသေသတ်ခြင်းကို ခံရသလော။
8Vedlé míry trestal jej i tehdáž, když jej zavesti dal, ješto nepřítele zachvátil větrem svým tuhým východním.
8သူ့ကို စွန့်ပစ်၍ အတော်အတန် ဆုံးမတော်မူ ၏။ အရှေ့လေလာသောအခါ၊ ပြင်းစွာသောလေဖြင့် တိုက်သွားတော်မူ၏။
9A protož tím způsobem očištěna bude nepravost Jákobova, a toť bude veliký užitek, že odejme hřích jeho, když rozmece všecko kamení oltáře jako kamení vápenné rozsypané, neostojí hájové, ani sluneční obrazové;
9ထိုသို့ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့၍၊အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ၊ မိမိအပြစ်ပြေ၍၊ အပြစ်ပြေရှင်းခြင်း အ ကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည်။
10Když město hrazené zpustne, a bude příbytkem zavrženým a opuštěným jako poušť, tam pásti se bude tele, a tam léhati, a pokazí docela výstřelky jeho.
10သို့သော်လည်း၊ ခိုင်ခံ့သောမြို့သည်၊ ဆိတ်ညံ သောအရပ်၊ တောကဲ့သို့ စွန့်၍ ပစ်ထားသောနေရာဖြစ် လိမ့်မည်။ ထိုအရပ်၌ နွားသငယ်သည် ကျက်စားလျက်၊ အိပ်လျက်နေ၍၊ အညွန့်များကို ကိုက်စားလိမ့်မည်။
11Když počne zráti žeň jeho, potřína bude; ženy přijdouce, zapálí ji. Nebo ten lid nemá žádného rozumu; protož neslituje se nad ním učinitel jeho, a stvořitel jeho neučiní jemu milosti.
11အခက်အလက်တို့သည် သွေ့ခြောက်သောအခါ ချိုးခြင်းသို့ရောက်၍၊ မိန်းမတို့သည် လာ၍မီးရှို့ကြလိမ့် မည်။ အကြောင်းမူကား၊ ပညာမဲ့သောအမျိုးဖြစ်၏။ ထို့ ကြောင့်၊ဖန်ဆင်းပြုပြင်တော်မူသောသူသည် မသနား၊ ကျေးဇူးမပြုဘဲ နေတော်မူလိမ့်မည်။
12I stane se v ten den, když pomstu uvoditi bude Hospodin od toku řeky až do potoka Egyptského, že vy, synové Izraelští, po jednom sebráni budete.
12အိုဣသရေလ အမျိုးသားတို့၊ ထိုကာလ၌လည်း၊ ထာဝရဘုရားသည် မြစ်ကြီးမှစ၍၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင်တို့သည် တ ယောက်နောက် တယောက်၊ ကောက်သိမ်းခြင်း ကျေးဇူး တော်ကို ခံရကြလိမ့်မည်။
13Stane se také v ten den, že troubeno bude trubou velikou, i přijdou, kteříž byli zahynuli v zemi Assyrské, a zahnáni byli do země Egyptské, a klaněti se budou Hospodinu na hoře svaté v Jeruzalémě.
13ထိုကာလ၌လည်း၊ ကြီးသောတံပိုးကို မှုတ်ရလိမ့် မည်။ အာရှုရိပြည်၌ပျောက်သောသူ၊ အဲဂုတ္တုပြည်၌ စွန့် ပစ်သောသူတို့သည်လာ၍၊ယေရုရှလင်မြို့တွင်၊သန့်ရှင်းသော တောင်ပေါ်မှာ ထာဝရဘုရားရှေ့တော်၌ ဝတ်ပြု၍ ကိုး ကွယ်ကြလိမ့်မည်။