1Běda Arieli, Arieli městu, v kterémž bydlil David. Přidejte rok po roku, nechať zařezují beránky.
1အရေလမြို့၊ ဒါဝိဒ်မင်းနေသော အရေလမြို့ သည် အမင်္ဂလာရှိ၏။ တနှစ်ပေါ်မှာ တနှစ်ထပ်ကြလော့။ ပွဲတို့ကို အလှည့်လှည့်ခံကြလော့။
2Však předce ssoužím Ariele. I nastane žalost a zámutek, nebo mi bude jako Ariel.
2သို့ရာတွင်၊ အရေလမြို့ကို ငါဆင်းရဲစေ၍၊ ထို မြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းရှိသော်လည်း၊ အရေလမြို့ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည်။
3Položím se zajisté vůkol proti tobě vojensky, a ssoužím tě bez lítosti, a vzdělám proti tobě šance.
3ငါသည် သင့်ပတ်ဝန်းကျင်၌ တပ်ချမည်။ မြေရိုး နှင့် ဝိုင်းထား၍၊ မြေကတုပ်များကိုလည်း တူးလုပ်မည်။
4Tehdy sníženo jsuc, z země mluviti budeš, a z prachu šeptati bude řeč tvá; bude, pravím, jako hadače z země hlas tvůj, a z prachu řeč tvá siptěti.
4သင်သည် နှိမ့်ချခြင်းကို ခံ၍မြေထဲက ပြောရ လိမ့်မည်။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့် မည်။ သင်ပြောသောအသံသည် နတ်ဝင်သူပြောသံကဲ့သို့ မြေထဲကထွက်၍၊ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုးမြွက်ဆိုရလိမ့်မည်။
5Nebo jako prášku drobného bude množství nepřátel tvých, a jako plev létajících množství ukrutníků, a stane se to hned v okamžení.
5သို့ရာတွင်၊သင်၏ ရန်သူအလုံးအရင်းသည် အ ဏုမြူကဲ့သို့၎င်း၊ ကြောက်မက်ဘွယ်သောသူ အလုံးအရင်း သည် လွင့်သွားသော ဖွဲကဲ့သို့၎င်းဖြစ်၍၊ အလျင်တဆော ချက်ခြင်း အမှုရောက်လိမ့်မည်။
6Od Hospodina zástupů navštíveno bude hromem a země třesením, a zvukem velikým, vichřicí a bouří a plamenem ohně sžírajícího.
6ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ မိုဃ်းချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အသံဗလံမြည်ခြင်းနှင့် တ ကွ မိုဃ်းသက်မုန်တိုင်း၊ လောင်တတ်သော မီးလျှံအားဖြင့် အပြစ်ပေးတော်မူမည်။
7I budeť jako zdání vidění nočního množství všech národů bojujících proti Arieli, a všech válčících proti němu a pevnostem jeho, a ssužujících jej.
7အပြည်ပြည်ကလာ၍၊ အရေလမြို့ကို စစ်တိုက် သော အလုံးအရင်း၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက်၍ ညှဉ်းဆဲသော သူအပေါင်းတို့သည် အိပ်မက်တည်းဟူ သော ညဉ့်ရူပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည်။
8Bude, pravím, jako když se lačnému ve snách zdá, an jí, ale když procítí, prázdný jest život jeho; a jako když se žíznivému ve snách zdá, an pije, a když procítí, žíznivým zůstává, a duše jeho vždy žádá: tak bude množství všech národů, bojujících proti hoře Sion.
8မွတ်သိပ်သောသူသည် အိပ်မက်တွင်စားရသည် ဟုထင်သော်လည်း၊ နိုးသောအခါ အမွတ်အသိပ်မပြေသ ကဲ့သို့၎င်း၊ ရေငတ်သူသည် အိပ်မက်တွင် သောက်ရသည် ဟုထင်သော်လည်း၊ နိုးသောအခါ နွမ်းနယ်လျက်၊ တောင့် တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည်ကလာ၍၊ ဇိအုန် တောင်ကိုစစ်တိုက်သော အလုံးအရင်းသည်ဖြစ်ရလိမ့် မည်။
9Jak zpozdilí jste, ješto byste se měli užasnouti; rozkoš provodíte, ješto byste měli na pomoc volati. Zpili se, ale ne vínem; potácejí se, ale ne od nápoje opojného.
9ဖင့်နွှဲ၍ မှိုင်တွေကြလော့။ ကာမဂုဏ်၌ ပျော် မွေ့၍ မွှန်လျက်နေကြလော့။ စပျစ်ရည်ကို မသောက်ဘဲ ယစ်မူးလျက်၊ သေရည်သေရက်ကို မသောက်ဘဲ တိမ်း ယိမ်းလျက် ရှိကြ၏။
10Nebo naplnil vás Hospodin duchem chropotu, a zavřel oči vaše; proroků i knížat vašich nejopatrnějších oči zastřel.
10အကြောင်းမူကား၊ ထာဝရဘုရားသည် အိပ်ချင် သောသဘောကို သင်တို့၌ သွင်းသဖြင့်၊ သင်တို့မျက်စိကို ပိတ်၍၊ သင်တို့၏ ပရောဖက်များ၊ မင်းများ၊ ဗျာဒိတ်ခံသူ များတို့ကို ဖုံးလွှမ်းတော်မူပြီ။
11Protož jest vám všeliké vidění podobné slovům knihy zapečetěné, kterouž dadí-li tomu, kterýž zná písmo, řkouce: Čti ji medle, i řekne: Nemohu, nebo zapečetěná jest.
11ဗျာဒိတ်တော်ရှိသမျှသည် တံဆိပ်ခတ်သောစာ ကဲ့သို့ သင်တို့၌ ဖြစ်၏။ ထိုစာသည် စာတတ်သောသူအား ပေး၍၊ ဤစာကို ဘတ်ပါလော့ဟု ဆိုလျှင်၊ ထိုသူက၊ ဤစာ ကို ငါမဘတ်နိုင်။ တံဆိပ်ခတ်လျက်ရှိ၏ဟု ပြန်ပြောတတ် ၏။
12Pakli dadí knihu tomu, kterýž nezná písma, řkouce: Čti ji medle, tedy dí: Neznám písma.
12ထိုစာကို စာမတတ်သောသူအားပေး၍၊ ဤစာ ကိုဘတ်ပါလော့ဟု ဆိုလျှင်၊ ထိုသူက၊ ငါသည် စာမတတ် ဟုပြန်ပြောတတ်၏။
13Nebo praví Pán: Proto že lid tento přibližuje se ústy svými, a rty svými ctí mne, srdce pak své vzdaluje a bázeň jejich, již se mne bojí, jest z přikázaní lidských pošlá:
13ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ် နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။
14Z té příčiny, aj, já také divně zajdu s lidem tímto, divně, pravím, a zázračně. I zahyne moudrost moudrých jeho, a opatrnost opatrných jeho vymizí.
14ထိုကြောင့်၊ အံ့ဩကြောက်မက်ဘွယ်သောအမှု ကို ဤလူမျိုးတွင် တဖန် ငါပြုဦးမည်။ သူတို့တွင် ပညာရှိ တို့၏ ပညာသည် ပျက်စီးလိမ့်မည်။ ဥာဏ်ကောင်းသော သူတို့၏ ဥာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော် မူ၏။
15Běda těm, kteříž hluboko před Hospodinem skrývají radu, jejichž každý skutek děje se v temnostech, a říkají: Kdo nás vidí? A kdo nás šetří?
15ထာဝရဘုရား မသိစေခြင်းငှါ၊ နက်နဲသောအ ကြံကို ကြံ၍၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက်၊ ငါတို့ကို အဘယ်သူမြင်သနည်း။ ငါတို့ကို အဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
16Převrácená myšlení vaše zdali nejsou podobná hlině hrnčířově? Zdali říká dílo o dělníku svém: Neučinil mne? A účinek říká-liž o učiniteli svém: Nerozuměl?
16သင်တို့သည် ဖောက်ပြန်ကြသည်တကား။ အိုး ထိန်းသမားကို၊ အိုးမြေကဲ့သို့ မှတ်ရမည်လော။ လုပ်အပ် သောအရာသည် လုပ်တတ်သောသူကို ရည်မှတ်၍၊ ဤသူ သည် ငါ့ကိုမလုပ်ဟု ဆိုရမည်လော၊ ဖန်ဆင်းအပ်သော အရာသည် ဖန်ဆင်းတတ်သောသူကို ရည်မှတ်၍၊ ဤသူ ၌ ပညာအတတ်မရှိဟု ဆိုရမည်လော။
17Zdaliž po maličkém a kratičkém času neobrátí se Libán v pole, a pole za les nebude počteno?
17လေဗနုန်တောင်သည် ဝပြောသောလယ်ပြင်ကဲ့ သို့၎င်း၊ ဝပြောသောလယ်ပြင်သည် တောကဲ့သို့၎င်း ဖြစ်ရ သောအချိန်နီးပြီ မဟုတ်လော။
18I uslyší v ten den hluší slova knihy, a z mrákoty a tmy oči slepých prohlédnou.
18ထိုကာလ၌ နားပင်းသောသူတို့သည် ကျမ်းစ ကားကို ကြားကြ လိမ့်မည်။ မျက်စိကန်းသောသူတို့သည် မြှေးရှက်ခြင်း၊ မှောင်မိုက်ခြင်းနှင့် ကင်းလွတ်၍ မြင်ကြ လိမ့်မည်။
19Ale tiší rozveselí se náramně v Hospodinu, a chudí lidé v Svatém Izraelském plésati budou,
19စိတ်နှိမ့်ချသော သူတို့သည် ထာဝရဘုရားကို အမှီပြု၍၊ ဝမ်းမြောက်ခြင်း တိုးပွါးကြလိမ့်မည်။ လူတို့တွင် ဆင်းရဲသောသူတို့သည် ဣသရေလအမျိုး၏ သန့်ရှင်း သောဘုရားကို အမှီပြု၍ ရွှင်လန်းကြလိမ့်မည်။
20Kdyžto přestane ukrutník, a zahyne posměvač, a všickni, kteříž jsou pilni marnosti, vypléněni budou,
20အကြောင်းမူကား၊ ကြောက်မက်ဘွယ်သောသူ သည် ဆုံးရှုံးရ၏။ ဆဲရေးသောသူသည် ပျောက်ကုန်ရ၏။ သူ့အပြစ်ကို ချောင်းမြောင်းသောသူ၊
21Kteříž obviňují z hříchu člověka pro slovo, a na toho, kterýž je tresce, v bráně lécejí, a pro nic utiskují spravedlivého.
21တရားတွေ့၍ ဆင်းရဲသောတို့ အပြစ်ရောက်စေ သောသူ၊ မြို့တံခါးဝမှာ အမှုသည်ကို ကျော့မိစေခြင်းငှါ ပြုသောသူ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေ သောသူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။
22Protož takto dí o domu Jákobovu Hospodin, kterýž vykoupil Abrahama: Nebudeť již zahanben Jákob, aniž více tvář jeho zbledne.
22သို့ဖြစ်၍ အာဗြဟံ အမျိုးကို ရွေးနှုတ်တော်မူ သော ထာဝရဘုရားသည်၊ ယာကုပ်အမျိုးကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးသည် နောက်တဖန် ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်း မရှိရ။
23Nebo když uzří syny své, dílo rukou mých u prostřed sebe, an posvěcují jména mého, tedy posvěcovati budou Svatého Jákobova, a k bázni Boha Izraelského sloužiti,
23ထိုအမျိုးသားတို့သည် ငါစီရင်သောအမှုကိုမြင် လျှင်၊ ငါ့နာမကို မိမိတို့တွင် ရိုသေကြလိမ့်မည်။ ယာကုပ်အ မျိုး၏ သန့်ရှင်းသောဘုရားကို ရိုသေ၍၊ ဣသရေလအမျိုး ၏ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
24Aby bloudící duchem nabyli rozumnosti, a reptáci naučili se umění.
24စိတ်သဘောဖောက်ပြန်သောသူတို့သည် ပညာ သတိကို ရကြ၍၊ ဆန့်ကျင်ဘက်ပြုသော သူ တို့သည်လည်း၊ ဆုံးမဩဝါဒစကားကို နာယူကြလိမ့်မည်။