Czech BKR

Myanmar

Isaiah

54

1Prozpěvuj,neplodná, kteráž nerodíš, zvučně prozpěvuj a prokřikni, kteráž ku porodu nepracuješ, nebo více bude synů opuštěné, nežli synů té, kteráž má muže, praví Hospodin.
1သားမဘွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသော မိန်းမ၊ ကြွေး ကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသော မိန်းမထက်သာ၍ များသော သားတို့ကို ဘွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
2Rozšiř místo stanu svého, a čalounů příbytků svých roztáhnouti nezbraňuj; natáhni i provazů svých, a kolíky své utvrď.
2သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာ မျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသော စိတ်မရှိ နှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာ စိုက် လော့။
3Nebo na pravo i na levo se rozmůžeš, a símě tvé národy dědičně vládnouti bude, a města pustá osadí.
3အကြောင်းမူကား၊ သင်သည် လက်ျာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွယ် သည် တပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ ဆိတ်ညံ သော မြို့တို့၌ နေကြလိမ့်မည်။
4Nebojž se, nebo nebudeš zahanbena, aniž se zapyřuj, nebo nebudeš v potupu uvedena; nýbrž na potupu mladosti své zapomeneš, a na pohanění vdovství svého nezpomeneš více.
4မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်းသို့မရောက်ရ။ မျက်နှာမပျက်နှင့်။ အရှက်ကွဲခြင်းကို မခံရ။ အသက် ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့ လိမ့်မည်။ မုတ်ဆိုးမဖြစ်၍ ခံရသော ကဲ့ရဲ့ခြင်းကို နောက် တဖန် မအောက်မေ့ရ။
5Nebo manželem tvým jest Učinitel tvůj, jehož jméno Hospodin zástupů, a vykupitel tvůj Svatý Izraelský Bohem vší země slouti bude.
5အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသော သူ သည် သင်၏လင်ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်း။ သင့်ကို ရွေးနှုတ် သော သူသည် ဣသရေလအမျိုး၌ သန့်ရှင်းသော ဘုရား ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံးကို အစိုးရသော ဘုရားဟူ၍ ခေါ်ရကြ၏။
6Nebo jako ženy propuštěné a v duchu sevřené povolá tě Hospodin, a jako ženy mladice, když v pohrdnutí budeš, praví Bůh tvůj.
6စွန့်ပစ်၍ စိတ်ငြိုငြင်သော မိန်းမ၊ ငယ်စဉ်တွင် မယားဖြစ်၍၊ နောက်မှ ငြင်းပယ်သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်ဟု သင်၏ဘုရားသခင် မိန့်တော်မူ၏။
7Na maličkou chvilku poopustil jsem tě, ale v slitování převelikém shromáždím tě.
7သင့်ကို ခဏသာ ငါစွန့်သည် ဖြစ်၍၊ များစွာ သော ကရုဏာနှင့် တဖန်သိမ်းဆည်းဦးမည်။
8V maličkém hněvě skryl jsem tvář svou na maličko před tebou, ale v milosrdenství věčném slituji se nad tebou, praví vykupitel tvůj Hospodin.
8ပြင်းစွာသော အမျက်ထွက်၍ ခဏမျှ ငါမျက်နှာ လွှဲသော်လည်း၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနား ဦးမည်ဟု သင့်ကို ရွေးနှုတ်သော ထာဝရဘုရား မိန့်တော် မူ၏။
9Neboť jest to u mne, co při potopě Noé. Jakož jsem přisáhl, že se nebudou více rozlévati vody Noé po zemi, tak jsem přisáhl, že se nerozhněvám na tě, aniž tobě přísně domlouvati budu.
9နောဧလက်ထက်၌ လွှမ်းမိုးသောရေကို ငါသည် မှတ်၍၊ ထိုရေသည် မြေကြီးကို နောက်တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ သင့်ကို အမျက် မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ။
10A byť se i hory pohybovaly, a pahrbkové ustupovali, milosrdenství mé však od tebe neodstoupí, a smlouva pokoje mého se nepohne, praví slitovník tvůj Hospodin.
10တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှ မရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။
11Ó ssoužená, vichřicí zmítaná, potěšení zbavená, aj, já položím na karbunkulích kamení tvé, a založím tě na zafiřích.
11အို ညှဉ်းဆဲခြင်းနှင့် မိုဃ်းသက်မုန်တိုင်း တိုက် ခြင်းကို ခံရ၍၊ သက်သာမရနိုင်သောသူ၊ သင်၏ တိုက်ကို ဟင်းသပြတားသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ်ကို နီလာဖြင့်၎င်း၊
12A vzdělám z křištálu skla tvá, a brány tvé z kamení třpytícího se, i všecka pomezí tvá z kamení drahého.
12ပြအိုးတို့ကို ကျောက်နီဖြင့်၎င်း၊ တံခါးတို့ကို ပတ္တ မြားဖြင့်၎င်း၊ ပတ်ဝန်းကျင်တန်ဆာများကို ကျောက်မြတ် အမျိုးမျိုးဖြင့်၎င်း ငါပြီးစေမည်။
13Synové pak tvoji všickni vyučení budou od Hospodina, a hojnost pokoje budou míti synové tvoji.
13သင်၏သားသမီးအပေါင်းတို့သည် ထာဝရ ဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍၊ များစွာ သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ ကြလိမ့်မည်။
14Na spravedlnosti upevněna budeš. Vzdálíš se od ssoužení, protož se ho nebudeš báti, a od setření, nebo nepřiblíží se k tobě.
14သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည် လိမ့်မည်။ ညှဉ်းဆဲခြင်းနှင့် ဝေးသည်ဖြစ်၍ မကြောက်ရ။ ထိတ်လန့်ခြင်းသည်လည်း ဝေး၍၊ သင့်အနီးသို့မရောက် ရ။
15Aj, budouť nejedni bydliti s tebou, kteříž nejsou moji, ale kdož by bydleje s tebou, byl proti tobě, padne.
15ငါ၏အခွင့်မရှိဘဲ သင့်တဘက်၌ အဘယ်သူမျှ နေရာမကျရ။ နေရာကျဘူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည်။
16Aj, já stvořil jsem kováře dýmajícího při ohni na uhlí, a vynášejícího nádobí k dílu svému, já také stvořil jsem zhoubce, aby hubil.
16မီးကိုမှုတ်၍၊ မိမိအလုပ်တည်းဟူသောလက်နက် ကိုလုပ်တတ်သောပန်းပဲကို၎င်း၊ ဖျက်ဆီးစေခြင်းငှါ ဖျက်ဆီးသောသူကို၎င်း ငါဖန်ဆင်း၏။
17Žádný nástroj proti tobě udělaný nepodaří se, a každý jazyk, povstávající proti tobě na soudu, potupíš. Toť jest dědictví služebníků Hospodinových, a spravedlnost jejich ode mne, praví Hospodin.
17သင့်တဘက်၌ လုပ်သောလက်နက် တစုံတခုမျှ အထမမြောက်ရ။ သင့်ကိုတရား တွေ့သောသူ မည်သည် ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် ထိုသို့သော အမွေကို ခံရ၍၊ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။