Czech BKR

Myanmar

Jeremiah

23

1Běda pastýřům hubícím a rozptylujícím stádce pastvy mé, dí Hospodin.
1ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကို ဖျက်ဆီး၍၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။
2Protož takto praví Hospodin Bůh Izraelský o pastýřích, kteříž pasou lid můj: Vy rozptylujete ovce mé, anobrž rozháníte je, a nenavštěvujete jich; aj, já navštívím vás pro nešlechetnost předsevzetí vašich, dí Hospodin.
2ထိုကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏ သိုးစုကို မကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
3Ostatek pak ovcí svých já shromáždím ze všech zemí, do nichž jsem je rozehnal, a přivedu je zase do ovčinců jejich, kdežto ploditi a množiti se budou.
3တဖန်မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသော သိုး တို့ကို ငါစုဝေး၍၊ နေရင်းသိုးခြံသို့ တဖန်ငါဆောင်ခဲ့ ဦးမည်။ သူတို့သည်လည်း၊ သားဘွား၍ များပြားကြလိမ့် မည်။
4Nadto ustanovím nad nimi pastýře, kteříž by je pásli, aby se nebály více, ani strachovaly, ani hynuly, dí Hospodin.
4သူတို့ကို ကျွေးမွေးသော သိုးထိန်းတို့ကို သူတို့ အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်းမရှိ ရကြ။ ဆုံးမခြင်းကိုလည်း မခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။
5Aj, dnové jdou, dí Hospodin, v nichž vzbudím Davidovi výstřelek spravedlivý, i kralovati bude král, a šťastně se jemu povede; soud zajisté a spravedlnost na zemi konati bude.
5ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်း သော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း၊ ဥာဏ်ကောင်းသောရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီး ပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလ သည် ရောက်လိမ့်မည်။
6Za dnů jeho spasen bude Juda, a Izrael bydliti bude bezpečně, a toť jest jméno jeho, kterýmž ho nazývati bude: Hospodin spravedlnost naše.
6ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင် ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရ လိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။
7Protož aj, dnové jdou, dí Hospodin,v nichž nebude říkáno více: Živť jest Hospodin, kterýž vyvedl syny Izraelské z země Egyptské,
7သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
8Ale: Živť jest Hospodin, kterýž vyvedl a kterýž zprovodil símě domu Izraelského z země půlnoční i ze všech zemí, do nichž jsem byl je rozehnal, když se osadí v zemi své.
8ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ၍၊ နှင့်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည် ဟူ၍ ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည်။ သူတို့သည် နေရင်းပြည်၌ တဖန် နေရကြ လိမ့်မည်။
9Příčinou proroků potříno jest srdce mé ve mně, pohnuly se všecky kosti mé; jsem jako člověk opilý, a jako muž, kteréhož rozešlo víno, pro Hospodina a pro slova svatosti jeho.
9ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရားကြောင့်၎င်း၊ သန့်ရှင်းသော စကားတော် ကြောင့်၎င်း ငါ့စိတ်ပျက်လျက်ရှိ၏။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ၏။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သော သူကဲ့သို့ ငါဖြစ်၏။
10Nebo cizoložníků plná jest tato země, a příčinou křivých přísah kvílí země, usvadla pastviska na poušti; jest zajisté utiskování těchto nešlechetné, a moc jejich nepravá.
10အကြောင်းမူကား၊ မတရားသော မေထုန်၌မှီဝဲ သောသူတို့သည် တပြည်လုံး၌ အနှံ့အပြားရှိကြ၏။ ထိုသူတို့ကြောင့် တပြည်လုံးမြည်တမ်းရ၏။ တော၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ၏။ ပြည်သား များလိုက်သောလမ်းသည် မဖြောင့်၊ သူတို့အစွမ်းသတ္တိ သည် တရားဘက်၌ မနေတတ်။
11Nebo jakož prorok, tak kněz pokrytství páchají. Také v domě svém nacházím nešlechetnost jejich, dí Hospodin.
11ပရောဖက်နှင့်ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ။ ငါ့အိမ်၌ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
12Pročež budou míti cestu svou podobnou plzkosti v mrákotě, na níž postrčeni budou a padnou, když uvedu na ně bídu v čas navštívení jejich, dí Hospodin.
12ထိုကြောင့်၊ သူတို့သွားသောလမ်းသည် မှောင်မိုက်၌ ချောတတ်သော လမ်းကဲ့သို့ဖြစ်၍၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ၍ လဲကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဆုံးမခြင်းကို ခံရသော ကာလ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက် စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
13Při prorocích zajisté Samařských viděl jsem nesmyslnost; prorokovali skrze Bále, a svodili lid můj Izraelský.
13ရှမာရိပြည်သား ပရောဖက်တို့၌လည်း၊ မိုက် သောသဘောကို ငါမြင်ပြီ။ သူတို့သည် ဗာလဘုရားကို မှီဝဲ၍ ပရောဖက်ပြုသဖြင့်၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်းစေကြပြီ။
14Ale při prorocích Jeruzalémských vidím hroznou věc, že cizoložíce a se lží se obcházejíce, posilňují také rukou nešlechetníků, aby se neobrátil žádný od nešlechetnosti své. Mám všecky za podobné Sodomě, a obyvatele jeho za podobné Gomoře.
14ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသာကိုလည်း သုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့၎င်း၊ ယေရု ရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့၎င်း ဖြစ်ကြ၏။
15Protož takto praví Hospodin zástupů o prorocích těchto: Aj, já nakrmím je pelynkem, a napojím je vodami jedovatými; nebo od proroků Jeruzalémských vyšla poškvrna na všecku tuto zemi.
15ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သား ပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တပြည်လုံးကို နှံ့ပြား လေပြီ။
16Takto praví Hospodin zástupů: Neposlouchejtež slov těch proroků, jenž prorokují vám, prázdných vás zanechávajíce. Vidění srdce svého mluví, ne z úst Hospodinových.
16ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သော ဆရာတို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ် ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကို မြင်သည်အတိုင်း ဟောပြောတတ်ကြ၏။
17Ustavičně říkají těm, kteříž mnou pohrdají: Pravil Hospodin: Pokoj míti budete, a každému chodícímu podlé zdání srdce svého říkají: Nepřijdeť na vás nic zlého.
17ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသော သူတို့အား၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြ လိမ့်မည်ဟု ဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံးခိုင်မာခြင်း သဘောသို့လိုက်သော သူတို့အား၊ သင်တို့သည် ဘေးဥပဒ် နှင့် မတွေ့ရကြဟု ဟောတတ်ကြ၏။
18Nebo kdož jest stál v radě Hospodinově, a viděl neb slyšel slovo jeho? Kdo pozoroval slova jeho, neb vyslechl je?
18ထိုသူတို့တွင် အဘယ်သူသည် ထာဝရဘုရားနှင့် တိုင်ပင်ဘက်ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြားမြင်သနည်း။ အဘယ် သူသည် နှုတ်ကပတ်တော်ကို နားထောင်၍ ကြားသနည်း။
19Aj, vichřice Hospodinova s prchlivostí vyjde, a to vichřice trvající; nad hlavou nešlechetných trvati bude.
19ထာဝရဘုရား၏ လေဘွေတော်သည် ပူသော အရှိန်နှင့်ထွက်၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရား သော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့်မည်။
20Neodvrátíť se hněv Hospodinův, dokudž neučiní a nevykoná úmyslu srdce svého. A tehdáž porozumíte tomu cele,
20ထာဝရဘုရားသည် လက်စသတ်၍၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ အမျက်တော် မငြိမ်း ရ။ နောက်ကာလ၌ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည်။
21Žeť jsem neposílal těch proroků, ale sami běželi, že jsem nemluvil k nim, a však oni prorokovali.
21ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြ ပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။
22Nebo byť byli stáli v radě mé, jistě že by byli ohlašovali slova má lidu mému, a byliť by je odvraceli od cesty jejich zlé, a od nešlechetnosti předsevzetí jejich.
22ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကို ငါ၏ လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကို မတရားသော လမ်းမှ၎င်း၊ မကောင်း သောအကျင့်ဓလေ့ မှ၎င်း လွဲသွားစေကြပြီ။
23Zdaliž jsem já Bůh jen z blízka? dí Hospodin. A nejsem Bůh i z daleka?
23ငါသည်နီးသော အရပ်၌သာ ဘုရားဖြစ် သလော။ ဝေးသော အရပ်၌လည်း ဘုရားဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
24Zdaž se ukryje kdo v skrýších, abych já ho neshlédl? dí Hospodin. Zdaliž nebe i země já nenaplňuji? dí Hospodin.
24ငါမမြင်စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရ ဘုရားမေးတော်မူ၏။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ၏။
25Slýchávámť, co říkají ti proroci, kteříž prorokují lež ve jménu mém, říkajíce: Měl jsem sen, měl jsem sen.
25ငါသည် အိပ်မက်မြင်ပြီ၊ အိပ်မက်မြင်ပြီဟု၊ ငါ့နာမကို အမှီပြု၍၊ မုသာဖြင့် ဟောပြောသော ပရောဖက်တို့၏ စကားကို ငါကြားပြီ။
26I dokudž to bude? Zdaliž v srdci těch proroků, kteříž prorokují, není lež? Anobrž jsou proroci lsti srdce svého,
26ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ကြံစည် ကြလိမ့်မည်နည်း။ သူတို့သည် မုသာစကား ကို ဟောပြောတတ်ကြ၏။ ကိုယ်စိတ်နှလုံး လှည့်စားသည် အတိုင်း ဟောပြောတတ်ကြ၏။
27Kteříž obmýšlejí to, jak by vyrazili z paměti lidu mému jméno mé sny svými, kteréž vypravují jeden každý bližnímu svému, jako se zapomněli otcové jejich na jméno mé za příčinou Bále.
27ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကို မေ့လျော့သကဲ့သို့၊ သူတို့သည် အိမ်နီးချင်းတယောက်ကို တယောက်ပြောတတ်သော အိပ်မက်များအားဖြင့် ငါ၏ လူမျိုးသည် ငါ့နာမကို မေ့လျော့စေမည်ဟု အကြံရှိကြ သည်တကား။
28Prorok, kterýž má sen, nechť vypravuje sen, ale kterýž má slovo mé, nechť mluví slovo mé právě. Co jest té plevě do pšenice? dí Hospodin.
28အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက် စကားကို ပြောပါလေစေ။ ငါ၏နှုတ်ကပတ်တော်ကို ခံရ သော သူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည်စပါးနှင့် အဘယ်သို့ ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
29Zdaliž není slovo mé takové jako oheň, dí Hospodin, a jako kladivo rozrážející skálu?
29ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုချေသောသံတူကဲ့သို့၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေးတော်မူ၏။
30Protož aj já, dí Hospodin, proti těm prorokům, kteříž ukrádají slova má jeden každý před bližním svým.
30သို့ဖြစ်၍၊ ငါ့စကားတော်ကို အိမ်နီးချင်း တယောက်မှတယောက်ခိုးသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
31Aj já, dí Hospodin, proti těm prorokům, kteříž chlubně mluví, říkajíce: Praví Hospodin.
31မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
32Aj já, dí Hospodin, proti těm, kteříž prorokují sny lživé, a vypravujíce je, svodí lid můj lžmi svými a žvavostí svou, ješto jsem já jich neposlal, aniž jsem jim přikázal. Pročež naprosto nic neprospívají lidu tomuto, dí Hospodin.
32မှားသာအိပ်မက်ကိုဟောပြော၍၊ မုသာစကား နှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့်၊ ဤလူမျိုး သည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။
33Protož, když by se tázal tebe lid tento, neb některý prorok neb kněz, řka: Jaké jest břímě Hospodinovo? tedy rci jim: Jaké břímě? I to: Opustím vás, dí Hospodin.
33ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်အဘယ်သို့နည်းဟု သင့်ကို မေးလျှင်၊ ပြန်ပြောရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား၊ သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
34Nebo proroka a kněze toho i lid ten, kterýž by řekl: Břímě Hospodinovo, jistě trestati budu muže toho i dům jeho.
34ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု ပြော ဆိုသော ပရောဖက်၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သား ကို၎င်း၊ ထိုသူ၏ အိမ်သူအိမ်သားတို့ကို၎င်း၊ ငါသည် ဒဏ်ပေးမည်။
35Ale takto říkejte jeden každý bližnímu svému a jeden každý bratru svému: Co odpověděl Hospodin? aneb: Co mluvil Hospodin?
35သင်တို့က၊ ထာဝရဘုရားသည် အဘယ်သို့ ပြန်ပြောတော်မူသနည်းဟူ၍၎င်း၊ အဘယ်သို့ မိန့်တော်မူသနည်းဟူ၍၎င်း၊ အိမ်နီးချင်း၊ ညီအစ်ကို ချင်း တယောက်ကိုတယောက် မေးမြန်းရမည်။
36Břemene pak Hospodinova nepřipomínejte více, sic by břemenem bylo jednomu každému slovo jeho, když byste převraceli slova Boha živého, Hospodina zástupů, Boha našeho.
36ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူ၍ နောက်တဖန် မဆိုရ။ လူတိုင်းမိမိစကားမှတပါး အခြား သောဗျာဒိတ်တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရား၊ ငါတို့၏ ဘုရားသခင် တည်းဟူသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ စကားတော်ကို ဖျက်ကြပြီ။
37Takto říkati budeš proroku: Coť odpověděl Hospodin? aneb: Co mluvil Hospodin?
37ထာဝရဘုရားသည် သင့်အား အဘယ်သို့ ပြန်ပြောတော်မူသနည်း။ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု ပရောဖက်ကို မေးလော့။
38Ale poněvadž říkáte: Břímě Hospodinovo, tedy takto praví Hospodin: Poněvadž říkáte slovo to: Břímě Hospodinovo, ješto jsem posílal k vám, říkaje: Neříkejte: Břímě Hospodinovo,
38သင်တို့က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ဟု ဆိုကြသည်ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု မဆိုရမည် အကြောင်း၊ ငါ ပညတ်သော်လည်း၊ သင်တို့သည် ထာဝရ ဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူသော စကားကို သုံးကြ သောကြောင့်၊
39Protož aj, já jistě zapomenu se na vás do konce, a zavrhu vás i to město, kteréž jsem byl dal vám i otcům vašim, od tváři své,
39ငါသည် သင်တို့ကို၎င်း၊ သင်တို့နှင့် ဘိုးဘေးတို့ အား ငါပေးသော မြို့ကို၎င်း၊ ငါ့ထံမှ အကုန်အစင် ကျုံး၍ ပစ်လိုက်မည်။
40A uvedu na vás pohanění věčné i potupu věčnou, kteráž nepřijde v zapomenutí.
40အစဉ်အမြဲ မမေ့လျော့နိုင်သော ထာဝရကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲခြင်းကို သင်တို့အပေါ်မှာ သက်ရောက် စေမည်။