1Tato jsou slova listu, kterýž poslal Jeremiáš prorok z Jeruzaléma k ostatku starších zajatých a k kněžím i k prorokům i ke všemu lidu, kterýž přestěhoval Nabuchodonozor z Jeruzaléma do Babylona,
1ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစ ရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော် မတ်တော်များ၊ လက်သမား၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊
2Když vyšel Jekoniáš král a královna, i komorníci, knížata Judská i Jeruzalémská, tolikéž tesaři i kováři z Jeruzaléma,
2ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သား ဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည် စာရေး ၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊
3Po Elasovi synu Safanovu, a Gemariášovi synu Helkiášovu, (kteréž byl poslal Sedechiáš král Judský k králi Babylonskému do Babylona), řka:
3ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာ သို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊
4Takto praví Hospodin zástupů, Bůh Izraelský, všechněm zajatým, kteréž jsem přestěhoval z Jeruzaléma do Babylona:
4ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့ အား မိန့်တော်မူသည်ကား၊
5Stavějte domy, a osazujte se, štěpujte také štěpnice, a jezte ovoce jejich.
5အိမ်တို့ကိုဆောက်၍ နေရာချကြလော့။
6Pojímejte ženy, a ploďte syny i dcery, dávejte také synům svým ženy, dcery též své dávejte za muže, ať rodí syny a dcery; množte se tam, a nebeřte umenšení.
6ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကို ဘွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တယောက်ကိုတယောက်ပေးစား၍၊ တဖန်သားသမီးကို ဘွားမြင်စေကြလော့။
7A hledejte pokoje města toho, do kteréhož jsem zastěhoval vás, a modlívejte se za ně Hospodinu; nebo v pokoji jeho budete míti pokoj.
7ငါသည် သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍၊ ထိုမြို့အဘို့အလိုငှာ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့်၊ သင်တို့သည်လည်း ငြိမ်သက်ခြင်းရှိကြလိမ့်မည်။
8Takto zajisté praví Hospodin zástupů, Bůh Izraelský: Nechť vás nesvodí proroci vaši, kteříž jsou mezi vámi, ani hadači vaši, a nespravujte se sny svými, jichž vy příčinou jste, aby je mívali.
8ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ၊ အနာဂတ်ဆရာတို့သည် သင်တို့ကို မလှည့်စားကြစေနှင့်။ သင်တို့မြင် စေသော အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့်။
9Nebo vám oni lživě prorokují ve jménu mém; neposlalť jsem jich, dí Hospodin.
9တဖန်မိန့်တော်မူသည်ကား၊ ထိုဆရာတို့သည် ငါစေလွှတ်သောသူမဟုတ်ဘဲ၊ ငါ့နာမကို အမှီပြု၍ မုသာစကားကို ဟောပြောတတ်ကြ၏။
10Takto zajisté praví Hospodin: Že jakž se jen vyplní Babylonu sedmdesáte let, navštívím vás, a potvrdím vám slova svého výborného o navrácení vás na místo toto.
10တဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကိုတည်စေ၍၊ သင်တို့ကို ဤပြည်သို့ငါပို့ဆောင်ဦးမည်။
11Nebo já nejlépe znám myšlení, kteráž myslím o vás, dí Hospodin, myšlení o pokoji, a ne o trápení, abych učinil vašemu očekávání konec přežádostivý.
11တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။
12Když mne vzývati budete, a půjdete, a modliti se mně budete, tedy vyslyším vás.
12တဖန်မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။
13A hledajíce mne, naleznete, když mne hledati budete celým srdcem svým.
13ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။
14Dám se zajisté nalezti vám, dí Hospodin, a přivedu zase zajaté vaše, a shromáždím vás ze všech národů i ze všech míst, kamžkoli jsem zahnal vás, dí Hospodin, a uvedu vás zase na místo toto, odkudž jsem vás zastěhoval,
14ငါသည်လည်း၊ သင်တို့အတွေ့ကို ခံမည်။ အထက်ကငါနှင်ထုတ်၍ သင်တို့ခံရသော သိမ်းသွားခြင်း အမှုကို ငါသည်ဖြေရှင်းခြင်းငှာ၊ တိုင်းနိုင်ငံ အရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင်၊ အထက်က ငါနှင်ထုတ် ၍ သင်တို့ရှုံးသောပြည်သို့ တဖန်ငါဆောင်ခဲ့ဦး မည်ဟုသာ ထာဝရဘုရားမိန့်တော်မူ၏။
15Když řeknete: Vzbuzovalť nám Hospodin proroky v Babyloně.
15ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်မှစ၍၊ ဤမြို့၌ နေသောသူအပေါင်းတည်းဟူသော၊ သင်တို့နှင့်အတူ သိမ်းသွားခြင်းကို မခံရသော သင်တို့ညီအစ်ကိုများကိုရည်မှတ်၍၊
16Nebo takto praví Hospodin o králi sedícím na stolici Davidově, a o všem lidu obývajícím v městě tomto, bratřích vašich, kteříž nevyšli s vámi v tom zajetí,
16ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့အပေါ်မှာထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ကို ငါစေလွှတ်မည်။ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့ ငါဖြစ်စေမည်။
17Takto dí Hospodin zástupů: Aj, já pošli na ně meč, hlad a mor, a naložím s nimi jako s fíky trpkými, kterýchž nelze jísti pro trpkost.
17သူတို့ကို ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါညှဉ်းဆဲမည်။ ငါနှင်ရာအရပ်ရပ်တို့၌ လူအမျိုးမျိုးတို့တွင်၊ သူတို့သည် ကျိန်ဆဲရာ၊ အံ့ဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အသရေရှုတ်ချရာဖြစ်မည် အကြောင်း၊ မြေပေါ်မှာ တိုင်းနိုင်ငံ ရှိသမျှတို့၏ နှောင့်ရှက်ခြင်းသို့ သူတို့ကို ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
18Nebo stihati je budu mečem, hladem i morem, a vydám je ku posmýkání po všech královstvích země, k proklínání, a k užasnutí, anobrž na odivu, a k utrhání mezi všemi národy, tam kdež je vypudím,
18အကြောင်းမူကား၊ ငါသည် စောစောထ၍၊ အထပ်ထပ် မှာထားစေလွှတ်သော ငါ၏ကျွန်ပရောဖက် တို့၏ စကားကို သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
19Proto že neposlouchají slov mých, dí Hospodin, když posílám k nim služebníky své proroky, ráno přivstávaje, a to ustavičně, a neposlouchali jste, dí Hospodin.
19ထို့ကြောင့် သိမ်းသွားခြင်းကို ခံရ၍၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ ငါစေလွှတ်သောသူအပေါင်းတို့၊ ထာဝရဘုရား၏ စကားကို နားထောင်ကြလော့ဟု မိန့်တော်မူ၏။
20Protož slyštež vy slovo Hospodinovo, všickni zajatí, kteréž jsem vyslal z Jeruzaléma do Babylona.
20ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ ဆိုကြသည်ဖြစ်၍၊
21Takto praví Hospodin zástupů, Bůh Izraelský, o Achabovi synu Kolaiášovu, a o Sedechiášovi synu Maaseiášovu, kteříž prorokují vám ve jménu mém lež: Aj, já vydám je v ruku Nabuchodonozora krále Babylonského, aby je zbil před očima vašima.
21ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏နာမကို အမှီပြု၍ သင်တို့အား မုသားစကားကို ဟောပြောသော၊ ကောလာယသား အာဟပ်နှင့် မာသေယသား ဇေဒကိတို့ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ ငါအပ်၍၊ ထိုမင်းသည် သူတို့ကို သင်တို့မျက်မှောက်၌ သတ်လိမ့်မည်။
22I bude vzato na nich klnutí mezi všecky zajaté Judské, kteříž jsou v Babyloně, aby říkali: Nechť nakládá Hospodin s tebou, jako s Sedechiášem a jako s Echabem, kteréž upekl král Babylonský na ohni,
22ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားအပေါင်းတို့က၊ ဗာဗုလုန်ရှင်ဘုရင်သည် မီးရှို့သောဇေဒကိနှင့် အာဟပ်ကဲ့သို့၊ ထာဝရဘုရားသည် သင့်ကို ဖြစ်စေတော်မူပါစေဟု ထိုသူတို့ကို ပုံဆောင်၍ ကျိန်ဆဲကြလိမ့်မည်။
23Proto že páchali nešlechetnost v Izraeli, cizoložíce s ženami bližních svých, a mluvíce slovo ve jménu mém lživě, čehož jsem nepřikázal jim. Já pak o tom vím, a jsem toho i svědkem, dí Hospodin.
23အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုကြပြီ။ သူ့မယားတို့ကို ပြစ်မှားကြပြီ။ ငါမမှာထားဘဲ၊ ငါ၏နာမကို အမှီပြု၍ မုသာစကားကို ဟောပြောကြပြီ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
24Semaiášovi Nechelamitskému mluv, řka:
24နဟေလံရွာသား ရှေမာယကိုလည်း ပြောရမည်မှာ
25Takto praví Hospodin zástupů, Bůh Izraelský, řka: Proto že jsi poslal jménem svým listy ke všemu lidu, kterýž jest v Jeruzalémě, a Sofoniášovi synu Maaseiášovu knězi i ke všechněm kněžím, řka:
25ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါ၏နာမကို အမှီပြု၍၊ ယဇ်ပုရောဟိတ်မာသေယသား ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သား ရှိသမျှတို့ကို စာပေးလိုက်၍၊
26Hospodin dal tě za kněze na místo Joiady kněze, abyste pozor měli v domě Hospodinově na každého muže pošetilého a vystavujícího se za proroka, a abys dal takového do žaláře a do klady.
26သင်သည် ဗိမာန်တော်၌ လူစောင့်ကို ခန့်ထားသဖြင့်၊ ပရောဖက် လုပ်သော အရူးရှိသမျှကို ထောင်ထဲမှာလှောင်၍ ထိတ်ခတ်စေခြင်းငှာ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ် ယောယဒ၏ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားတော်မူ၏။
27Pročež jsi pak nyní neokřikl Jeremiáše Anatotského, kterýž se vám vystavuje za proroka?
27သို့ဖြစ်၍၊ သင်တို့တွင် ပရောဖက်လုပ်သော အာနသုတ်ရွာသား ယေရမိကို အဘယ်ကြောင့် မဆုံးမ သနည်း။
28Nebo posílal k nám do Babylona, řka: Protáhneť se to dlouho, stavějte domy, a osazujte se, štěpujte také štěpnice, a jezte ovoce jejich.
28သူကလည်း၊ ဤအမှု ကြာလိမ့်မည်။ အိမ်တို့ကို ဆောက်၍ နေရာချကြလော့။ ဥယျာဉ်တို့ကို စိုက်ပျိုး ၍ အသီးကို စားကြလော့ဟု၊ ဗာဗုလုန်မြို့၌နေသော ငါတို့ကို မှာလိုက်ပါပြီတကားဟု၊
29Nebo Sofoniáš kněz četl ten list před Jeremiášem prorokem.
29ရှေမာယပေးလိုက်သောစာကို ယဇ်ပုရောဟိတ် ဇေဖနိသည် ပရောဖက် ယေရမိရှေ့မှာ ဘတ်လေ၏။
30I stalo se slovo Hospodinovo k Jeremiášovi, řkoucí:
30ထိုအခါ နဟေလံရွာသား ရှေမာယကို ရည်မှတ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါမလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသာ၌ ခိုလှုံစေသောကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နဟေလံရွာသား ရှေမာယနှင့် သူ၏အမျိုးကို ငါသည် ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏လူ တယောက်မျှ နေရသောအခွင့် မရှိရ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတံ့သောကျေးဇူးကို သူသည် မမြင်ရဟု၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍ မှာထားတော်မူ၏။
31Pošli ke všechněm zajatým, řka: Takto praví Hospodin o Semaiášovi Nechelamitském: Proto že prorokuje vám Semaiáš, ješto jsem já ho neposlal, a přivodí vás k tomu, abyste doufání skládali ve lži,
32Protož takto praví Hospodin: Aj, já trestati budu Semaiáše Nechelamitského i símě jeho. Nebude míti žádného, kdo by bydlil u prostřed lidu tohoto, aniž uzří toho dobrého, kteréž já učiním lidu svému, dí Hospodin; nebo mluvil to, čímž by odvrátil lid od Hospodina.