Czech BKR

Myanmar

Jeremiah

35

1Slovo, kteréž se stalo k Jeremiášovi od Hospodina za dnů Joakima syna Joziášova, krále Judského, řkoucí:
1ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း လက်ထက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
2Jdi mezi Rechabitské, a promluvě s nimi, doveď je k domu Hospodinovu do jednoho z pokojů, a dej jim píti vína.
2သင်သည်ရေခပ်အမျိုးသားတို့အိမ်သို့သွား၍၊ သူတို့နှင့်နှုတ်ဆက် ပြီးမှ၊ ဗိမာန်တော် အခန်းတခန်းထဲသို့ ခေါ်သွင်း၍ စပျစ်ရည်ကိုတိုက်ပေးလော့ဟု မိန့်တော်မူ သည်အတိုင်း၊
3Tedy pojav Jazaniáše syna Jeremiášova, syna Chabaciniášova, a bratří jeho i všecky syny jeho se vší rodinou Rechabitských,
3ငါသည် ဟာဗဇိညာသားဖြစ်သော ယေရမိ၏ သား ယာဇညာမှစ၍၊ သူ၏ညီအစ်ကိုတို့နှင့် သားများ အပေါင်း၊ ရေခပ်အမျိုးသားအပေါင်းတို့ကို ခေါ်၍၊
4Dovedl jsem je k domu Hospodinovu do pokoje synů Chanana syna Igdaliášova, muže Božího, kterýž byl při pokoji knížat, jenž byl nad pokojem Maaseiáše syna Sallumova, ostříhajícího prahu.
4ဗိမာန်တော်အတွင်း၊ တံခါးစောင့်ရှလ္လုံသား မာသေယ၏ အခန်းအပေါ်၊ မှူးတော်မတ်တော် စည်းဝေး ရာအခန်းနားမှာ ဘုရားသခင်၏လူ ဣဂဒါလိသား ဟာနန်၏သားတို့ နေသောအခန်းထဲသို့ ဆောင်သွား ပြီးလျှင်၊
5Potom postavě před syny domu Rechabitských koflíky plné vína a číše, i řekl jsem jim: Píte víno.
5ထိုရေခပ် အမျိုးသားတို့ရှေ့၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကိုထည့်၍၊ စပျစ်ရည် ကို သောက်ကြပါဟု သူတို့အား ဆို၏။
6Kteříž řekli: Nepíjíme vína. Nebo Jonadab syn Rechabův, otec náš, zapověděl nám, řka: Nepíjejte vína, vy, ani synové vaši na věky.
6သူတို့ကလည်း၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ အကျွန်ုပ်တို့အမျိုး၏ အဘရေခပ်၏ သားယောနဒပ်က၊ သင်တို့မှစ၍ သားစဉ် မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ။
7A domu nestavějte, ani semene nerozsívejte, vinice také neštěpujte, ani mívejte, ale v staních přebývejte po všecky dny vaše, abyste živi byli mnoho dnů na tváři země, v níž pohostinu jste.
7အိမ်ကိုလည်း မဆောက်ရ၊ မျိုးစေ့ကိုလည်း မကြဲရ၊ စပျစ်ဥယျာဉ်ကိုလည်းမစိုက်ရ၊ မရှိစေရကြ။ သင်တို့သည် ဧည့်သည်ဖြစ်လျက်နေသော ပြည်၌ အသက်တာရှည်မည်အကြောင်း၊ တသက်လုံး တဲနှင့်သာ နေရကြမည်ဟု အကျွန်ုပ်တို့ကို မှာထားပါပြီ။
8Protož uposlechli jsme hlasu Jonadaba syna Rechabova, otce našeho, ve všem, což přikázal nám, abychom nepili vína po všecky dny své, my, manželky naše, synové naši, i dcery naše,
8ထိုကြောင့်၊ အကျွန်ုပ်တို့သည် မယားသားသမီး နှင့်တကွ တသက်လုံးစပျစ်ရည်ကိုမသောက်။
9Abychom nestavěli domů k bydlení svému, a vinice, ani rolí, ani nic osátého nemívali.
9နေစရာဘို့အိမ်ကိုလည်း မဆောက်။ စပျစ် ဥယျာဉ်မရှိ။ လယ်ယာမရှိ၊ မျိုးစေ့မရှိ။
10Ale abychom bydlili v staních. Uposlechli jsme, pravím, a děláme všecko, jakž přikázal nám Jonadab otec náš.
10တဲနှင့်သာ နေ၍ အကျွန်ုပ်တို့အမျိုး၏ အဘ ရေခပ်သား ယောနဒပ် မှာထားသမျှသော စကားကို နားထောင်လျက်၊ အဘယောနဒပ်မှာ ထားသမျှအတိုင်း ပြုကြပါပြီ။
11Stalo se pak, když vtrhl Nabuchodonozor král Babylonský do země, že jsme řekli: Poďte, a ujděme do Jeruzaléma před vojskem Kaldejským, a před vojskem Syrským. Takž bydlíme v Jeruzalémě.
11ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤ ပြည်သို့ လာသောအခါ၊ အကျွန်ုပ်တို့က၊ လာကြ။ ယေရု ရှလင်မြို့သို့ သွားကြကုန်အံ့။ ခါလဒဲစစ်သူရဲတို့နှင့် ရှုရိစစ်သူရဲတို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်း ပြောဆို၍၊ ယခုယေရှုရှလင်မြို့၌ နေကြပါသည်ဟု ဆိုကြ၏။
12Tedy stalo se slovo Hospodinovo k Jeremiášovi, řkoucí:
12ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာ၍၊
13Takto praví Hospodin zástupů, Bůh Izraelský: Jdi a rci mužům Judským a obyvatelům Jeruzalémským: Což nepřijmete naučení, abyste poslouchali slov mých? dí Hospodin.
13ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ယုဒပြည်သူ၊ ယေရှုရှလင်မြို့သားတို့ ရှိရာသို့ သွား၍၊ သင်တို့သည် ငါ့စကားကို နားထောင် အံ့သောငှါ ဆုံးမခြင်းကို မခံကြသလောဟု ထာဝရဘုရား မေးတော် မူ၏။
14K vykonání přichází všeliké slovo Jonadaba syna Rechabova, kterýž přikázal synům svým, aby nepili vína. Nepili zajisté až do tohoto dne, nebo poslouchají přikázaní otce svého. Já pak mluvím k vám, ráno přivstávaje, a to ustavičně, a však neposloucháte mne.
14စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သားယောန ဒပ်သည် မိမိ သားတို့၌ ထားသော ပညတ်စကားအတိုင်း၊ သူတို့သည် ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက်၊ အဘ၏ပညတ်စကားကို နား ထောင်ကြ၏။ ငါသည် စောစောထ၍ သင်တို့ကို အထပ် ထပ် ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နား မထောင်ကြ။
15Nadto posílám k vám všecky služebníky své proroky, ráno přivstávaje, a to ustavičně, říkaje: Navraťte se již jeden každý z cesty své zlé, a polepšte předsevzetí svých, a nechoďte za bohy cizími, sloužíce jim, a tak přebývejte v zemi této, kterouž jsem dal vám i otcům vašim: však nenakloňujete uší svých, aniž mne posloucháte.
15ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည်စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်လျက်၊ သင်တို့အသီးအသီးလိုက်သော အဓမ္မ လမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြ လော့။ အခြားတပါးသော ဘုရားနောက်သို့မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့ နှင့်သင်တို့၏ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြ လိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ် လျက်၊ ငါ့စကားကို နားမထောင်ဘဲ နေကြပြီ။
16Ješto synové Jonadabovi syna Rechabova plní přikázaní otce svého, kteréž přikázal jim, lid pak tento neposlouchají mne.
16ရေခပ်သားဖြစ်သော ယောနဒပ်၏ သားမြေးတို့ သည် မိမိတို့ အဘမှာထားသော စကားအတိုင်းကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊
17Protož takto praví Hospodin Bůh zástupů, Bůh Izraelský: Aj, já uvedu na Judu a na všecky obyvatele Jeruzalémské všecko to zlé, kteréž jsem vyřkl proti nim, proto že jsem mluvíval k nim, a neposlouchali, a volával jsem na ně, ale neohlásili se.
17ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည်ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊ ယေရှုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည်။ အကြောင်းမူကား၊ ငါပြောသော်လည်း၊ သူတို့သည် နား မထောင်ကြ။ ခေါ်သောလည်းမထူးကြဟု မိန့်တော်မူ၏။
18Rodině pak Rechabitských řekl Jeremiáš: Takto praví Hospodin zástupů, Bůh Izraelský: Protože posloucháte přikázaní Jonadaba otce vašeho, a ostříháte všech přikázaní jeho, anobrž děláte všecko, jakž přikázal vám,
18ရေခပ်အမျိုးသားတို့အားလည်း၊ ယေရမိဆင့်ဆို သော၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ အမိန့်တော်ဟူမူကား၊ သင်တို့သည် သင်တို့အဘယောနဒပ်၏ ပညတ်စကားကို နားထောင်၍၊ သူစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့် သောကြောင့်၊
19Protož takto praví Hospodin zástupů, Bůh Izraelský: Nebudeť vypléněn muž z rodu Jonadabova syna Rechabova, ješto by nestál před oblíčejem mým po všecky dny.
19ရေခပ်ယောနဒပ်အမျိုး၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။