1Aj, všecko to vidělo oko mé, slyšelo ucho mé, a srozumělo tomu.
1ထိုအမှုအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ။ ငါ့နားသည်လည်း ကြား၍နားလည်ပြီ။
2Jakož vy znáte to, znám i já, nejsem zpozdilejší než vy.
2သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ် ညံ့သည်မဟုတ်။
3Jistě žeť já s Všemohoucím mluviti, a s Bohem silným o svou při jednati budu.
3အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော။
4Nebo vy jste skladatelé lži, a lékaři marní všickni vy.
4သင်တို့သည် တယောက်မျှမကြွင်း၊ မုသာကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။
5Ó kdybyste aspoň mlčeli, a bylo by vám to za moudrost.
5သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
6Slyštež medle odpory mé, a důvodů rtů mých pozorujte.
6ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွှေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။
7Zdali zastávajíce Boha silného, mluviti máte nepravost? Aneb za něho mluviti máte lest?
7သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။
8Zdaliž osobu jeho přijímati budete, a o Boha silného se zasazovati?
8မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တဘက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။
9Zdaž vám to k dobrému bude, když na průbu vezme vás, že jakož člověk oklamán bývá, oklamati jej chcete?
9သင်တို့ကိုကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။
10V pravdě žeť vám přísně domlouvati bude, budete-li povrchně osoby jeho šetřiti.
10သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကို ထောက်လျှင်၊ စင်စစ်သင်တို့ကို ဆုံးမတော်မူမည်။
11Což ani důstojnost jeho vás nepředěšuje, ani strach jeho nepřikvačuje vás?
11သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။
12Všecka vzácnost vaše podobná jest popelu, a hromadám bláta vyvýšení vaše.
12သင်တို့၏နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။
13Postrptež mne, nechať já mluvím, přiď na mne cokoli.
13တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။
14Pročež bych trhati měl maso své zuby svými, a duši svou klásti v ruku svou?
14သို့သော်လည်း ငါသည် ကိုယ်အသားကို ပစပ် နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက် လျက် ဆောင်သွားမည်။
15By mne i zabil, což bych v něho nedoufal? A však cesty své před oblíčej jeho předložím.
15ငါ့ကိုသတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။
16Onť sám jest spasení mé; nebo před oblíčej jeho pokrytec nepřijde.
16ထိုသို့ပြုလျှင် ငါ၏ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မလူသည် အထံတော်သို့မဝင်ရ။
17Poslouchejte pilně řeči mé, a zprávu mou pusťte v uši své.
17ငါ့စကားကို စေ့စေ့မှတ်ကြလော့။ ငါ့လျှောက် ထားချက်ကို နားထောင်ကြလော့။
18Aj, jižť začínám pře své vésti, vím, že zůstanu spravedliv.
18ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ၏။
19Kdo jest, ješto by mi odpíral, tak abych nyní umlknouti a umříti musil?
19ငါ့အပြစ်ကို ဘော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဘော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
20Toliko té dvoji věci, ó Bože, nečiň mi, a tehdy před tváří tvou nebudu se skrývati:
20ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ။
21Ruku svou vzdal ode mne, a hrůza tvá nechť mne neděsí.
21လက်တော်ကိုသိမ်းတော်မူပါ။ ကြောက်မက်ဘွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ချောက် တော်မမူပါနှင့်။
22Zatím povolej mne, a buduť odpovídati; aneb nechať já mluvím, a odpovídej mi.
22ထိုအခါခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက်ပါမည်။ ကိုယ်တော်အမိန့်ရှိတော်မူပါ။
23Jak mnoho jest mých nepravostí a hříchů? Přestoupení mé a hřích můj ukaž mi.
23အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက်များပါသနည်း။ အကျွန်ုပ်ပြစ်မှား ကျူးလွန်ခြင်းအပြစ်တို့ကို အကျွန်ုပ်အား ပြတော်မူပါ။
24Proč tvář svou skrýváš, a pokládáš mne sobě za nepřítele?
24ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။
25Zdaliž list větrem se zmítající potříti chceš, a stéblo suché stihati budeš?
25လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော။
26Že zapisuješ proti mně hořkosti, a dáváš mi v dědictví nepravosti mladosti mé,
26အကျွန်ုပ်၌ ပြင်းစွာသောအပြစ်တင်သော စကားကိုမှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။
27A dáváš do klady nohy mé, a šetříš všech stezek mých, na paty noh mých našlapuješ;
27အကျွန်ုပ်ကိုထိတ်ခတ်လျက်၊ အကျွန်ုပ်ထွက်ရာ လမ်းရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏။
28Ješto člověk jako hnis kazí se, a jako roucho, kteréž jí mol.
28ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့၎င်း၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့၎င်း အားလျော့ ပျက်ရပါ၏။