Czech BKR

Myanmar

Job

21

1A odpovídaje Job, řekl:
1ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2Poslouchejte pilně řeči mé, a bude mi to za potěšení od vás.
2ငါ့စကားကိုစေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြုကြလော့။
3Postrpte mne, abych i já mluvil, a když odmluvím, posmívejž se.
3ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြ လော့။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့။
4Zdaliž já před člověkem naříkám? A poněvadž jest proč, jakž nemá býti ssoužen duch můj?
4ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။
5Pohleďte na mne, a užasněte se, a položte prst na ústa.
5ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပစပ်ကို သင်တို့ လက်နှင့် ဖုံးအုပ် ကြလော။
6Ano já sám, když rozvažuji své bídy, tedy se děsím, a spopadá tělo mé hrůza.
6ငါသည်အောက်မေ့သောအခါ။ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။
7Proč bezbožní živi jsou, k věku starému přicházejí, též i bohatnou?
7လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြ သနည်း။
8Símě jejich stálé jest před oblíčejem jejich s nimi, a rodina jejich před očima jejich.
8သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင် အရပ်၌၎င်း၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက် ၌၎င်း နေရာကျကြ၏။
9Domové jejich bezpečni jsou před strachem, aniž metla Boží na nich.
9သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။
10Býk jejich připouštín bývá, ale ne na prázdno; kráva jejich rodí, a nepotracuje plodu.
10သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက်ဘွားတတ်၏။
11Vypouštějí jako stádo maličké své, a synové jejich poskakují.
11သူတို့သူငယ်များကို သိုးစုကဲ့သို့လွှတ်၍၊ သားသမီးတို့သည် ကခုန်တတ်ကြ၏။
12Povyšují hlasu při bubnu a harfě, a veselí se k zvuku muziky.
12သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။
13Tráví v štěstí dny své, a v okamžení do hrobu sstupují.
13ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ခြင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။
14Kteříž říkají Bohu silnému: Odejdi od nás, nebo známosti cest tvých neoblibujeme.
14ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊
15Kdo jest Všemohoucí, abychom sloužili jemu? A jaký toho zisk, že bychom se modlili jemu?
15အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
16Ale pohleď, že není v moci jejich štěstí jejich, pročež rada bezbožných vzdálena jest ode mne.
16သို့သော်လည်း သူတို့သည် ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။
17Často-liž svíce bezbožných hasne? Přichází-liž na ně bída jejich? Poděluje-liž je bolestmi Bůh v hněvě svém?
17မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူ ဘူးသည်ကို၎င်း၊
18Bývají-liž jako plevy před větrem, a jako drtiny, kteréž zachvacuje vicher?
18သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊
19Odkládá-liž Bůh synům bezbožníka nepravost jeho? Odplacuje-liž jemu tak, aby to znáti mohl,
19ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို ၎င်း၊ သူသည်ကိုယ်တိုင်သိ၍၊
20A aby viděly oči jeho neštěstí jeho, a prchlivost Všemohoucího že by pil?
20ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။
21O dům pak jeho po něm jaká jest péče jeho, když počet měsíců jeho bude umenšen?
21သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။
22Zdali Boha silného kdo učiti bude umění, kterýž sám vysokosti soudí?
22မြင့်သောအရပ်၌နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည် နည်း။
23Tento umírá v síle dokonalosti své, všelijak bezpečný a pokojný.
23တယောက်သောသူကား ခွန်အားနှင့် ပြည့်စုံ လျက်၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ်၏။
24Prsy jeho plné jsou mléka, a mozk kostí jeho svlažován bývá.
24သူ၏နံဖေးတို့သည် ဆူဖြိုး၍၊ အရိုးတို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ၏။
25Jiný pak umírá v hořkosti ducha, kterýž nikdy nejídal s potěšením.
25တယောက်သောသူကား တခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။
26Jednostejně v prachu lehnou, a červy se rozlezou.
26နှစ်ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့်၌ အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။
27Aj, známť myšlení vaše, a chytrosti, kteréž proti mně neprávě vymýšlíte.
27သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသော စိတ်နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ၏။
28Nebo pravíte: Kde jest dům urozeného? A kde stánek příbytků bezbožných?
28အာဏာထားတတ်သော သူ၏အိမ်သည် အဘယ်မှာရှိသနည်း။ မတရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ်မှာရှိသနည်းဟု သင်တို့သည် ဆိုကြလိမ့် မည်။
29Což jste se netázali jdoucích cestou? Zkušení-liž aspoň jejich nepovolíte,
29ခရီးသွားသောသူတို့ကို မမေးကြဘူးသလော။
30Že v den neštěstí ochranu mívá bezbožný, v den, pravím, rozhněvání přistřín bývá?
30ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
31Kdo jemu oznámí zjevně cestu jeho? Aneb za to, co činil, kdo jemu odplatí?
31သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူဘော်ပြလိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။
32A však i on k hrobu vyprovozen bude, a tam zůstane.
32သူသည် သင်္ဂြိုဟ်ခြင်းသို့ရောက်၍၊ သူ၏သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်။
33Sladnou jemu hrudy údolí, nadto za sebou všecky lidi táhne, těch pak, kteříž ho předešli, není počtu.
33သူသည် ချိုင့်မြေစိုင်တို့ကို ချိုနိုးထင်လိမ့်မည်။ မရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ရှေ့၌ သွားနှင့်သကဲ့သို့၊ သူသည် လူခပ်သိမ်းတို့ကို မိမိနောက်၌ သွေးဆောင်လိမ့်မည်။
34Hle, jak vy mne marně troštujete, nebo v odpovědech vašich nezůstává než faleš.
34သို့ဖြစ်၍ သင်တို့ပြန်ပြောသော စကား၌ မုသာပါသောကြောင့်၊ အဘယ်သို့ငါ့ကို အချည်းနှီးနှစ်သိမ့်စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။