Czech BKR

Myanmar

Joshua

11

1To když uslyšel Jabín, král Azor, poslal k Jobábovi, králi Mádon, a k králi Simron, a k králi Achzaf,
1ထိုသိတင်းကို ဟာဇော်မင်းကြီးယာဘိန်သည် ကြားသောအခါ၊ မာဒုန်မင်းကြီးယောဗပ်၊ ရှိမြုန်မင်းကြီး အာခရှပ်မင်းကြီးတို့ထံသို့၎င်း၊
2I k králům, kteříž bydlili k straně půlnoční na horách i na rovinách ku polední Ceneret, i na rovinách a v krajinách Dor na západ,
2တောင်ရိုး မြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက် နှာ ဒေါရပြည်နယ်၌ရှိသော မင်းကြီးများထံသို့၎င်း၊
3K Kananejskému na východ i na západ, a k Amorejskému, Hetejskému, Ferezejskému a Jebuzejskému na horách, a k Hevejskému pod horou Hermon v zemi Masfa.
3အရှေ့အနောက်၌နေသော ခါနနိလူ၊ တောင် ပေါ်မှာနေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗု သိလူ၊ မိဇပါပြည်၊ ဟေရမုန်တောင်ခြေရင်း၌နေသော ဟိဝိလူတို့ရှိရာသို့၎င်း စေလွှတ်၍၊
4I vytáhli všickni ti a všecka vojska jejich s nimi, lid mnohý jako písek, kterýž jest na břehu mořském nesčíslný, i koňů i vozů velmi mnoho.
4ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါ အပေါင်း၊ မြင်းများ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက် လာကြ၏။
5A smluvivše se všickni králové ti, přitáhli a položili se spolu při vodách Merom, aby bojovali proti Izraelovi.
5ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချီလာ၍၊ မေရုံအိုင်နား မှာ တစုတည်း တပ်ချလျက်နေကြ၏။
6Řekl pak Hospodin k Jozue: Neboj se jich, nebo zítra o této chvíli vydám všecky tyto k zabití Izraelovi; koňům jejich žily podřežeš, a vozy jejich ohněm spálíš.
6ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလအမျိုးရှေ့ မှာ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကို ဖြတ်ရမည်။ ရထားတို့ကို မီးရှို့ရမည်ဟု ယောရှုအား မိန့်တော်မူ၏။
7Tedy vytáhl Jozue a s ním všecken lid válečný proti nim k vodám Merom rychle, a udeřili na ně.
7ယောရှုသည်လည်း၊ မိမိစစ်သူရဲအပေါင်းတို့နှင့် တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍ တိုက်လေ၏။
8I dal je Hospodin v ruku Izraelovi, a porazili je. I honili je až k Sidonu velikému, a až k vodám Maserefot, a k údolí Masfe na východ, a pobili je, tak že nepozůstavili žádného živého.
8ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုး သားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကို လုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါ ချိုင့်တိုင်အောင် လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ခြင်းငှါ လုပ်ကြံကြ၏။
9A učinil jim Jozue, jakož byl rozkázal jemu Hospodin, koňům jejich žily zpodřezoval, a vozy jejich ohněm popálil.
9ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် မြင်းတို့၏ ခြေကြောကို ဖြတ်၍ ရထားတို့ကို မီးရှို့လေ၏။
10Potom navrátiv se Jozue téhož času, dobyl Azor, a krále jeho zabil mečem. Azor pak bylo prvé nejznamenitější mezi všemi království těmi.
10ထိုအခါ ယောရှုသည် ပြန်၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့်၊ မင်းကြီးကို ထားနှင့်ကွပ်မျက်လေ၏။ ရှေးကာလ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရ သတည်း။
11Pobili také všecko, cožkoli v něm živo bylo, mordujíce je mečem, tak že nezůstalo žádného živého; Azor pak spálil ohněm.
11ထိုမြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်ကွပ် မျက်သဖြင့် တယောက်ကိုမျှ အသက်ရှင်စေခြင်းငှါမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်း မီးရှို့လေ၏။
12Takž podobně učinil všechněm městům králů těch, a všecky krále jejich zjímal Jozue, a zbiv je mečem, vyhladil je, jakož přikázal Mojžíš, služebník Hospodinův.
12ထာဝရဘုရား၏ကျွန် မောရှေမှာထားသည် အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ထားနှင့်လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
13A však žádného města z těch, kteráž ještě zůstala v ohradě své, nespálil Izrael, kromě samého Azor, kteréž spálil Jozue.
13သို့ရာတွင်၊ ဟာဇော်မြို့မှတပါး၊ တောင်ပေါ်၌ တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှုမီးရှို့သတည်း။
14A všecky loupeže měst těch i hovada rozdělili mezi sebou synové Izraelští; toliko všecky lidi zbili mečem, dokudž nevyhladili jich, nenechavše žádného živého.
14ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ ကို ဣသရေလလူတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ၏။ တယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။
15Jakož byl přikázal Hospodin Mojžíšovi, služebníku svému, tak přikázal Mojžíš Jozue, a Jozue tak činil; nepominul ničeho toho, což byl přikázal Hospodin Mojžíšovi.
15ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထား တော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကို ဆင့်ဆို၏။ ယောရှုလည်း ထိုသို့ ပြုလေ၏။ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသမျှသောအမှု တစုံတခုကို လှပ်၍မထား။
16A tak vzal Jozue všecku tu zemi, hory i všecku stranu polední, i všecku zemi Gosen, i roviny, i pole, totiž hory Izraelské i roviny jejich,
16ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှ စ၍ ဟေရမုန်တောင်ခြေရင်း၊
17Od hory Halak, kteráž se táhne do Seir, až k Balgad na rovině Libánské, pod horou Hermon; všecky také krále jejich zjímal, a zbil je i zmordoval.
17လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊ ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလတောင်၊ ဣသရေလ ချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည် သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကို အောင်သဖြင့် လုပ်ကြံကွပ်မျက် လေ၏။
18Po mnohé dny Jozue vedl válku se všechněmi těmi králi.
18ထိုမင်းကြီးအပေါင်းတို့ကို ကာလကြာမြင့်စွာ စစ် တိုက်ရ၏။
19A nebylo města, ješto by v pokoj vešlo s syny Izraelskými, kromě Hevejských obyvatelů v Gabaon; jiná všecka válkou vzali.
19ဟိဝိလူ၊ ဂိဗောင်မြို့သားမှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော မြို့တမြို့မျှမရှိ။ အခြားသော မြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ ၏။
20Nebo od Hospodina to bylo, že jsou zatvrdili byli srdce své, tak aby vyšli válečně proti Izraelovi, a aby je v prokletí vydal, a neučinil jim milosti, ale aby je zahubil, jakož přikázal Hospodin Mojžíšovi.
20အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေ ကို မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူး မပြု အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည် အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကို ဆီး၍ တိုက်ဝံ့ သည်တိုင်အောင် သူတို့စိတ်နှလုံး ခိုင်မာစေခြင်းငှါ ထာဝရ ဘုရားအလိုရှိတော်မူသတည်း။
21Toho pak času přitáhl Jozue a vyplénil Enaky z těch hor, totiž z Hebronu, z Dabir a z Anab, i ze všeliké hory Judské, a ze všeliké hory Izraelské; spolu s městy jejich vyhladil je Jozue.
21ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနက လူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာ နပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင် ရှိသမျှတို့မှ ပယ် ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။
22Nezůstal žádný z Enaků v zemi synů Izraelských; toliko v Gáze, v Gát a v Azotu zůstali.
22ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတပါး၊ ဣသ ရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတ ယောက်မျှမရှိ။
23Tak tedy vzal Jozue všecku tu zemi, jakž byl rozkázal Hospodin Mojžíšovi, a dal ji Jozue v dědictví Izraelovi vedlé dílů jejich, po pokoleních jejich. I odpočinula země od válek.
23ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှ အတိုင်း၊ ယောရှုသည် ထိုပြည်တရှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အမွေပေး သဖြင့်၊ တပြည်လုံးစစ်ငြိမ်းလေ၏။