1To když uslyšeli všickni králové, kteříž bydlili za Jordánem, na horách i na rovinách, a na všem břehu moře velikého naproti Libánu: Hetejský, Amorejský, Kananejský, Ferezejský, Hevejský a Jebuzejský,
1ယော်ဒန်မြစ် အနောက်ဘက်၊ တောင်ပေါ်၌ ၎င်း၊ ချိုင့်ထဲ၌၎င်း၊ လေဗနုန်တောင်တဘက်၊ မဟာပင် လယ်ကမ်းတရှောက်လုံး၌၎င်း နေသော ဟိတ္တိ၊ အာမော ရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးမင်းကြီး အပေါင်း တို့သည် သိတင်းကြားသောအခါ၊
2Sebrali se spolu, aby bojovali proti Jozue a proti Izraeli jednomyslně.
2ယောရှုနှင့် ဣသရေလအမျိုးသားတို့ကို စစ် တိုက်ခြင်းငှါ တညီတညွတ်တည်း စည်းဝေးကြ၏။
3Ale obyvatelé Gabaon uslyšavše, co učinil Jozue Jerichu a Hai,
3ဂိဗောင်မြို့သားတို့သည် ယေရိခေါမြို့၊ အာဣမြို့ ၌ ယောရှုပြုသောအမှုကို ကြားသောအခါ၊
4Učinili i oni chytře. Nebo odšedše, ukázali se, jako by zdaleka poslové byli, a vzali pytle staré na osly své, a kožené láhvice vinné vetché, zedrané a zzašívané,
4ပရိယာယ်ပြု၍ သံတမန်လုပ်လျက်၊ မြည်းပေါ် မှာ ဟောင်းနွမ်းသောအိတ်တို့ကို တင်၍၊ ဟောင်းနွမ်း စုတ်ကွဲဖာပြင်သော စပျစ်ရည်သားရေဘူးတို့ကို ယူကြ၏။
5Obuv také starou a splácenou na nohy své, též šaty otřelé na sebe; a všecken chléb, kterýž sobě na cestu vzali, vyschlý byl a zdrobený.
5ဟောင်းနွမ်းဖာပြင်သော ခြေနင်းကို စီး၍၊ ဟောင်းနွမ်းသောအဝတ်ကိုလည်း ဝတ်ကြ၏။ အောက်၍ မှိုတက်လျက်ရှိသော ရိက္ခာကိုသာ ဆောင်ခဲ့လျက်၊
6I šli k Jozue do ležení v Galgala, a řekli jemu i mužům Izraelským: Z země daleké jsme přišli, protož nyní učiňte s námi smlouvu.
6ယောရှုရှိရာ ဂိလဂါလတပ်သို့ ရောက်လာလျှင်၊ အကျွန်ုပ်တို့သည် မိဿဟာယဖွဲ့ခြင်းငှါ၊ ဝေးသောပြည်က လာကြပါသည်ဟု ယောရှုနှင့် ဣသရေလလူတို့အား ပြော ဆိုကြ၏။
7Tedy odpověděli muži Izraelští k Hevejským: Snad u prostřed nás vy bydlíte, i kterakž bychom s vámi učinili smlouvu?
7ဣသရေလအမျိုးသားတို့ကလည်း၊ သင်တို့သည် ငါတို့အနားမှာနေသည် မနေသည်ကို မသိနိုင်။ အဘယ် သို့ မိဿဟာယဖွဲ့နိုင်သနည်းဟု ဟိဝိလူတို့အား ဆိုကြ
8Ale oni odpověděli Jozue: Služebníci tvoji jsme. Jimž řekl Jozue: Kdo pak jste, a odkud jste přišli?
8သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန် ဖြစ် ပါ၏ဟု ယောရှုအား လျှောက်ဆိုကြ၏။ ယောရှုကလည်း၊ သင်တို့သည် အဘယ်သို့သောသူနည်း။ အဘယ်အရပ်က လာကြသနည်းဟု မေးလျှင်၊
9Odpověděli jemu: Z země velmi daleké přišli služebníci tvoji ve jménu Hospodina Boha tvého; nebo jsme slyšeli pověst jeho a všecky věci, kteréž činil v Egyptě.
9သူတို့က၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် အလွန်ဝေးသောပြည်က လာပါပြီ။ ထာဝရဘုရား၏ သိတင်းတော်ကို၎င်း၊ အဲဂုတ္တုပြည်၌ ပြုတော်မူသမျှကို၎င်း၊
10A všecko, což učinil dvěma králům Amorejským, kteříž bydlili za Jordánem, Seonovi, králi Ezebon, a Ogovi, králi Bázan, kterýž byl v Astarot.
10ယော်ဒန်မြစ်အရှေ့ဘက်၌နေသော အာမောရိ မင်းကြီး၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်၊ အာရှတရုတ်မြို့မှာ နေသော ဗာရှန်ရှင်ဘုရင် ဩဃတို့၌ ပြုတော်မူသမျှကို ၎င်း ကြားပါပြီ။
11I řekli nám starší naši a všickni obyvatelé země naší těmito slovy: Nabeřte sobě potravy na cestu, a jděte jim vstříc, a rcete jim: Služebníci vaši jsme, protož nyní učiňte s námi smlouvu.
11ထိုကြောင့် အကျွန်ုပ်တို့၌ အသက်ကြီးသောသူ တို့နှင့် ပြည်သူပြည်သားအပေါင်းတို့က၊ လမ်းခရီးရိက္ခာကို ယူ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှါ သွားကြလော့။ ငါတို့ သည် သူတို့၏ကျွန်ဖြစ်ကြောင်းနှင့် မိဿဟာယဖွဲ့ရပါ မည်အကြောင်းကို လျှောက်ထားကြလော့ဟု မှာလိုက်ပါပြီ။
12Totoť jest chléb náš; horký jsme na cestu vzali z domů svých v ten den, když jsme vyšli, abychom k vám šli, a hle, nyní již vyschl a zdrobil se.
12ကိုယ်တော်ထံသို့ ရောက်အံ့သောငှါ ထွက်လာ သောနေ့၌ ခရီးရိက္ခာဘို့ ကိုယ်အိမ်မှ ဆောင်ယူခဲ့သော ဤမုန့်သည် ပူနွေးလျက်ရှိပါ၏။ ယခုကြည့်ပါ။ အောက် လျက် မှိုတက်လျက်ရှိပါ၏။
13A tyto kožené láhvice vinné nové byly, když jsme je naplnili, a již hle, potrhané jsou; tolikéž tento oděv náš a obuv naše zvetšela, pro přílišnou cesty dalekost.
13စပျစ်ရည်ပြည့်သော ဤသားရေဘူးတို့သည် အသစ်ဖြစ်သော်လည်း၊ ယခုကြည့်ပါ စုတ်ကွဲလျက်ရှိပါ၏။ ဤအဝတ် ဤခြေနင်းတို့သည်လည်း အလွန်ခရီးဝေး သောကြောင့် ဟောင်းနွမ်းပါပြီဟု ပြန်လျှောက်ကြ၏။
14I přijali to muži ti z pokrmů jejich, a úst Hospodinových neotázali se.
14ဣသရေလလူတို့သည် ထာဝရဘုရားထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ရိက္ခာကို စားကြ၏။
15A učinil s nimi Jozue pokoj, a všel s nimi v smlouvu, aby jich při životu zanechal; také i knížata shromáždění přísahu jim učinili.
15ယောရှုသည်လည်း သူတို့ကို စစ်မှုနှင့်လွတ်စေ၍၊ အသက်ချမ်းသာစေမည်အကြောင်း မိဿဟာယဖွဲ့၏။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကို ပြုကြ၏။
16Po třech pak dnech, po té smlouvě s nimi učiněné, uslyšeli, že by velmi blízko jich byli, a že by u prostřed nich bydlili.
16မိဿဟာယဖွဲ့၍ သုံးရက်လွန်သောအခါ၊ ထိုသူ တို့သည် အိမ်နီးချင်းဖြစ်၍၊ အနားမှာနေကြောင်းကို ဣသရေလအမျိုးသားတို့သည် ကြားသိလျှင်၊
17Jdouce tedy synové Izraelští, přitáhli k městům jejich třetího dne; města pak jejich byla Gabaon a Kafira a Berot a Kariatjeharim.
17ခရီးသွား၍ သုံးရက်မြောက်သောနေ့၌ သူတို့မြို့ ရွာသို့ ရောက်ကြ၏။ သူတို့မြို့ကား ဂိဗောင်မြို့၊ ခေဖိရာ မြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့တည်း။
18Ale nezbili jich synové Izraelští, proto že přísahu jim učinili knížata shromáždění skrze Hospodina Boha Izraelského. A reptalo všecko shromáždění proti knížatům.
18ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲ အမှူးတို့ကို အပြစ်တင်ကြ၏။
19Tedy řekla všecka knížata všemu shromáždění: My jsme jim přísahu učinili skrze Hospodina Boha Izraelského, protož nyní nemůžeme se jich dotknouti.
19အကဲအမှူးတို့ကလည်း၊ ငါတို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့် သူတို့ကို မထိမခိုက်ရ။
20Toto jim učiníme: Zanecháme jich při životu, aby nebylo na nás rozhněvání pro přísahu, kterouž jsme jim učinili.
20သူတို့အား ကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ် ရောက်မည်ကို စိုးရိမ်၍၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား၊
21Řekli jim knížata i to: Nechť jsou živi a drva sekají, a vodu nosí všemu shromáždění. I přestali na tom, jakož jim mluvila knížata.
21အကဲအမှူးများ ဂတိရှိသည်အတိုင်း အသက် ချမ်းသာပေး၍၊ ပရိသတ်အပေါင်းတို့အဘို့ ထင်းခုတ်သော သူ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့ အား ပြန်ပြောကြ၏။
22Povolal jich pak Jozue a mluvil k nim, řka: Proč jste nás podvedli, řkouce: Velmi jsme dalecí od vás? A vy u prostřed nás bydlíte.
22ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့ သည် ငါတို့အနားမှာနေလျက်ပင်၊ ဝေးသောအရပ်က လာပါပြီဟုဆို၍ ငါတို့ကို အဘယ်ကြောင့် လှည့်စားကြသ နည်း။
23Protož nyní zlořečení jste, a nepřestanou z vás služebníci, a kteříž by dříví sekali a vodu nosili do domu Boha mého.
23ယခုမှာ သင်တို့သည် ကျိန်အပ်သောသူ ဖြစ်သ ဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဘို့ ထင်း ခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တယောက်မျှမလွတ်ရဟု ဆို၏။
24Kteříž odpovídajíce Jozue, řekli: Za věc jistou oznámeno bylo služebníkům tvým, kterak přikázal Hospodin Bůh tvůj Mojžíšovi služebníku svému, dáti vám zemi tuto, a vyhladiti všecky obyvatele země této před tváří vaší; protož strachovali jsme se vás, bojíce se za životy své před vámi, a učinili jsme to.
24သူတို့ကလည်း၊ ဤပြည်တရှောက်လုံးကို သင်တို့ အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့ မှ ပယ်ရှင်းခြင်းငှါ၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူ ကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက် သောကြောင့်၊ ဤအမှုကို ပြုပါပြီ။
25A hle, nyní v ruce tvé jsme; cožť se dobrého a spravedlivého vidí učiniti s námi, to učiň.
25ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင် ရှိပါ၏။ ကျွန်တော်တို့၌ ပြုကောင်းပြုသင့်သည်ဟု စိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန် လျှောက်ကြ၏။
26I učinil jim tak, a vysvobodil je z rukou synů Izraelských, aby jich nepobili.
26ထိုသို့နှင့်အညီ ယောရှုသည် ပြု၍၊ သူတို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလလူတို့လက်မှ ကယ်နှုတ်သဖြင့်၊
27A ustanovil je Jozue v ten den, aby dříví sekali a vodu nosili všemu shromáždění, i k oltáři Hospodinovu, až do tohoto dne, na místě, kteréž by vyvolil.
27ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ တည်သော ယဇ်ပုလ္လင်တော်အဘို့နှင့် ပရိသတ်တော်တို့ အဘို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ ရေ ခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။ လျှင်၊