1I mluvil Hospodin Mojžíšovi, řka:
1တဖန်မောရှေအား ထာဝရဘုရားက၊
2Mluv k Aronovi a synům jeho i ke všechněm synům Izraelským, a rci jim: Tato jest věc, kterouž přikázal Hospodin, řka:
2သင်သည် အာရုန်နှင့် သူ၏သား၊ - ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
3Kdož by koli z domu Izraelského zabil vola aneb beránka, neb kozu, buď mezi stany, aneb kdož by zabil vně za stany,
3ဣသရေလအမျိုးသား တစုံတယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာ သတ်သည်ဖြစ်စေ၊
4A ke dveřím stánku úmluvy nepřivedl by ho, aby obětoval obět Hospodinu před příbytkem Hospodinovým: vinen bude krví, nebo krev vylil; protož vyhlazen bude muž ten z prostředku lidu svého.
4ထာဝရဘုရား၏ တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာ ပြုခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟု မှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။
5Přivedou tedy synové Izraelští oběti své, kteréž by na poli zabíjeti chtěli, přivedou je, pravím, k Hospodinu ke dveřím stánku úmluvy, k knězi, a obětovati budou oběti pokojné Hospodinu.
5ဣသရေလအမျိုးသားတို့သည် တော၌ ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါး ရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိဿ ဟာယယဇ် ပူဇော်စေခြင်းငှါ ထိုသို့ စီရင်ရသတည်း။
6A pokropí kněz krví na oltáři Hospodinovu u dveří stánku úmluvy, a páliti bude tuk u vůni líbeznou Hospodinu.
6ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ဖြန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးရှို့ရမည်။
7A nikoli více nebudou obětovati obětí svých ďáblům, po nichžto odcházejíce, oni smilní. Zákon tento bude jim věčný i všechněm potomkům jejich.
7သူတို့သည် အထက်က မှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ။ ဤပညတ် သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။
8Protož povíš jim: Kdož by koli z domu Izraelského aneb z příchozích, kteříž by pohostinu byli mezi vámi, obětoval zápal aneb jinou obět,
8ဣသရေလအမျိုးသားချင်း ဖြစ်စေ၊ သင်တို့တွင် တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ မီးရှို့ရာ ယဇ် အစရှိသော အခြားသောယဇ် တစုံတခုကို ပူဇော်သောအခါ၊-
9A ke dveřím stánku úmluvy nepřivedl by jí, aby ji obětoval Hospodinu; tedy vyhlazen bude člověk ten z lidu svého.
9ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု သူတို့အား ဆင့်ဆိုရမည်။
10A kdož by koli z domu Izraelského aneb z příchozích, kteříž jsou pohostinu mezi nimi, jedl jakou krev: postavím tvář svou proti člověku tomu, a vyhladím jej z prostředku lidu jeho.
10ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
11Nebo duše všelikého těla ve krvi jest, já pak oddal jsem vám ji k oltáři, k očišťování duší vašich. Nebo sama krev na duši očišťuje.
11အကြောင်းမူကား၊ ကိုယ်ခန္ဓာ အသက်သည် အသွေး၌ တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေ ခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ဖြေသောအရာကား၊ အသွေး ဖြစ်သတည်း။
12Protož řekl jsem synům Izraelským: Nižádný z vás nebude jísti krve; ani příchozí, kterýž pohostinu jest mezi vámi, nebude krve jísti.
12ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကို မစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုး သားလည်း အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။
13A kdož by koli z synů Izraelských aneb z příchozích, kteříž jsou pohostinu mezi vámi, honě, ulovil zvíře aneb ptáka, což se jísti může, tedy vycedí krev jeho a zasype ji prstí.
13ဣသရေလအမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကို သွန်၍ မြေနှင့်ဖုံးရမည်။
14Nebo duše všelikého těla jest krev jeho, kteráž jest v duši jeho. Protož jsem pověděl synům Izraelským: Krve žádného těla jísti nebudete, nebo duše všelikého těla jest krev jeho; kdož by koli jedl ji, vyhlazen bude.
14အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်း ဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသော ကိုယ်ခန္ဓာ၏ အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်သောကြောင့်၊ အသွေးကို စားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကို ခံရမည်။
15Kdož by pak koli jedl tělo mrtvé aneb udávené, buď on doma zrozený aneb příchozí: zpéře roucha svá, a umyje se vodou, a nečistý bude až do večera, potom pak čistý bude.
15အလိုလို သေသောအကောင်၊ သားရဲကိုက်၍သေသော အကောင်၏အသားကို စားသော ကိုယ် အမျိုးသား၊ တပါးအမျိုးသား မည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။
16A pakli nezpéře roucha svého, a těla svého neumyje, tedy ponese nepravost svou.
16အဝတ်ကို မလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကို ကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော် မူ၏။