1I mluvil Hospodin k Mojžíšovi, řka:
1တဖန်ထာဝရဘုရားက၊
2Vezmi Arona a syny jeho s ním, i roucha jejich a olej pomazání, též volka k oběti za hřích, a dva skopce, a koš s přesnými chleby,
2သင်သည် အာရုန်နှင့် သူ၏သားများ၊ အဝတ်များ၊ လိမ်းရန်ဆီ၊ အပြစ်ဖြေရာ ယဇ်ဘို့ နွားထီး၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့ မုန့်တတောင်းကိုယူ၍၊-
3A shromažď všecko množství ke dveřím stánku úmluvy.
3ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
4I učinil Mojžíš, jakž přikázal jemu Hospodin, a shromáždilo se všecko množství ke dveřím stánku úmluvy.
4မောရှေပြု၍၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးကြ၏။
5Tedy řekl Mojžíš tomu množství: Totoť jest to slovo, kteréž přikázal vykonati Hospodin.
5မောရှေကလည်း၊ ဤသို့ ထာဝရဘုရားမှာ ထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက်၊
6A rozkázav přistoupiti Mojžíš Aronovi a synům jeho, umyl je vodou.
6ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကို ခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊
7A oblékl jej v sukni a přepásal ho pasem, a oděv ho pláštěm, dal náramenník svrchu na něj, a připásal jej pasem náramenníka a otáhl ho jím.
7အာရုန်ကို အင်္ကျီဝတ်စေ၍၊ ခါးပန်းကို စည်းစေလေ၏။ ဝတ်လုံနှင့် သင်တိုင်းကိုလည်း ခြုံစေ၍၊ ထူးဆန်းသော သင်တိုင်းခါးစည်းဖြင့် စည်းလေ၏။
8A vložil na něj náprsník, do něhožto dal urim a thumim.
8ရင်ဖုံးကိုလည်း ဆင်စေ၍၊ ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားလေ၏။
9Potom vstavil čepici na hlavu jeho; a dal na čepici jeho po předu plech zlatý, korunu svatou, jakož přikázal Hospodin Mojžíšovi.
9သူ၏ခေါင်းပေါ်မှာ ဗေါင်းကိုတင်၍၊ သန့်ရှင်းသော ရွှေသင်းကျစ်ပြားကို ဗေါင်းရှေ့၌ တပ်လေ၏။
10Vzal také Mojžíš olej pomazání a pomazal příbytku i všech věcí, kteréž byly v něm, a posvětil jich.
10ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လိမ်းရန်ဆီကိုယူ၍၊ တဲတော်နှင့် တဲတော် တန်ဆာရှိသမျှကို လိမ်းသဖြင့် သန့်ရှင်းစေ၏။
11A pokropil jím oltáře sedmkrát, a pomazal oltáře i všeho nádobí jeho, též umyvadla i s podstavkem jeho, aby to všecko posvěceno bylo.
11ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာ ခုနစ်ကြိမ် ဖြန်း၍၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊ သန့်ရှင်စေခြင်းငှါ လိမ်းလေ၏။
12Vlil také oleje pomazání na hlavu Aronovu, a pomazal ho ku posvěcení jeho.
12လိမ်းရန်ဆီကို အာရုန်ခေါင်းပေါ်မှာ လောင်း၍ သူ့ကိုသန့်ရှင်းစေခြင်းငှါ လိမ်းလေ၏။
13Rozkázal také Mojžíš přistoupiti synům Aronovým, a zobláčel je v sukně, a opásal je pasem, a vstavil na ně klobouky, jakož byl přikázal Hospodin jemu.
13အာရုန်၏သားတို့ကိုလည်း အင်္ကျီဝတ်စေ၍၊ ခါးပန်းကို စည်းစေလျက်၊ ဦးထုပ်ကို ဆောင်းစေလေ၏။
14A přivedl volka k oběti za hřích, i položil Aron a synové jeho ruce své na hlavu volka oběti za hřích.
14ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ အပြစ်ဖြေရာယဇ်ဘို့ နွားထီးကို ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ကြ၏။
15I zabil jej a vzal krev jeho, a pomazal rohů oltáře vůkol prstem svým, a tak očistil oltář. Ostatek pak krve vylil k spodku oltáře a posvětil ho k očišťování na něm.
15နွားကိုသတ်၍၊ မောရှေသည် ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ အသွေးကို လက်ညှိုးနှင့်ယူ၍ ထည့် သဖြင့်၊ ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်၍၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်းစေ၏။
16Vzal také všecken tuk, kterýž byl na střevách, a branici s jater a obě ledvinky i tuk jejich, a pálil to Mojžíš na oltáři.
16အအူကိုဖုံးသော ဆီဥရှိသမျှ၊ အသည်းပေါ်၌ရှိသော အမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏
17Volka pak toho i kůži jeho, i maso jeho, i lejna jeho spálil ohněm vně za stany, jakož byl přikázal Hospodin Mojžíšovi.
17အရေ၊ အသား၊ ချေးနုနှင့်တကွ နွားကောင်ကို၊ တပ်ပြင်မှာ ရှို့ရ၏။
18Potom přivedl skopce oběti zápalné, a položil Aron i synové jeho ruce své na hlavu toho skopce.
18ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်း ဆောင်ခဲ့၍၊ အာရုန် နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။
19I zabil jej, a pokropil Mojžíš krví oltáře po vrchu vůkol.
19သိုးကိုသတ်ပြီးလျှင်၊ မောရှေသည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။
20Skopce také rozsekal na kusy jeho, a pálil Mojžíš hlavu, kusy i tuk.
20သိုးကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင်၊ ခေါင်းမှစ၍ သားတများနှင့် ဆီဥကို မီးရှို့လေ၏။
21Střeva pak a nohy vymyl vodou, a tak spálil Mojžíš všeho skopce na oltáři. I byl zápal u vůni líbeznou, obět ohnivá Hospodinu, jakož přikázal Hospodin Mojžíšovi.
21ဝမ်းထဲ၌ရှိသော အရာနှင့်ခြေတို့ကို ဆေးကြော၍၊ သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ မွှေးကြိုင်ရာဘို့ မီးရှို့သော ယဇ်ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။
22Rozkázal také přivésti skopce druhého, skopce posvěcení, a položil Aron i synové jeho ruce své na hlavu skopce.
22ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အခြားသောသိုး၊ အရာ၌ ခန့်ထားရာ သိုးကိုဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။
23I zabil jej, a vzav Mojžíš krve jeho, pomazal jí konce pravého ucha Aronova a palce ruky jeho pravé, i palce nohy jeho pravé.
23သိုးကို သတ်ပြီးမှ၊ မောရှေသည် အသွေးကိုယူ၍၊ အာရုန်၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၌ ၎င်း၊ လက်ျာခြေမ၌၎င်း၊ ထည့်လေ၏။
24Tolikéž synům Aronovým rozkázav přistoupiti, pomazal kraje ucha jejich pravého a palce ruky jejich pravé, též palce nohy jejich pravé, a vykropil krev na oltář svrchu vůkol.
24အာရုန်၏ သားတို့ကိုလည်း ခေါ်ခဲ့၍၊ သူတို့လက်ျာနားပျဉ်း၊ လက်ျာလက်မ၊ လက်ျာခြေမတို့၌ အသွေးကိုထည့်ပြီးမှ၊ ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။
25Potom vzal tuk a ocas i všecken tuk přikrývající droby a branici s jater, též obě dvě ledvinky i tuk jejich i plece pravé.
25ဆီဥ၊ အမြီး၊ အအူကို ဖုံးသောဆီဥ၊ အသည်းပေါ်၌ ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက် ကပ်ကိုဖုံးသော ဆီဥ၊ လက်ျာပခုံး၊-
26Také z koše přesných chlebů, kteříž byli před Hospodinem, vzal jeden koláč přesný a jeden pecník chleba s olejem a jeden oplatek, a položil to s tukem a s plecem pravým.
26ထာဝရဘုရားရှေ့တော်၌ ထားသော တဆေးမဲ့ မုန့်တောင်းထဲက တဆေးမဲ့ မုန့်တလုံး၊ ဆီနှင့် လုပ်သော မုန့်ပြားတပြား၊ မုန့်ကြွပ်တချပ်ကိုယူ၍၊ မုန့်များကို ဆီဥနှင့်လက်ျာ ပခုံးပေါ်မှာ ထည့်ပြီး လျှင်၊-
27A dal to všecko v ruce Aronovy a v ruce synů jeho, rozkázav obraceti sem i tam v obět obracení před Hospodinem.
27အာရုန်၏လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကို ထား၍၊ ထာဝရဘုရားရှေ့တော်၌၊ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ၏။
28Potom vzav z rukou jejich, pálil to na oltáři v zápal. Posvěcení toto jest u vůni rozkošnou, obět ohnivá Hospodinu.
28ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။ မွှေးကြိုင် သော အနံ့ရှိ၍ အရာ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။
29Vzal také Mojžíš hrudí a obracel je sem i tam v obět obracení před Hospodinem;a z skopce posvěcení dostal se Mojžíšovi díl, jakož mu byl přikázal Hospodin.
29ထိုနောက် မောရှေသည် ရင်ပတ်ကို ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ၏။ အရာ၌ ခန့်ထားရာ သိုး၏ ရင်ပတ်သည် မောရှေ၏အဘို့ ဖြစ်သတည်း။
30Vzal také Mojžíš oleje pomazání a krve, kteráž byla na oltáři, a pokropil Arona i roucha jeho, též synů Aronových a roucha jejich s ním. A tak posvětil Arona i roucha jeho, též synů jeho i roucha jejich s ním.
30တဖန် ယဇ်ပလ္လင်ပေါ်မှာရှိသော အသွေးနှင့် လိမ်းရန်ဆီကိုယူ၍ အာရုန်နှင့် သူ၏ အဝတ်၌၎င်း၊ သူ၏သားတို့နှင့်သူတို့အဝတ်၌၎င်း၊ ဖြန်းသဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့ကို သန့်ရှင်းစေ လေ၏။
31I řekl Mojžíš Aronovi a synům jeho: Vařte to maso u dveří stánku úmluvy, a jezte je tu, i chléb, kterýž jest v koši posvěcení, jakož jsem přikázal, řka: Aron a synové jeho jísti budou je.
31မောရှေသည်၊ အာရုန်နှင့် သူ၏သားတို့အားလည်း၊ ထိုသိုး၏ အသားကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ပြုတ်ကြလော့။ ထာဝရဘုရားက၊ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကို စားရ ကြမည်ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊ ထိုအသားကို၎င်း၊ အရာ၌ ခန့်ထားရာ မုန့်တောင်း ၌ရှိသောမုန့်ကို၎င်း၊ ထိုအရပ်၌ စားကြလော့။
32Což by pak zůstalo masa i chleba toho, ohněm to spálíte.
32ကျန်ကြွင်းသော အသားနှင့် မုန့်ကိုမီးရှို့ရမည်။
33A ze dveří stánku úmluvy za sedm dní nevycházejte až do dne, v kterémž by se vyplnili dnové svěcení vašeho; nebo za sedm dní posvěcovány budou ruce vaše.
33သင်တို့ကို အရာ၌ ခန့်ထားရာ ကာလခုနစ်ရက်မစေ့မှီ ပရိတ်သတ်စည်းဝေးရာ တဲတော်တံခါးပြင် သို့ မထွက်ရကြ။ ခုနစ်ရက်ပတ်လုံး အရာ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည်။
34Jakož se stalo dnešní den, tak přikázal Hospodin činiti k očištění vašemu.
34ယနေ့ပြုသည်အတိုင်း သင်တို့အဘို့ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာထား တော်မူပြီ။
35Protož u dveří stánku úmluvy zůstanete ve dne i v noci za sedm dní, a ostříhati budete nařízení Hospodinova, abyste nezemřeli; nebo tak mi jest přikázáno.
35ထိုကြောင့် သင်တို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား မှာ၊ ခုနစ်ရက်ပတ်လုံး နေ့ညဉ့်မပြတ်နေ၍၊ ထာဝရဘုရား အမှုတော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာထားတော်မူပြီးဟု ဆင့်ဆိုသည်ဖြစ်၍၊-
36Učinil tedy Aron i synové jeho všecky věci, kteréž přikázal Hospodin skrze Mojžíše.
36မောရှေအားဖြင့် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ အာရုန်နှင့် သူ၏သားတို့သည် ပြုကြ၏။