1Počátek evangelium Ježíše Krista, Syna Božího;
1ဘုရားသခင်သားတော် ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကို ဆိုပေအံ့။
2Jakož psáno jest v Prorocích: Aj, já posílám anděla svého před tváří tvou, kterýž připraví cestu tvou před tebou.
2အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။
3Hlas volajícího na poušti: Připravujte cestu Páně, přímé čiňte stezky jeho.
3တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့်အညီ၊
4Křtil Jan na poušti a kázal křest pokání na odpuštění hříchů.
4ယောဟန်သည် တော၌ ဗတ္တိဇံကိုပေးလျက်၊ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက်ပေါ်ထွန်း၏။
5I vycházeli k němu ze vší krajiny Židovské i Jeruzalémští, a křtili se od něho všickni v Jordáně řece, vyznávajíce hříchy své.
5ယေရုရှလင်မြို့သားများမှစ၍ ယုဒပြည်သူပြည်သားပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍ မိမိ တို့ အပြစ်များကိုဘော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။
6Byl pak Jan odín srstmi velbloudovými, a pás kožený na bedrách jeho, a jídal kobylky a med lesní.
6ယောဟန်သည် ကုလားအုပ်အမွေးနှင့် ရက်သောအဝတ်ကိုဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်း လျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကို စားလျက်နေ၏။
7A kázal, řka: Za mnou jde silnější mne, kteréhožto nejsem hoden, sehna se, rozvázati řeménka u obuvi jeho.
7ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်း တော်ကြိုးကိုမျှ ငုံ့၍ဖြတ်ခြင်းငှါ ငါမထိုက်။
8Já zajisté křtil jsem vás vodou, ale onť vás křtíti bude Duchem svatým.
8ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။
9I stalo se v těch dnech, přišel Ježíš z Nazarétu Galilejského, a pokřtěn jest v Jordáně od Jana.
9ထိုအခါ ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့မှကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံတော်မူ၏။
10A hned vystoupě z vody, uzřel nebesa otevřená a Ducha jakožto holubici, sstupujícího na něj.
10ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည်ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌ ဆင်း သက်တော်မူသည်ကို မြင်ရ၍၊
11A hlas stal se s nebe: Ty jsi ten můj milý Syn, v němž mi se dobře zalíbilo.
11သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။
12A ihned ho Duch vypudil na poušť.
12ထိုခဏခြင်းတွင် ဝိညာဉ်တော်သည် ယေရှုကိုတောသို့သွားစေတော်မူ၏။
13I byl tam na poušti čtyřidceti dnů, a pokoušín byl od satana; a byl s zvěří, a andělé přisluhovali jemu.
13အရက်လေးဆယ်ပတ်လုံးထိုတော၌ နေ၍ စာတန်၏စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲ တို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ၏။
14Když pak byl vsazen Jan do žaláře, přišel Ježíš do Galilee, zvěstuje evangelium království Božího,
14ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊
15Pravě: Že se naplnil čas, a přiblížilo se království Boží. Čiňte pokání, a věřte evangelium.
15အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရား ကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ၏။
16A chodě podle moře Galilejského, uzřel Šimona a Ondřeje bratra jeho, ani pouštějí síti do moře, nebo rybáři byli.
16ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
17I řekl jim Ježíš: Pojďte za mnou, a učiním vás rybáře lidí.
17ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည် ဟု အမိန့်တော်ရှိသော်၊
18A oni hned opustivše síti své, šli za ním.
18ထိုသူတို့သည် ချက်ခြင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
19A pošed odtud maličko, uzřel Jakuba Zebedeova, a Jana bratra jeho, kteříž také byli na lodí tvrdíce síti své;
19ထိုမှအနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကိုမြင်၍ ချက်ခြင်းခေါ်တော်မူ၏။
20A hned povolal jich. A oni opustivše otce svého Zebedea na lodí s pacholky, šli za ním.
20ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှါးတို့နှင့်တကွ အဘဇေဗေဒဲကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
21I vešli do Kafarnaum. A hned v sobotu šel Ježíš do školy, a učil.
21ကပေရေနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည်ချက်ခြင်းတရားစရပ်သို့ဝင်၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
22I divili se náramně učení jeho; nebo učil je, jako moc maje, a ne jako zákoníci.
22ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား၊ ကျမ်း ပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။
23I byl v škole jejich člověk, posedlý duchem nečistým. I zvolal,
23ထိုသူတို့၏ တရားစရပ်၌ ညစ်ညူးသောနတ်စွဲသောသူရှိ၍၊
24Řka: Ale což jest tobě do nás, Ježíši Nazaretský? Přišel jsi zatratiti nás; znám tě, kdo jsi, a vím, že jsi ten svatý Boží.
24ဪ နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီးခြင်းငှါလာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။
25I přimluvil mu Ježíš, řka: Umlkniž a vyjdi z něho.
25ယေရှုကလည်း တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊
26I polomcovav jím duch nečistý a křiče hlasem velikým, vyšel z něho.
26ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသောအသံနှင့် အော်ဟစ်၍ထွက်သွား၏။
27I lekli se všickni, takže se tázali mezi sebou, řkouce: I co jest toto? Jakéž jest toto nové učení, že tento mocně duchům nečistým rozkazuje, a poslouchají ho?
27လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်းမေးမြန်းပြောဆိုကြ၏။
28I roznesla se pověst o něm hned po vší krajině Galilejské.
28သိတင်းတော်သည်လည်း ဂါလိလဲပြည်အရပ်ရပ်တို့၌ ချက်ချင်းနှံ့ပြားကျော်စောလေ၏။
29A hned vyšedše ze školy, přišli do domu Šimonova a Ondřejova s Jakubem a s Janem.
29တရားစရပ်မှ ထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြေတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ခြင်းသွားကြ ၏။
30Šimonova pak svegruše ležela, majíc zimnici. A hned jemu pověděli o ní.
30ရှိမုန်၏ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျင်အမြန်လျှောက်ကြ၏။
31A přistoupiv, pozdvihl jí, ujav ji za ruku její, a hned přestala jí zimnice. I posluhovala jim.
31ကိုယ်တော်သည်လာ၍ ထိုမိန်းမ၏လက်ကိုကိုင်လျက် ချီကြွတော်မူသည် ခဏခြင်းတွင် သူသည် အဖျားပျောက်၍ ဧည့်သည်ဝတ်ကို ပြုလေ၏။
32Večer pak již při západu slunce, nosili k němu všecky nemocné i ďábelníky.
32နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့်နတ်ဆိုးစွဲသောသူရှိသမျှတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊
33A bylo se všecko město sběhlo ke dveřům.
33တမြို့လုံးသည် တံခါးနားမှာ စုဝေးလျက်ရှိကြ၏။
34I uzdravoval mnohé ztrápené rozličnými neduhy, a ďábelství mnohá vymítal, a nedopustil mluviti ďáblům; nebo znali ho.
34အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့်၊ စကားတခွန်းကိုမျှ ပြောစေခြင်းငှါ အခွင့်ပေးတော်မူ၏။
35A přede dnem velmi ráno vstav Ježíš, vyšel, a šel na pusté místo, a tam se modlil.
35နံနက်အချိန်၊ မိုဃ်းမလင်းမှီကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော် မူ၏။
36I šel za ním Šimon i ti, kteříž s ním byli.
36ရှိမုန်နှင့် သူ၏အပေါင်းအဘော်တို့သည် လိုက်၍ရှာကြသော်၊
37A když jej nalezli, řekli jemu: Všickni tě hledají.
37ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကို ရှာကြပါသည်ဟုလျှောက်ဆို၏။
38I dí jim: Pojďmež do okolních městeček, abych i tam kázal. Nebo na to jsem přišel.
38ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှါ သွားကြကုန်အံ့။ ထိုသို့ အလို့ ငှါ ငါကြွလာပြီဟု မိန့်တော်မူ၍၊
39I kázal v školách jejich ve vší Galileji, a ďábelství vymítal.
39ဂါလိလဲပြည်အရပ်ရပ် တရားစရပ်တို့၌ တရားဟောလျက်နတ်ဆိုးတို့ကို နှင်ထုတ်လျက်နေတော်မူ၏။
40Tedy přišel k němu malomocný, prose ho, a klekna před ním, řekl jemu: Pane, chceš-li, můžeš mne očistiti.
40နူနာစွဲသောသူတယောက်သည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန် တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။
41Ježíš pak slitovav se, vztáhl ruku, dotekl se ho a řekl jemu: Chci, buď čist.
41ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျှက်၊ ငါအလိုရှိ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေဟု မိန့်တော်မူ၏။
42A když to řekl, hned odstoupilo od něho malomocenství, a očištěn jest.
42ထိုသို့ မိန့်တော်မူသည် ခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
43I pohroziv mu, hned ho odbyl,
43ယေရှုကလည်း၊ သင်သတိပြု။
44A řekl mu: Viziž, abys nižádnému nic nepravil. Ale jdi, ukaž se knězi, a obětuj za očištění své to, což přikázal Mojžíš, na svědectví jim.
44အဘယ်သူအား စကားတခွန်းကိုမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး ၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက်၊ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မြစ်တား၍ ချက်ခြင်းလွှတ်လိုက်တော်မူ၏။
45On pak vyšed, počal vypravovati mnoho a ohlašovati tu věc, takže již nemohl Ježíš do města zjevně vjíti, ale vně na místech pustých byl. I scházeli se k němu odevšad.
45ထိုသူသည်ထွက်သွား၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြားကျော်စေ၏။ ထို့ ကြောင့် ကိုယ်တော်သည် နောက်တဖန်မြို့ထဲသို့ ထင်ရှားစွာမဝင်ရဘဲ။ မြို့ပြင်တောအရပ်၌သာ နေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ ရောက်လာကြ၏။