1Tedy Ježíš mluvil zástupům a učedlníkům svým,
1ထိုအခါ ယေရှုသည် တပည့်တော်တို့နှင့် လူပေါင်းတို့အား ဟောပြောတော်မူသည်ကား၊
2Řka: Na stolici Mojžíšově posadili se zákoníci a farizeové.
2ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် မောရှေ၏ထိုင်ရာ ပလ္လင်ပေါ်မှာထိုင်ကြ၏။
3Protož všecko, což by koli rozkázali vám zachovávati, zachovávejte a čiňte, ale podle skutků jejich nečiňte; neboť praví, a nečiní.
3ထို့ကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ပြုကြလော့။ သူတို့၏ အကျင့်အတိုင်း မကျင့် ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။
4Svazujíť zajisté břemena těžká a nesnesitelná, a vzkládají na ramena lidská, ale prstem svým nechtí jimi ani pohnouti.
4အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍သူတပါးပခုံးပေါ်မှာ တင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။
5A všeckyť ty své skutky činí, aby byli vidíni od lidí. Rozšiřují zajisté nápisy své a veliké dělají podolky pláštů svých,
5သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှါပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကို၎င်း၊ ကြီးသော ပန်းပွားတို့ကို၎င်း ဝတ်လေ့ရှိကြ၏။
6A milují přední místa na večeřích, a první stolice v školách,
6ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာ ထိုင်ရာကို၎င်း၊
7A pozdravování na trhu, a aby byli nazýváni od lidí: Mistři, mistři.
7ဈေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကို၎င်း နှစ် သက်ကြ၏။
8Ale vy nebývejte nazýváni mistři; nebo jeden jest Mistr váš, totiž Kristus, vy pak všickni bratří jste.
8သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ် ဆရာတပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကို ချင်းဖြစ်ကြ၏။
9A otce nenazývejte sobě na zemi; nebo jeden jest Otec váš, kterýž jest v nebesích.
9မြေကြီးပေါ်မှာ အဘယ်သူကိုမျှအဘဟူ၍မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘတပါး တည်းရှိတော်မူ၏။
10Ani se nazývejte vůdcové; nebo jeden jest vůdce váš Kristus.
10ဥပဇ္ဈာယ်ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာတပါး တည်းရှိ၏။
11Ale kdo z vás větší jest, budeť služebníkem vaším.
11သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့အစေခံဖြစ်ရ၏။
12Nebo kdož by se sám povyšoval, bude ponížen; a kdož by se ponížil, bude povýšen.
12အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့။
13Ale běda vám, zákoníci a farizeové pokrytci, že zavíráte království nebeské před lidmi; nebo sami tam nevcházíte, ani těm, jenž by vjíti chtěli, vcházeti dopouštíte.
13လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။
14Běda vám, zákoníci a farizeové pokrytci, že zžíráte domy vdovské, za příčinou dlouhého modlení; protož těžší soud ponesete.
14လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။
15Běda vám, zákoníci a farizeové pokrytci, že obcházíte moře i zemi, abyste učinili jednoho novověrce, a když bude učiněn, učiníte jej syna zatracení, dvakrát více, nežli jste sami.
15လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။
16Běda vám, vůdcové slepí, kteříž říkáte: Přisáhl-li by kdo skrze chrám, to nic není; ale kdo by přisáhl skrze zlato chrámové, povinenť jest přísaze dosti činiti.
16လမ်းပြသောလူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင်မတည်။ ဗိမာန်တော်၏ ရွှေကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆိုကြ၏။
17Blázni a slepci; nebo co jest většího, zlato-li, čili chrám, kterýž posvěcuje zlata?
17လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေကားမြတ်သလော။ ထိုရွှေကို သန့် ရှင်းစေသော ဗိမာန်တော်ကားမြတ်သလော။
18A přisáhl-li by kdo skrze oltář, nic není; ale kdo by přisáhl skrze ten dar, kterýž jest na něm, povinen jest.
18တနည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။
19Blázni a slepci, i co jest většího, dar-li, čili oltář, kterýž posvěcuje daru?
19လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော်သက္ကာကား မြတ်သလော။ ထို ပူဇော်သက္ကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကားမြတ်သလော။
20A protož kdokoli přisahá skrze oltář, přisahá skrze něj, i skrze to všecko, což na něm jest .
20ထို့ကြောင့် ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင် တည်၍ ကျိန်ဆိုသတည်း။
21A kdož přisahá skrze chrám, přisahá skrze něj, i skrze toho, kterýž přebývá v něm.
21ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသောသူ ကို တိုင်တည်၍ ကျိန်ဆိုသတည်း။
22A kdož přisahá skrze nebe, přisahá skrze trůn Boží, i skrze toho, kterýž na něm sedí.
22ကောင်းကင်ဘုံကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ပလ္လင်တော်ကို၎င်း၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို၎င်း တိုင်တည်၍ကျိန်ဆိုသတည်း။
23Běda vám, zákoníci a farizeové pokrytci, že dáváte desátky z máty a z kopru a z kmínu, a opouštíte to, což těžšího jest v Zákoně, totiž soud a milosrdenství a věrnost. Tyto věci měli jste činiti a oněch neopouštěti.
23လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။
24Vůdcové slepí, kteříž cedíte komára, velblouda pak požíráte.
24လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ၏။
25Běda vám, zákoníci a farizeové pokrytci, že čistíte po vrchu konvice a mísy, a vnitř plno jest loupeže a nestředmosti.
25လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။
26Farizee slepče, vyčisť prve to, což vnitř jest v konvi a v míse, aby i to, což jest zevnitř, bylo čisto.
26မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင် ကား သန့်ရှင်းလိမ့်မည်။
27Běda vám, zákoníci a farizeové pokrytci, nebo jste se připodobnili hrobům zbíleným, kteříž ač se zdadí zevnitř krásní, ale vnitř jsou plní kostí umrlčích i vší nečistoty.
27လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။
28Tak i vy zevnitř zajisté zdáte se lidem spravedliví, ale vnitř plní jste pokrytství a nepravosti.
28ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။
29Běda vám, zákoníci a farizeové pokrytci, neboť vzděláváte hroby proroků a ozdobujete hroby spravedlivých,
29လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊
30A říkáte: Kdybychom byli za dnů otců našich, nebyli bychom účastníci jejich ve krvi proroků.
30ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သက်သည်အမှုကိုလက်မခံပြီဟု ဆိုကြ၏။
31Protož osvědčujete sami proti sobě, že jste synové těch, kteříž proroky zmordovali.
31ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကိုသတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဘို့ ကိုယ်သက်သေခံကြ၏။
32I vy také naplňte míru otců svých.
32သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကိုမှီအောင် ကျင့်ကြလော့။
33Hadové, plémě ještěrčí, i jakž byste ušli odsudku do pekelného ohně?
33မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။
34Protož aj, já posílám k vám proroky a moudré a učitele, a vy z těch některé zmordujete a ukřižujete, a některé z nich bičovati budete v školách vašich, a budete je honiti z města do města,
34ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါ စေလွှတ်၏။ ထိုသူအချို့တို့ကိုကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ်၌ ရိုက်၍ တမြို့မှတမြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။
35Aby přišla na vás všeliká krev spravedlivá, vylitá na zemi, od krve Abele spravedlivého, až do krve Zachariáše syna Barachiášova, kteréhož jste zabili mezi chrámem a oltářem.
35ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား ၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့၏အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည်။
36Amen pravím vám: Přijdou tyto všecky věci na pokolení toto.
36ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သောလူများအပေါ်သို့ ရောက်ကြလိမ့်မည်။
37Jeruzaléme, Jeruzaléme, mordéři proroků, a kterýž kamenuješ ty, jenž byli k tobě posíláni, kolikrát jsem chtěl shromážditi dítky tvé, tak jako slepice shromažďuje kuřátka svá pod křídla, a nechtěli jste.
37အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်ပရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။
38Aj, zanecháváť se vám dům váš pustý.
38သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။
39Neboť pravím vám, že mne již více nikoli neuzříte od této chvíle, až i díte: Požehnaný, jenž se béře ve jménu Páně.
39ငါဆိုသည်ကား၊ ထာဝရဘုရား၏အခွင့်နှင့် ကြွလာသောသူသည်မင်္ဂလာရှိစေသောဟု သင်တို့မပြောမှီ တိုင်အောင် ယခုမှစ၍ သင်တို့သည်ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။