1Žalm Davidův. K toběť, Hospodine, duše své pozdvihuji.
1အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသလျက်နေပါ၏။
2Bože můj, v toběť naději skládám, nechť nejsem zahanben, aby se neradovali nepřátelé moji nade mnou.
2အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက် ပါစေနှင့်။ အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်ကို အောင်၍ အောင်ပွဲကိုမခံပါစေနှင့်။
3A takť i všickni, kteříž na tě očekávají, zahanbeni nebudou; zahanbeni budou, kteříž se převráceně mají bez příčiny.
3အကယ်စင်စစ် ကိုယ်တော်ကို မြော်လင့်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ ရောက်ရကြပါလိမ့်မည်။
4Cesty své, Hospodine, uveď mi v známost, a stezkám svým vyuč mne.
4အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော် မူပါ။
5Dejž, ať chodím v pravdě tvé, a poučuj mne; nebo ty jsi Bůh spasitel můj, na tebeť očekávám dne každého.
5ကိုယ်တော်၏ သမ္မာတရားကိုပြ၍၊ အကျွန်ုပ်ကို သွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မြော်လင့်လျက် နေပါ၏။
6Rozpomeň se na slitování svá, Hospodine, a na milosrdenství svá, kteráž jsou od věků.
6အိုထာဝရဘုရား၊ ရှေးကာလမှစ၍၊ ပြတော်မူ သောကရုဏာနှင့် မေတ္တာသဘောကို အောက်မေ့တော် မူပါ။
7Hříchů mladosti mé a přestoupení mých nezpomínej, ale podlé milosrdenství svého pamětliv buď na mne pro dobrotu svou, Hospodine.
7အကျွန်ုပ်သည် အသက်အရွယ်ငယ်စဉ်၊ ပြစ်မှား မိသောအပြစ်တို့ကို အောက်မေ့တော်မမူပါနှင့်။ ကောင်း မြတ်တော်မူသည်ဖြစ်၍။ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါထာဝရဘုရား။
8Dobrý a přímý jest Hospodin, a protož vyučuje hříšníky cestě své.
8ထာဝရဘုရားသည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ၏။
9Působí to, aby tiší chodili v soudu, a vyučuje tiché cestě své.
9နှိမ့်ချလျက်ရှိသော သူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏။
10Všecky stezky Hospodinovy jsou milosrdenství a pravda těm, kteříž ostříhají smlouvy jeho a svědectví jeho.
10ထာဝရဘုရား၏ လမ်းခရီးရှိသမျှတို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သော သူတို့အား ကရုဏာနှင့် သစ္စာဖြစ်ကြ သတည်း။
11Pro jméno své, Hospodine, odpusť nepravost mou, neboť jest veliká.
11အိုထာဝရဘုရား၊ အကျွန်ုပ်အပြစ်များလှသော ကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေးတော်မူပါ။
12Který jest člověk, ješto se bojí Hospodina, jehož vyučuje, kterou by cestu vyvoliti měl?
12အကြင်သူသည် ထာဝရဘုရားကို ကြောက်ရွံ့ တတ်၏။ ထိုသူအား နှစ်သက်ဘွယ်သောလမ်းကို ပြညွှန် တော်မူမည်။
13Duše jeho v dobrém přebývati bude, a símě jeho dědičně obdrží zemi.
13ထိုသူသည် ကိုယ်တိုင်ကောင်းမွန်စွာ ကျိန်းဝပ် ၍၊ သူ၏အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေ ခံရလိမ့်မည်။
14Tajemství Hospodinovo zjevné jest těm, kteříž se jeho bojí, a v známost jim uvodí smlouvu svou.
14ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။
15Oči mé vždycky patří k Hospodinu, on zajisté z leči vyvodí nohy mé.
15အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မြော် လင့်လျက် နေပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နှုတ်ယူတော်မူမည်။
16Popatřiž na mne, a smiluj se nade mnou, neboť jsem opuštěný a strápený.
16အကျွန်ုပ်သည် တယောက်တည်းကျန်ကြွင်း၍ နှိမ့်ချခြင်းကို ခံရသောကြောင့်၊ အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော်မူပါ။
17Ssoužení srdce mého rozmnožují se, z úzkostí mých vyveď mne.
17အကျွန်ုပ် စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာ ပေး၍၊ အမှုများထဲက ကယ်နှုတ်တော်မူပါ။
18Viz trápení mé a bídu mou, a odpusť všecky hříchy mé.
18အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကို ကြည့်ရှု၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို လွှတ်တော်မူပါ။
19Viz nepřátely mé, jak mnozí jsou, a nenávistí nešlechetnou nenávidí mne.
19အကျွန်ုပ်၏ ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကို ပြင်းစွာမုန်းထားကြောင်းကို ဆင်ခြင်တော် မူပါ။
20Ostříhej duše mé, a vytrhni mne, ať nejsem zahanben, neboť v tebe doufám.
20အကျွန်ုပ်အသက်ကိုစောင့်ရှောက်၍၊ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ခိုလှုံပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါ စေနှင့်။
21Sprostnost a upřímnost nechať mne ostříhají, nebo na tě očekávám.
21ကိုယ်တော်ကိုမြော်လင့်လျက် နေပါသည်ဖြစ်၍၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပစေသော။
22Vykup, ó Bože, Izraele ze všelijakých úzkostí jeho.
22အိုဘုရားသခင်၊ ဣသရေလအမျိုးကို ခပ်သိမ်း သော ဒုက္ခအထဲက ရွေးနှုတ်တော်မူပါ။