Welsh

Myanmar

1 Kings

13

1 Tra oedd Jeroboam yn sefyll wrth yr allor i offrymu, daeth gu373?r Duw o Jwda i Fethel yn �l gair yr ARGLWYDD.
1ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင်၊ ဘုရား သခင်၏ လူတယောက်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက် လာ၍၊
2 A chyhoeddodd yn erbyn yr allor drwy air yr ARGLWYDD: "Allor, allor, fel hyn y dywed yr ARGLWYDD: 'Wele, fe enir mab i linach Dafydd o'r enw Joseia; bydd ef yn aberthu arnat offeiriaid yr uchelfeydd sy'n offrymu arnat, a llosgir arnat esgyrn dynol.'"
2ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်း မျိုး၌ ယောရှိအမည်ရှိသော သူကို ဘွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကို မီးရှို့၍၊ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ်မှာပူဇော်၍၊ လူသေအရိုးတို့ကို မီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
3 A rhoddodd argoel y dydd hwnnw, a dweud, "Dyma'r argoel a addawodd yr ARGLWYDD: bydd yr allor yn ddrylliau, a chwelir y lludw sydd arni."
3ထိုနေ့ခြင်းတွင် ပုပ္ပနိမိတ်ကိုလည်း ပေး၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ် ပလ္လင်သည် ကွဲ၍ပလ္လင်ပေါ်မှာရှိသော ပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။
4 Pan glywodd y Brenin Jeroboam y gair a gyhoeddodd gu373?r Duw yn erbyn yr allor ym Methel, estynnodd ei law dros yr allor a dweud, "Cydiwch ynddo!" Ond gwywodd y llaw a estynnodd ato, ac ni fedrai ei thynnu'n �l.
4ထိုသို့ ဘုရားသခင်၏ လူသည် ဗေသလမြို့ ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်သော စကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့်၍ ထိုသူကို ဘမ်းဆီးကြဟုဆို လျက်၊ ဆန့်သောလက်သည် သွေ့ခြောက်၍ နောက်တဖန် မရုပ်နိုင်။
5 Yna drylliwyd yr allor a chwalwyd y lludw o'r allor, yn unol �'r argoel a roddodd gu373?r Duw drwy air yr ARGLWYDD.
5ဘုရားသခင်၏ လူသည်ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ် ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။
6 Yna dywedodd y brenin wrth u373?r Duw, "Ymbil �'r ARGLWYDD dy Dduw a gwedd�a ar fy rhan fel y caiff fy llaw ei hadfer." Ymbiliodd gu373?r Duw ar yr ARGLWYDD, ac adferwyd llaw'r brenin iddo fel yr oedd cynt.
6ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက် ပဌနာ ပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟုဘုရားသခင်၏ လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ်လေ၏။
7 A dywedodd y brenin wrth u373?r Duw, "Tyrd adref gyda mi am damaid, imi roi rhodd iti."
7ရှင်ဘုရင်ကလည်း၊ ငါနှင့်အတူ လိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏ လူအား ဆိုလျှင်၊
8 Ond dywedodd y proffwyd wrth y brenin, "Petait yn rhoi imi hanner dy du375?, ni ddown gyda thi; nid wyf am fwyta tamaid nac yfed llymaid yn y lle hwn.
8ဘုရားသခင်၏လူက၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်းမသောက်ရ။
9 Fel hyn y gorchmynnwyd imi drwy air yr ARGLWYDD, i beidio � bwyta nac yfed dim, na dychwelyd y ffordd y deuthum."
9ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အား ပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။
10 Ac aeth ffordd arall, heb ddychwelyd ar y ffordd y daeth i Fethel.
10ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကို ရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။
11 Yr oedd proffwyd oedrannus yn byw ym Methel, a daeth ei feibion a dweud wrtho am y cwbl a wnaeth gu373?r Duw y dydd hwnnw ym Methel, ac adrodd wrth eu tad yr hyn a ddywedodd wrth y brenin.
11ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက် တယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏လူသည် ထိုနေ့၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသော စကားများကို အဘအား ပြန်ကြားလျှင်၊
12 Holodd eu tad hwy, "Pa ffordd yr aeth?" A dangosodd ei feibion y ffordd yr aeth gu373?r Duw oedd wedi dod o Jwda.
12ယုဒပြည်မှ လာသောဘုရားသခင်၏ လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့်၊ အဘက ထိုသူသည် အဘယ်လမ်း ဖြင့်ပြန်သွားသနည်းဟု မေးပြီးလျှင်၊
13 Dywedodd yntau wrth ei feibion, "Cyfrwywch asyn imi." Ac wedi iddynt gyfrwyo'r asyn, marchogodd arno
13မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည် အတိုင်း၊ သားတို့သည် မြည်းကိုကုန်းနှီးတင်၍ အဘသည် စီးသွားလျက်၊
14 a mynd ar �l gu373?r Duw, a'i gael yn eistedd tan dderwen. Gofynnodd iddo, "Ai ti yw'r gu373?r Duw a ddaeth o Jwda?" Ac atebodd yntau, "Ie."
14ဘုရားသခင်၏ လူကိုလိုက်လေ၏။ သပိတ်ပင် အောက်မှာထိုင်လျက် ရှိသည်ကိုတွေ့လျင်၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင်၏ လူမှန်သလောဟု မေးသော်၊ ငါမှန်သည်ဟု ပြန်ဆို၏။
15 Yna dywedodd y proffwyd oedrannus, "Tyrd adref gyda mi am bryd o fwyd."
15ပရောဖက်ကလည်း၊ ငါနှင့်အတူ ငါ့အိမ်သို့ လိုက်၍ မုန့်ကို စားပါလော့ဟု ခေါ်ပင့်လျှင်၊
16 Atebodd y llall, "Ni fedraf ddychwelyd gyda thi, na bwyta nac yfed dim gyda thi yn y lle hwn.
16ငါသည် သင်နှင့်အတူ မလိုက်ရ၊ သင့်အိမ်သို့မဝင်ရ။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။
17 Dyma'r neges a gefais drwy air yr ARGLWYDD: 'Paid � bwyta bara nac yfed dim yno, na dychwelyd y ffordd yr aethost.'"
17ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်။ လာသောလမ်းဖြင့်မပြန်နှင့်ဟု ငါ့အား မိန့်တော်မူကြောင်းကို ပြောဆို၏။
18 Ond dywedodd y proffwyd oedrannus wrtho, "Yr wyf finnau'n broffwyd fel ti, ac y mae angel wedi dweud wrthyf drwy air yr ARGLWYDD, 'Dos ag ef yn �l gyda thi adref i fwyta bara ac yfed du373?r.'" Ond dweud celwydd wrtho yr oedd.
18ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည်မုန့်ကိုစား၍ ရေကိုသောက်စေ ခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး၍ ပြောဆို၏။
19 Aeth yntau'n �l gydag ef, a bwyta ac yfed yn ei gartref.
19ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကို လည်း သောက်၏။
20 Tra oeddent yn eistedd wrth y bwrdd, daeth gair yr ARGLWYDD at y proffwyd a'i dygodd yn �l,
20ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာ ထိုင်စဉ်တွင်၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ရောက်၍၊
21 a chyhoeddodd wrth u373?r Duw a ddaeth o Jwda, "Fel hyn y dywed yr ARGLWYDD: 'Am iti wrthod yr hyn a ddywedodd yr ARGLWYDD, a pheidio � chadw gorchymyn yr ARGLWYDD dy Dduw,
21ယုဒပြည်မှ လာသောဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နား မထောင်၊ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော ပညတ်တော်ကို မစောင့်၊
22 ond yn hytrach dychwelyd a bwyta ac yfed yn y lle y dywedodd ef wrthyt am beidio � bwyta nac yfed, am hynny ni ddaw dy gorff i fedd dy hynafiaid.'"
22ဤမည်သော အရပ်၌ မုန့်ကိုမစားနှင့်။ ရေကို မသောက်နှင့်ဟု ပညတ်တော်မူသော အရပ်သို့ပြန်လာ၍ မုန့်နှင့်ရေကိုစားသောက်သောကြောင့်၊ သင်၏အလောင်းသည် ဘိုးဘေးတို့၏ သင်္ချိုင်းသို့မရောက်ရဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို အော်ဟစ်၍ ဆင့်ဆို၏။
23 Ac wedi iddo orffen bwyta ac yfed, cyfrwywyd iddo asyn o eiddo'r proffwyd a'i dygodd yn �l.
23မုန့်နှင့်ရေကို စားသောက်ပြီးမှ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဘို့ မိမိမြည်းကို ကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။
24 Fel yr oedd yn mynd ar hyd y ffordd, daeth llew i'w gyfarfod a'i ladd; gadawyd ei gorff i orwedd ar y ffordd, gyda'r asyn a'r llew yn sefyll yn ei ymyl.
24လမ်းမှာခြင်္သေ့တွေ့၍ သတ်၏။ အသေကောင်သည် လမ်း၌ လဲ၍၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေ၏။
25 Digwyddodd rhywrai ddod heibio a gweld y corff ar y ffordd, gyda'r llew yn ei ymyl, ac aethant ac adrodd yr hanes yn y dref lle'r oedd y proffwyd oedrannus yn byw.
25အသေကောင်သည် လမ်း၌လဲ၍ မည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေသည်ကို ခရီးသွားသော သူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသော မြို့သို့လာ၍ သိတင်းပြောကြ၏။
26 Pan glywodd y proffwyd a'i dygodd yn �l o'i daith, dywedodd, "Dyna u373?r Duw a wrthododd neges yr ARGLWYDD; y mae'r ARGLWYDD wedi ei roi i'r llew, a hwnnw wedi ei larpio a'i ladd yn �l y gair a fynegodd yr ARGLWYDD."
26ခေါ်ခဲ့သောပရောဖက်သည် ထိုသိတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏ လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအား မိန့်တော်မူသော စကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကား ဟု ဆိုလျက်၊
27 A dywedodd wrth ei feibion, "Cyfrwywch asyn imi." Wedi iddynt ei gyfrwyo,
27မြည်းပေါ်မှာ ကုန်းနှီးကို တင်ကြလော့ဟု သားတို့အား ဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ၏။
28 aeth y proffwyd, a chael y corff ar y ffordd, a'r llew a'r asyn yn sefyll yn ei ymyl. Nid oedd y llew wedi bwyta'r corff na llarpio'r asyn.
28ပရောဖက်သွား၍ အသေကောင်သည် လမ်း၌ လဲလျက်၊ မြည်းနှင့် ခြင်္သေ့သည် အနားမှာ ရပ်နေလျက် ရှိသည်ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်။
29 Cododd y proffwyd y corff a'i osod ar yr asyn, a'i gludo'n �l, a'i ddwyn i dref y proffwyd oedrannus er mwyn galaru drosto a'i gladdu.
29အသက်ကြီးသော ပရောဖက်သည် ဘုရားသခင်၏လူအလောင်းကောင်ကို မြည်းပေါ်သို့ ချီ၍ တင်ပြီးလျှင် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ သင်္ဂြိုဟ်ခြင်း ငှါ မိမိမြို့သို့ ဆောင်သွား၏။
30 Ac wedi gosod y corff yn ei fedd ei hun, galarodd drosto a dweud, "O fy mrawd!"
30အလောင်းကောင်ကို မိမိသင်္ချိုင်းတွင်း၌ ထားလျက်၊ အိုငါ့ညီဟူ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု၏။
31 Ar �l ei gladdu, dywedodd wrth ei feibion, "Pan fyddaf farw, claddwch fi yn y bedd lle mae gu373?r Duw wedi ei gladdu; gosodwch fy esgyrn wrth ei esgyrn ef.
31သင်္ဂြိုဟ်ပြီးမှ သားတို့ကိုခေါ်၍၊ ငါသေသောအခါ ဘုရားသခင်၏ လူသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ကြလော့။ ငါ့အရိုးတို့ကို သူ့အရိုးတို့အနားမှာ ထားကြလော့။
32 Yn sicr fe ddigwydd yr hyn a gyhoeddodd drwy air yr ARGLWYDD yn erbyn yr allor ym Methel ac yn erbyn holl adeiladau'r uchelfeydd sydd yn nhrefi Samaria."
32ဗေသလမြို့ယဇ်ပလ္လင်တဘက်ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သောအိမ်များ တဘက်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ၏။
33 Ni throdd Jeroboam oddi wrth ei ffordd ddrygionus wedi'r digwyddiad hwn. Parhaodd i wneud offeiriaid uchelfeydd o'r bobl yn ddiwah�n; byddai'n urddo pwy bynnag a ddymunai yn offeiriaid uchelfeydd.
33ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူ ရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။
34 Bu hyn yn dramgwydd i deulu Jeroboam ac yn achos eu difetha a'u difodi oddi ar wyneb y ddaear.
34ထိုသို့ပြုသောကြောင့် ယေရောဗောင်အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းစေသော အပြစ်ရောက် သတည်း။