Welsh

Myanmar

2 Kings

5

1 Yr oedd Naaman capten byddin brenin Syria yn ddyn uchel gan ei feistr ac yn fawr ei barch, am mai trwyddo ef yr oedd yr ARGLWYDD wedi gwaredu Syria. Ond aeth y rhyfelwr praff yn u373?r gwahanglwyfus.
1ရှုရိရှင်ဘုရင်၏ ဗိုလ်ချုပ်မင်းနေမန်သည် မိမိ သခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကား၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရ သောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။
2 Pan oeddent ar gyrch yn nhir Israel cipiodd y Syriaid eneth ifanc a'i dwyn i weini ar wraig Naaman.
2ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ချီသွား စဉ်တွင်၊ ဣသရေလပြည်မှ ဘမ်းခဲ့သော မိန်းမငယ် တယောက်သည် နေမန်၏မယားထံ၌ ကျွန်ခံရ၏။
3 Dywedodd wrth ei meistres, "Gresyn na fyddai fy meistr yn gweld y proffwyd sydd yn Samaria; byddai ef yn ei wella o'i wahanglwyf."
3ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့ ၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရော ဖက်သည် သခင်၌ စွဲသော နူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။
4 Aeth Naaman a dweud wrth ei feistr, "Y mae'r eneth o wlad Israel yn dweud fel a'r fel."
4နေမန်သည် မိမိအရှင်ထံသို့ ဝင်၍ဣသရေလ အမျိုးမိန်းမငယ်စကားကို ပြန်လျှောက်၏။
5 Ac meddai brenin Syria, "Dos di, ac anfonaf finnau lythyr at frenin Israel." Yna aeth, a chymryd deg talent o arian, chwe mil o siclau aur a deg p�r o ddillad.
5ရှုရိရှင်ဘုရင်ကလည်း သွားလော့။ သွားလော့။ ဣသရေလရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့် တော်အတိုင်း၊ နေမန်သည် ငွေအခွက်တရာ၊ ရွှေအခွက် ခြောက်ဆယ်၊ အဝတ်ဆယ်စုံကို ယူသွား၍၊
6 Dygodd hefyd at frenin Israel lythyr yn dweud, "Dyma fi'n anfon atat fy ngwas Naaman; cyn gynted ag y derbynni'r llythyr hwn, rwyt i'w wella o'i wahanglwyf."
6ဣသရေလရှင်ဘုရင်ထံသို့ မိမိအရှင်၏စာကို သွင်းလေ၏။ စာ၌ပါသော အချက်ဟူမူကား၊ ကိုယ်တော် သည် ငါ့ကျွန်နေမန်၏နူနာကို ပျောက်စေခြင်းငှါ သူ့ကို ဤစာနှင့် အတူငါစေလွှတ်သည်ဟု ပါသတည်း။
7 Pan ddarllenodd brenin Israel y llythyr, rhwygodd ei ddillad a dweud, "Ai Duw wyf fi i beri marw neu fyw, bod hwn yn anfon ataf i wella dyn o'i wahanglwyf? Sylwch ar hyn, yn awr, a gwelwch mai chwilio am achos yn f'erbyn y mae."
7ဣသရေလရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ၊ မိမိအဝတ်ကို ဆုတ်၍၊ ငါသည်အသက်ပေးပိုင်၊ နှုတ်ပိုင် သော ဘုရားဖြစ်သောကြောင့်၊ ဤသူသည် လူနူကိုချမ်းသာပေးစေခြင်းငှါ ငါ့ထံသို့စေလွှတ်သလော။ ကြည့်ကြလော။ ဤသူသည် ငါ့ကို အဘယ် မျှလောက်ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟု ဆို၏။
8 Pan glywodd Eliseus, gu373?r Duw, fod brenin Israel wedi rhwygo'i ddillad, anfonodd at y brenin a dweud, "Pam yr wyt yn rhwygo dy ddillad? Gad iddo ddod ataf fi, er mwyn iddo wybod fod proffwyd yn Israel."
8ဣသရေလရှင်ဘုရင်သည် မိမိအဝတ်ကို ဆုတ် သည်ဟု ဘုရားသခင်၏ လူဧလိရှဲသည်ကြားလျှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကို ဆုတ် သနည်း။ ထိုသူသည် ငါ့ထံသို့ လာပါလေစေ။ ဣသရေလ ပြည်၌ ပရောဖက်ရှိသည်ကိုသိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ၏။
9 Felly daeth Naaman, gyda'i feirch a'i gerbydau, a sefyll o flaen drws tu375? Eliseus,
9ထိုကြောင့်၊ နေမန်သည် မြင်းရထားကို စီးသွား၍ ဧလိရှဲအိမ်ရှေ့ မှာ ရပ်နေ၏။
10 a gyrrodd Eliseus neges allan ato: "Dos ac ymolchi saith waith yn yr Iorddonen, ac adferir dy gnawd yn holliach iti."
10ဧလိရှဲက၊ သင်သည်သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင် အောင်ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ် ၍ ပြောစေ၏။
11 Ffromodd Naaman, ac aeth i ffwrdd a dweud, "Meddyliais y byddai o leiaf yn dod allan a sefyll a galw ar enw'r ARGLWYDD ei Dduw, a symud ei law dros y fan, a gwella'r gwahanglwyf.
11နေမန်ကလည်း၊ အကယ်၍ ပရောဖက်သည် ထွက်လာမည်။ ငါ့အနားမှာ ရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား၏နာမကို ခေါ်၍ မိမိလက်နှင့်သုံးသပ် သဖြင့် နူနာကို ပျောက်စေမည်ဟု ငါထင်၏။
12 Onid yw Abana a Pharpar, afonydd Damascus, yn well na holl ddyfroedd Israel? Oni allwn ymolchi ynddynt hwy, a dod yn l�n?" Trodd, a mynd i ffwrdd yn ei ddig.
12ဒမာသက်ပြည်၌အာဗနမြစ်၊ ဖာဖာမြစ်တို့သည် ဣသရေလမြစ်အလုံးစုံထက်သာ၍ ကောင်းသည် မဟုတ် လော။ ထိုမြစ်၌ ငါရေချိုး၍ မသန့်ရှင်းရသလောဟု ဆိုလျက် အမျက်ထွက်၍ ပြန်သွား၏။
13 Ond daeth ei weision ato a dweud wrtho, "Petai'r proffwyd wedi dweud rhywbeth mawr wrthyt, oni fyddit wedi ei wneud? Onid rheitiach felly gan mai dim ond 'Ymolch a bydd l�n' a ddywedodd?"
13ကျွန်တို့သည် ချဉ်းလာ၍ အဘ၊ ခက်သောအမှု ကို ပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည် မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက် လော့ဟု စီရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူ သင့်ပါသည်တကားဟု လျှောက်ကြသော်၊
14 Ar hynny fe aeth i lawr, ac ymdrochi saith waith yn yr Iorddonen yn �l gair gu373?r Duw, a daeth ei gnawd yn l�n eto fel cnawd bachgen bach.
14နေမန်သည် သွား၍ ဘုရားသခင်၏ လူစီရင် သည်အတိုင်း၊ ယော်ဒန်မြစ်၌ ကိုယ်ကိုခုနစ်ကြိမ်နှစ် သဖြင့်၊ သူ၏အသားသည် သူငယ်၏အသားကဲ့သို့ ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏။
15 Yna dychwelodd ef a'i holl fintai at u373?r Duw, a sefyll o'i flaen a dweud, "Dyma fi'n gwybod yn awr nad oes Duw mewn un wlad ond yn Israel; felly, derbyn yn awr anrheg oddi wrth dy was."
15သို့ပြီးမှ လိုက်သော သူအပေါင်းတို့နှင့်တကွ ဘုရားသခင်၏ လူထံသို့ပြန်လာ၍ သူ့ရှေ့၌ရပ်လျက်၊ ဣသရေလပြည်မှတပါး အဘယ်ပြည်၌မျှ ဘုရားသခင် မရှိသည်ကို ယခုအကျွန်ုပ်သိပါ၏။ သို့ဖြစ်၍ ကိုယ်တော် ၏ကျွန်လှူသော အလှူလက်ဆောင်ကို ခံယူတော်မူပါဟု တောင်းလျှောက်လေ၏။
16 Atebodd yntau, "Cyn wired � bod yr ARGLWYDD a wasanaethaf yn fyw, ni chymeraf ddim."
16ဧလိရှဲကလည်း၊ ငါကိုးကွယ်သော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း မခံမယူရဟုဆိုလျှင်၊ ခံယူစေခြင်းငှါ တဖန် တိုက်တွန်းသော်လည်း ငြင်းပယ် လျက်နေ၏။
17 Ac er pwyso arno i gymryd, gwrthod a wnaeth. Dywedodd Naaman, "Os na chymeri, ynteu, rhodder llwyth cwpl o fulod o bridd i mi, dy was, gan na fyddaf ar �l hyn yn offrymu poethoffrwm nac aberth i'r un duw arall ond i'r ARGLWYDD.
17နေမန်ကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်ကျွန် သည် မြည်းနှစ်စီးနှင့် တင်၍မြေအနည်းငယ်ကို ယူပါရ စေ။ ကိုယ်တော်ကျွန်သည် မီးရှို့ရာ ယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှ တပါးအခြားသော ဘုရားအား နောက်တဖန် မပူဇော်ပါ။
18 Ond yn unig � maddeued yr ARGLWYDD imi � pan fydd fy meistr yn mynychu teml Rimmon i addoli yno, ac yn pwyso ar fy llaw, byddaf finnau'n moesymgrymu yn nheml Rimmon pan fydd ef yn ymgrymu yno. Maddeued yr ARGLWYDD i'th was am y peth hwn."
18သို့သော်လည်း အကျွန်ုပ်သခင်သည် ကိုးကွယ် အံ့ဟု ရိမ္မုန်ဘုရား၏ကျောင်းသို့သွား၍ အကျွန်ုပ်ကို မှီလျက်ရိမ္မုန်ကျောင်း၌ ကိုယ်ကို ညွှတ်သောအခါ၊ အကျွန်ုပ်ကိုယ်သည်လည်းညွတ်လျှင်၊ ထာဝရဘုရားသည် ကိုယ်တော်ကျွန်ကို အပြစ်လွှတ်တော်မူပါစေသောဟု ဆိုလျှင်၊
19 Dywedodd Eliseus wrtho, "Heddwch iti." Pan oedd wedi mynd ychydig o ffordd,
19ဧလိရှဲက၊ ငြိမ်ဝပ်စွာသွားလော့ဟု ဆို၏။ နေမန် သည် သွား၍ အဝေးသို့မရောက်မှီ၊
20 meddyliodd Gehasi, gwas Eliseus gu373?r Duw, "Y mae fy meistr wedi arbed y Syriad hwn, Naaman, drwy wrthod derbyn yr hyn a ddygodd; cyn wired � bod yr ARGLWYDD yn fyw, mi redaf ar ei �l i gael rhywbeth ganddo."
20ဘုရားသခင်၏လူဧလိရှဲ၏ကျွန်ဂေဟာဇိက၊ ဤရှုရိလူနေမန်ဆောင်ခဲ့သော ဥစ္စာကို ငါ့သခင်သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သူ့နောက်သို့ ငါလိုက်၍ တစုံတခုကို ယူမည်ဟု အကြံရှိလျက်၊
21 Rhedodd ar �l Naaman, a phan welodd Naaman ef yn rhedeg, disgynnodd o'i gerbyd i'w gyfarfod, a gofyn, "A yw popeth yn iawn?"
21နေမန်နောက်သို့ လိုက်လေ၏။ လိုက်ကြောင်း ကို နေမန်သည် မြင်လျှင်၊ ကြိုဆိုအံ့သောငှါ ရထားမှ ဆင်း၍၊ ရှိသမျှကောင်းသလောဟုမေးသော်၊
22 "Ydyw, yn iawn," meddai yntau, "fy meistr sydd wedi f'anfon i ddweud fod dau broffwyd ifanc newydd gyrraedd o ucheldir Effraim; bydd cystal � rhoi iddynt dalent o arian a dau b�r o ddillad."
22ဂေဟာဇိကကောင်းပါ၏။ ယခုတွင် ပရောဖက် အမျိုးသားလုလင်နှစ်ယောက်သည် ဧဖရိမ်တောင်မှ ရောက်လာပြီ။ ငွေအခွက်တဆယ်နှင့်အဝတ်နှစ်စုံကို သူတို့အဘို့ပေးပါလော့ဟု တောင်းစေခြင်းငှါ၊ ကျွန်တော် သခင်သည် ကျွန်တော်ကိုစေလွှတ်ပါပြီဟု ဆိုလျှင်၊
23 Atebodd Naaman, "Ar bob cyfrif; cymer ddwy dalent." Bu'n daer arno; clymodd ddwy dalent mewn dwy god, a'u rhoi gyda dau b�r o ddillad i ddau o'i weision i'w cario o'i flaen.
23နေမန်က၊ အခွက်နှစ်ဆယ်ကို မငြင်းယူပါလော့ ဟု တိုက်တွန်းလျက်၊ ငွေအခွက်နှစ်ဆယ်ကို အိတ်နှစ်လုံး၌ အဝတ်နှစ်စုံနှင့်တကွ စည်း၍ မိမိကျွန်နှစ်ယောက်အပေါ် မှာ တင်သဖြင့်၊ သူတို့သည်ဂေဟာဇိရှေ့၌ ထမ်းသွားရ၏။
24 Pan ddaethant at y bonc, cymerodd Gehasi hwy o'u llaw a'u rhoi i gadw, ac yna anfonodd y gweision yn �l.
24မြို့ရိုးသို့ ရောက်သောအခါ၊ ထိုဥစ္စာကို ဂေဟာဇိ သည် ယူ၍ အိမ်၌သိုထားသဖြင့်၊ ထမ်းသောသူတို့ကို လွှတ်လိုက်ပြီးမှ၊
25 Wedi iddynt fynd, aeth yntau i mewn i weini ar ei feistr, a dywedodd Eliseus wrtho, "Ple buost ti, Gehasi?" Atebodd, "Ni fu dy was yn unman."
25ကိုယ်တိုင်ဝင်၍ မိမိသခင့်ရှေ့၌ ရပ်နေ၏။ဧလိရှဲကလည်း၊ ဂေဟာဇိ၊ အဘယ်အရပ်သို့ သွားဘိ သနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်သည် အဘယ်အရပ် ကိုမျှ မသွားပါဟုပြန်ပြောသော်၊
26 Ond dywedodd Eliseus, "Onid oedd fy nghalon gyda thi pan ddisgynnodd y gu373?r o'i gerbyd i'th gyfarfod, a phan dderbyniaist yr arian? Pryn ddillad a gerddi olewydd a gwinllannoedd a defaid a gwartheg a gweision a morynion;
26ဧလိရှဲက၊ ထိုလူသည်သင့်ကို ကြိုဆိုအံ့သောငှါ၊ ရထားပေါ်မှ လှည့်သောအခါ၊ ငါ့စိတ်ဝိညာဉ်သည် သင်နှင့်အတူ မလိုက်သလော။ ငွေကိုခံယူချိန်ရှိသလော။ အဝတ်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုးနွား၊ ကျွန် ယောက်ျား၊ ကျွန်မိန်းမကို သိမ်းယူချိန်ရှိသလော။
27 ond bydd gwahanglwyf Naaman yn glynu wrthyt ti a'th deulu am byth." Aeth Gehasi allan o'i u373?ydd yn wahanglwyfus, cyn wynned �'r eira.
27သို့ဖြစ်၍နေမန်၏ နူနာသည်သင်၌၎င်း၊ သင်၏ သားမြေး၌၎င်း၊ အစဉ်အမြဲစွဲစေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ဖြူလျက်၊ သခင်ထံ မှ ထွက်သွား၏။