Welsh

Myanmar

Ezra

1

1 Yn y flwyddyn gyntaf i Cyrus brenin Persia, er mwyn cyflawni gair yr ARGLWYDD a ddaeth trwy Jeremeia, cynhyrfodd yr ARGLWYDD ysbryd Cyrus, a chyhoeddodd ddatganaid trwy ei holl deyrnas ac ysgrifennu:
1ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပဌမနှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီး လျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊
2 "Fel hyn y dywed Cyrus brenin Persia: Y mae'r ARGLWYDD, Duw'r nefoedd, wedi rhoi holl deyrnasoedd y byd i mi, ac wedi gorchymyn i mi adeiladu tu375? iddo yn Jerwsalem yn Jwda.
2ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည် ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရ ဘုရားသည်၊ မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အားပေးတော်မူသည်ဖြစ်၍၊ ယုဒပြည်ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထား တော်မူပြီ။
3 Pob un o'ch plith sy'n perthyn i'w bobl, bydded ei Dduw gydag ef, ac aed i fyny i Jerwsalem yn Jwda i ailadeiladu tu375? ARGLWYDD Dduw Israel, y Duw sydd yn Jerwsalem.
3သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏ လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူ ပါစေသော။ ယုဒပြည်ယေရုရှလင်မြို့သို့ သွား၍ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။
4 Pob un a arbedwyd, ple bynnag y mae'n byw, bydded iddo gael cymorth gan ei gymdogion mewn arian ac aur ac offer ac anifeiliaid, yn ogystal ag offrwm gwirfoddol i du375? Dduw yn Jerwsalem."
4ဘုရားသခင်၏လူ တည်းခိုရာ အရပ်ရပ်၌ နေသောသူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဘို့ အလိုလိုလှူသော အလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။
5 Yna dechreuodd pennau-teuluoedd Jwda a Benjamin, a'r offeiriaid a'r Lefiaid, pob un a symbylwyd gan Dduw, baratoi i fynd i ailadeiladu tu375?'r ARGLWYDD yn Jerwsalem.
5ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေ အမျိုး သူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့် တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့ သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ထကြ၏။
6 Cawsant gefnogaeth eu holl gymdogion gyda llestri arian ac aur, ac offer ac anifeiliaid ac anrhegion gwerthfawr, at y cwbl a roed yn wirfoddol.
6အိမ်နီးချင်း ရှိသမျှတို့သည်၊ အလိုလိုလှူသော အလှူမှတပါး၊ ငွေတန်ဆာနှင့်ရွှေ အစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ၏။
7 Cyflwynodd y Brenin Cyrus lestri tu375?'r ARGLWYDD a ddygwyd gan Nebuchadnesar o Jerwsalem i'w gosod yn nheml ei dduwiau, a rhoddodd hwy i Mithredath y trysorydd;
7ထိုမှတပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာ သိမ်းသွား၍၊ မိမိဘုရားတို့ဗိမာန်၌ သွင်းထားသော ဗိမာန် တော်တန်ဆာတို့ကို၊
8 rhestrodd yntau hwy ar gyfer Sesbassar, llywodraethwr Jwda.
8ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေ ဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်းရှေရှဗာဇာ၌ ရေတွက် လျက် အပ်တော်မူ၏။
9 A dyma'r rhestr: dysglau aur, tri deg; dysglau arian, mil; thuserau, dau ddeg a naw;
9ဗိမာန်တော် တန်ဆာစာရင်းဟူမူကား၊ ရွှေ ဖလားသုံးဆယ်၊ ငွေဖလားတထောင်၊ ထားနှစ်ဆယ် ကိုးစင်း၊
10 cawgiau aur, tri deg; cawgiau arian, pedwar cant a deg; llestri eraill, mil.
10ရွှေအိုးသုံးဆယ်၊ ခြားနားသောငွေအိုး လေးရာ တဆယ်၊ အခြားသောတန်ဆာတထောင်၊
11 Cyfanswm y llestri aur ac arian, pum mil a phedwar cant. A daeth Sesbassar �'r cwbl gydag ef pan ddychwelodd y gaethglud o Fabilon i Jerwsalem.
11ရွှေတန်ဆာ၊ ငွေတန်ဆာအရေအတွက် ပေါင်း ကာ၊ ငါးထောင်လေးရာတည်း။ ထိုတန်ဆာများကို ရှေရှ ဗာဇာသည် ယူ၍၊ အချုပ်ခံရသော လူစုထဲက၊ ဗာဗုလုန် မြို့မှ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့၏။