Welsh

Myanmar

Job

41

1 "A fedri di dynnu Lefiathan allan � bach, neu ddolennu rhaff am ei dafod?
1လဝိသန်ကိုငါးမျှားနှင့် ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော။
2 A fedri di roi cortyn am ei drwyn, neu wthio bach i'w �n?
2သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌သံကွင်းလျှိုမည် လော။
3 A wna ef ymbil yn daer arnat, neu siarad yn addfwyn � thi?
3သူသည်သင့်ကိုများစွာ တောင်းပန်လိမ့်မည် လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။
4 A wna gytundeb � thi, i'w gymryd yn was iti am byth?
4သင်နှင့်ဝန်ခံခြင်း ပဋိညာဉ်ကို ပြုလိမ့်မည် လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှါ သူ့ကို ခန့်ထားမည်လော။
5 A gei di chwarae ag ef fel ag aderyn, neu ei rwymo wrth dennyn i'th ferched?
5ငှက်နှင့်ကစားသကဲ့သို့ သူနှင့်ကစားမည်လော။ သင်၏မိန်းမကလေးတို့အဘို့ သူ့ကိုချည်နှောင်မည်လော။
6 A fydd masnachwyr yn bargeinio amdano, i'w rannu rhwng y gwerthwyr?
6သင်၏အပေါင်းအဘော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။
7 A osodi di bigau haearn yn ei groen, a bachau pysgota yn ei geg?
7သူ၏အရေကို မှိန်းနှင့်၎င်း၊ သူ၏ခေါင်းကို ငါးထိုးသောလှံနှင့်၎င်း၊ အနှံ့အပြားထိုးဖောက်နိုင် သလော။
8 Os gosodi dy law arno, fe gofi am yr ysgarmes, ac ni wnei hyn eto.
8သူ့အပေါ်မှာ လက်တင်ရုံမျှသာ ပြုပါ။ သူ့ကို တိုက်မည်အကြံကို နောက်တဖန်မအောက်မေ့ရ။
9 Yn wir twyllodrus yw ei lonyddwch; onid yw ei olwg yn peri arswyd?
9တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီး ထင်၏။ မြင်ကာမျှနှင့် စိတ်မပျက်သလော။
10 Nid oes neb yn ddigon eofn i'w gynhyrfu; a phwy a all sefyll o'i flaen?
10သူ့ကိုနှိုးဆော်ခြင်းငှါ အဘယ်သူမျှမရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။
11 Pwy a ddaw ag ef ataf, imi gael rhoi gwobr iddo o'r cyfan sydd gennyf dan y nef?
11ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ် သူသည် ငါ၌ ကျေးဇူးပြုဘူးသနည်း။ မိုဃ်းကောင်းကင် အောက်၌ ရှိသမျှတို့သည် ငါ၏ ဥစ္စာဖြစ်ကြ၏။
12 Ni pheidiaf � s�n am ei aelodau, ei gryfder a'i ffurf gytbwys.
12လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သော တန်ဆာတို့ကို ငါသည် ဝှက်၍မထား။
13 Pwy a all agor ei wisg uchaf, neu drywanu ei groen dauddyblyg?
13သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည် နည်း။
14 Pwy a all agor dorau ei geg, a'r dannedd o'i chwmpas yn codi arswyd?
14သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏။
15 Y mae ei gefn fel rhesi o darianau wedi eu cau'n dynn � s�l.
15လုံခြုံစွာ တံဆိပ်ခတ်သကဲ့သို့ တချပ်နှင့် တချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။
16 Y maent yn gl�s wrth ei gilydd, heb fwlch o gwbl rhyngddynt.
16လေမျှမဝင်နိုင်အောင် တချပ်နှင့်တချပ် ပူးကပ် လျက်ရှိကြ၏။
17 Y mae'r naill yn cydio mor dynn wrth y llall, fel na ellir eu gwahanu.
17တချပ်နှင့်တချပ် မခွါနိုင်အောင် တခဲနက် ရှက်တင်လျက်ရှိကြ၏။
18 Y mae ei disian yn gwasgaru mellt, a'i lygaid yn pefrio fel y wawr.
18သူချေဆတ်သောအခါ အလင်းတောက်တတ်၏။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ်၏။
19 Daw fflachiadau allan o'i geg, a thasga gwreichion ohoni.
19ပစပ်ထဲက မီးရူးထွက်၍ မီးပွါးတို့လည်း လွင့်ကြ၏။
20 Daw mwg o'i ffroenau, fel o grochan yn berwi ar danllwyth.
20ကြွက်ကြွက်ဆူသော အိုးကင်းထဲက အခိုးအငွေ့ တတ်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ် ၏။
21 Y mae ei anadl yn tanio cynnud, a daw fflam allan o'i geg.
21အသက်ရှုသောအခါ မီးခဲတောက်၍ ပစပ်ထဲက မီးလျှံထွက်တတ်၏။
22 Y mae cryfder yn ei wddf, ac arswyd yn rhedeg o'i flaen.
22လည်ပင်း၌ တန်ခိုးနေတတ်၏။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ်၏။
23 Y mae plygion ei gnawd yn glynu wrth ei gilydd, ac mor galed amdano fel na ellir eu symud.
23အသားအကြောတို့သည် တခဲနက်ဖြစ်၍ မရွေ့နိုင်အောင် ခိုင်မာလျက် ရှိကြ၏။
24 Y mae ei galon yn gadarn fel craig, mor gadarn � maen melin.
24နှလုံးသည် ကျောက်ကဲ့သို့မာ၏။ အောက်ကြိတ် ဆုံကျောက်ကဲ့သို့ မာ၏။
25 Pan symuda, fe ofna'r cryfion; �nt o'u pwyll oherwydd su373?n y rhwygo.
25သူထသောအခါ ခွန်အားကြီးသောသူတို့သည် ကြောက်လန့်ကြ၏။ ကြောက်လန့်အားကြီးသောကြောင့် အရူးကဲ့သို့ ဖြစ်ကြ၏။
26 Os ceisir ei drywanu �'r cleddyf, ni lwyddir, nac ychwaith �'r waywffon, dagr, na'r bicell.
26သူ့ကိုတိုက်လျှင်ထားမခိုင်တတ်။ လှံ၊ မြှား၊ သံချပ်မခိုင်တတ်။
27 Y mae'n trafod haearn fel gwellt, a phres fel pren wedi pydru.
27သံကို ကောက်ရိုးကဲ့သို့၎င်း၊ ကြေးဝါကို သစ်ဆွေး ကဲ့သို့၎င်း မှတ်တတ်၏။
28 Ni all saeth wneud iddo ffoi, ac y mae'n trafod cerrig-tafl fel us.
28လေးနှင့်ပစ်၍ သူ့ကိုမပြေးစေနိုင်။ လောက်လွှဲ နှင့်ပစ်သောကျောက်ခဲတို့သည် သူ၌ အမှိုက်ကဲ့သို့ ဖြစ်ကြ၏။
29 Fel sofl yr ystyria'r pastwn, ac y mae'n chwerthin pan chwibana'r bicell.
29ဒုတ်ကြီးကို ဖွဲကဲ့သို့မှတ်၍၊ လှံနှင့်ရွယ်သောအခါ ရယ်တတ်၏။
30 Oddi tano y mae fel darnau miniog o lestri, a gwna rychau fel og ar y llaid.
30သူ့အောက်မှာ ထက်သောအိုးစောင်းခြမ်းများရှိ၏။ ရွံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ်၏။
31 Gwna i'r dyfnder ferwi fel crochan; gwna'r m�r fel eli wedi ei gymysgu.
31အိုးကင်းဆူသကဲ့သို့ ပင်လယ်ကိုဆူစေတတ်၏။ သမုဒ္ဒရာကို ဘယောင်းချက်ကဲ့သို့ ဖြစ်စေတတ်၏။
32 Gedy lwybr gwyn ar ei �l, a gwna i'r dyfnder ymddangos yn benwyn.
32သူလွန်သွားသောလမ်းသည် ထွန်းတောက် သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။
33 Nid oes tebyg iddo ar y ddaear, creadur heb ofn dim arno.
33မြေပေါ်မှာသူနှင့်ခိုင်းနိုင်သော တိရစ္ဆာန်မရှိ။ ပကတိအားဖြင့် ကြောက်တတ်သောသဘောနှင့် ကင်းလွတ်၏။
34 Y mae'n edrych i lawr ar bopeth uchel; ef yw brenin yr holl anifeiliaid balch."
34ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြု တတ်၏။ မာနထောင်လွှားသောသူအပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏။