Welsh

Myanmar

Psalms

16

1 1 Michtam. I Ddafydd.0 Cadw fi, O Dduw, oherwydd llochesaf ynot ti.
1အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။
2 Dywedais wrth yr ARGLWYDD, "Ti yw f'arglwydd, nid oes imi ddaioni ond ynot ti."
2ကိုယ်တော်သည် အကျွန်ုပ်၏သခင်ဖြစ်တော်မူ သည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတပါး အခြားသောမင်္ဂလာသည်အကျွန်ုပ် ၌ မရှိပါ။
3 Ac am y duwiau sanctaidd sydd yn y wlad, melltith ar bob un sy'n ymhyfrydu ynddynt.
3ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်း သောသူတို့ကိုသာ နှစ်သက်ပါ၏။
4 Amlhau gofidiau y mae'r un sy'n blysio duwiau eraill; ni chynigiaf fi waed iddynt yn ddiodoffrwm, na chymryd eu henwau ar fy ngwefusau.
4အခြားသောလမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူတို့သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူ မဆက်လို။ သူတို့ဘုရား၏နာမကို မမြွက်လို။
5 Ti, ARGLWYDD, yw fy nghyfran a'm cwpan, ti sy'n diogelu fy rhan;
5ထာဝရဘုရားသည် ငါအမွေခံရာအဘို့၊ ငါ စားသောက်ရာအဘို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။
6 syrthiodd y llinynnau i mi mewn mannau dymunol, ac y mae gennyf etifeddiaeth ragorol.
6ငါပိုင်ထိုက်သောနယ်နိမိတ်သည် သာယာသော အရပ်တွင်ကျ၍၊ ကောင်းမွန်သော အမွေကို ငါခံရပြီ။
7 Bendithiaf yr ARGLWYDD a roddodd gyngor i mi; yn y nos y mae fy meddyliau'n fy hyfforddi.
7ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်။ ညဉ့်အချိန်၌ပင် ငါ့နှလုံးသည် ငါ့ကို နှိုးဆော်တတ်၏။
8 Gosodais yr ARGLWYDD o'm blaen yn wastad; am ei fod ar fy neheulaw, ni'm symudir.
8ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက် မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ျာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်း မရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊
9 Am hynny, llawenha fy nghalon a gorfoledda f'ysbryd, a chaiff fy nghnawd fyw'n ddiogel;
9ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှ တပါး၊ ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။
10 oherwydd ni fyddi'n gadael fy enaid i Sheol, ac ni chaiff yr un teyrngar i ti weld Pwll Distryw.
10အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော် မမူဘဲလျက်၊
11 Dangosi i mi lwybr bywyd; yn dy bresenoldeb di y mae digonedd o lawenydd, ac yn dy ddeheulaw fwyniant bythol.
11အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူလိမ့် မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။