Danish

Myanmar

1 Samuel

13

1Saul var....År ved sin Tronbestigelse, og han herskede i....År over Israel.
1ရှောလုသည် တနှစ်ကျော် နှစ်နှစ်ခန့်လောက် ဣသရေလအမျိုး၌ မင်းပြုပြီးမှ၊ ဣသရေလအမျိုးသား သုံးထောင်တို့ကို ရွေးကောက်ပြီးလျှင်၊ ကိုယ်တိုင်နေသော မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်မှာ လူနှစ်ထောင်၊ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့၊ ယောနသန်ထံမှာ တထောင်ကိုထား၍၊ အခြားသော သူတို့ကို မိမိတို့ အသီးအသီးရောအရပ်သို့ လွှတ်လိုက်လေ၏။
2Saul udvalgte sig 3000 Mand af Israel; af dem var 2000 hos Saul i Mikmas og i Bjergene ved Betel, 1000 hos Jonatan i Gibea i Benjamin; Resten af Krigerne lod han gå hver til sit.
3ယောနသန်သည် ဂိဗာမြို့၌ ရှိသော ဖိလိတ္တိတပ်ကို လုပ်ကြံသဖြင့် ဖိလိတ္တိလူတို့သည် သိတင်းကြား ၏။ ရှောလုကလည်း မြစ်တဘက်၌ နေသောသူတို့သည် ကြားသိစေဟု တပြည်လုံး တံပိုးမှုတ်စေ၏။
3Da fældede Jonatan Filisternes Foged i Geba. Det kom nu Filisterne for Øre, at Hebræerne havde revet sig løs. Men Saul havde ladet støde i Hornet hele Landet over,
4ရှောလုသည် ဖိလိတ္တိတပ်ကို လုပ်ကြံကြောင်းနှင့် ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို ရွံ့ရှာကြောင်း ကို ဣသရေလအမျိုးသား အပေါင်းတို့သည် ကြားသိ၍၊ လူများတို့သည် ရှောလုနောက် ဂိလဂါလ မြို့၌ စည်းဝေးကြ၏။
4og hele Israel hørte, at Saul havde fældet Filisternes Foged, og at Israel havde vakt Filisternes Vrede. Og Folket stævnedes sammen i Gilgal til at følge Saul,
5ဖိလိတ္တိလူတို့သည်လည်း၊ ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ၊ ရထားသုံးထောင်နှင့် မြင်း ခြောက်ထောင်ကို၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ရှိသောလူများကို၎င်း စုဝေးစေပြီးလျှင်၊ စစ်ချီဗေသဝင် မြို့အရှေ့၊ မိတ်မတ်မြို့၌ တပ်ချကြ၏။
5men Filisterne havde samlet sig til Kamp mod Israel, 3000 Stridsvogne, 6000 Ryttere og Fodfolk så talrigt som Sandet ved Havets Bred, og de drog op og lejrede sig i Mikmas lige over for Bet-Aven.
6ဣသရေလအမျိုးသားတို့သည် အလွန် ဆင်းရဲခံရသဖြင့်၊ မိမိတို့ ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင်သောအခါ၊ ဥမင်၊ တောအုံ၊ ကျောက်ကြား၊ တောင်ထိပ်၊ မြေတွင်းတို့၌ ပုန်းရှောင်၍ နေကြ၏။
6Da Israels Mænd skønnede, hvilken Fare de var i thi Folket blev trængt, skjulte Folket sig i Huler, Jordhuller, Klipperevner, Gruber og Cisterner
7ယော်ဒန်မြစ်တဘက်၌ နေသောသူအချို့တို့သည် ကူးပြန်၍၊ ဂဒ်ပြည်၊ ဂိလဒ်ပြည်သို့ သွားကြ၏။ ရှောလုသည် ဂိလဂါလမြို့၌ နေသေး၍၊ လူအပေါင်းတို့သည် သူ့နောက်၌ တုန်လှုပ်လျက်ရှိကြ၏။
7eller gik over Jordans Vadesteder til Gads og Gileads Land. Men Saul var endnu i Gilgal, og hele Folket fulgte ham med Frygt i Sind.
8ရှမွေလ ချိန်းချက်သည်အတွင်း ရှောလုသည် ခုနစ်ရက် ငံ့လင့်၍၊ ရှမွေလသည် ဂိလဂါလမြို့သို့ မရောက်၊ လူများတို့လည်း ထွက်ပြေးကြ၏။
8Han ventede syv Dage til den Tid, Samuel havde fastsat; men Samuel kom ikke til Gilgal. Da Folket så spredte sig og forlod Saul,
9ရှောလုကလည်း၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ပူဇော်သက္ကာတို့ကို ငါ့ထံသို့ ယူခဲ့ကြဟုဆိုသဖြင့်၊ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။
9sagde han: "Bring Brændofferet og Takofrene hen til mig!" Så ofrede han Brændofferet.
10မီးရှို့ရာယဇ်ပူဇော်ခြင်းအမှု ပြီးသည်အဆုံး၌ ရှမွေလသည် လာ၏။ ရှောလုသည် ကောင်းကြီးပေး၍ ခရီးဦးကြို ပြုခြင်းငှါ ထွက်သွားလျှင်၊
10Men lige som han var færdig med at ofre Brændofferet, se, da kom Samuel, og Saul gik ham i Møde for at hilse på ham.
11ရှမွေလက၊ သင်သည် အဘယ်သို့ ပြုသနည်းဟု မေးသော်၊ ရှောလုက၊ လူများတို့သည် အကျွန်ုပ်ထံ မှ ထွက်ပြေးကြောင်း၊ ကိုယ်တော်သည် ချိန်းချက်သော အချိန်၌ မရောက်ကြောင်း၊ ဖိလိတ္တိလူတို့ သည် မိတ်မတ်မြို့၌ စုဝေးကြောင်းများကို သိမြင်သောအခါ၊ -
11Da sagde Samuel: "Hvad har du gjort!" Saul svarede: "Jeg så, at Folket spredte sig og forlod mig, men du kom ikke til den fastsatte Tid, og Filisterne samlede sig ved Mikmas;
12ဖိလိတ္တိလူတို့သည် ငါရှိရာ ဂိလဂါလမြို့သို့ စစ်ချီကြလိမ့်မည်။ ထာဝရဘုရားကို ငါမတောင်းပန်သေး ဟု အကျွန်ုပ်အောက်မေ့သဖြင့်၊ ကိုယ်ကို အနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီဟု ပြန်ပြော၏။
12så tænkte jeg: Nu drager Filisterne ned til Gilgal imod mig, og jeg har endnu ikke vundet HERRENs Gunst; da tog jeg Mod til mig og bragte Brændofferet!"
13ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလအမျိုး၌ သင်၏ အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။
13Samuel sagde til Saul: "Tåbeligt har du handlet. Hvis du havde holdt den Befaling, HERREN din Gud gav dig, vilde HERREN nu have grundfæstet dit Kongedømme over Israel til evig Tid;
14ယခုမူကား သင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သော သူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာ မင်းဖြစ်စေခြင်းငှါ ထာဝရဘုရား မိန့်တော်မူပြီ။ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မကျင့်ဟု ရှောလုအား ဆိုပြီးလျှင်၊
14men nu skal dit Kongedømme ikke bestå. HERREN har udsøgt sig en Mand efter sit Hjerte, og ham har HERREN kaldet til Fyrste over sit Folk, fordi du ikke holdt, hvad HERREN bød dig!"
15ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့သို့ သွား၏။ ရှောလုသည် မိမိ၌ ရှိသောလူတို့ကို ရေတွက်၍ ခြောက်ရာခန့်မျှ ရှိ၏။
15Derpå brød Samuel op og gik bort fra Gilgal; men den tilbageblevne Del af Folket drog op i Følge med Saul for at støde til Krigerne, og de kom fra Gilgal til Gibea i Benjamin. Da mønstrede Saul de Folk, han havde hos sig, omtrent 600 Mand;
16သူနှင့် သားတော် ယောနသန်၊ သူတို့၌ ရှိသော လူအပေါင်းတို့သည် ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့တွင် နေကြ၏။ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့တွင် တပ်ချကြ၏။
16og Saul og hans Søn Jonatan og de Folk, de havde hos sig, lå i Geba i Benjamin, medens Filisterne lå lejret i Mikmas.
17လုယူသော တပ်သုံးတပ်တို့သည်၊ ဖိလိတ္တိတပ်မထဲကထွက်၍ တတပ်သည် ရွာလပြည် ဩဖရမြို့ လမ်းသို့လိုက်၏။
17Fra Filisternes Lejr drog så en Skare ud i tre Afdelinger for at plyndre; den ene Afdeling drog i Retning af Ofra til Sjualegnen,
18တတပ်သည် ဗေသောရုန်မြို့လမ်းသို့ လိုက်၏။ တတပ်သည် တောဘက်မှာ ဇေဘိုင်ချိုင့်ကို မျက်နှာပြုသော ပြည်စွန်းလမ်းသို့ လိုက်၏။
18den anden i Retning af Bet Horon og den tredje i Retning af den Høj, som rager op over Zeboimdalen, ad Ørkenen til.
19ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ထားလှံတို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလ ပြည်တရှောက်လုံးတွင် ပန်းပဲတယောက်မျှမရှိ။
19Men der fandtes ingen Smede i hele Israels Land; thi Filisterne havde tænkt, at Hebræerne ellers kunde lave sig Sværd og Spyd;
20ဣသရေလလူအပေါင်းတို့သည် ထွန်သွား၊ ပေါက်တူး၊ ပုဆိန်၊ တူးရွင်းကို ထက်စေခြင်းငှါ၊ ဖိလိတ္တိ လူတို့ရှိရာသို့ သွားရကြ၏။
20derfor måtte hele Israel drage ned til Filisterne for at få hvæsset deres Plovjern, Hakker, Økser eller Pigkæppe;
21နောက်တဖန် ထွန်သွား၊ ပေါက်တူး၊ သုံးခွခက်ရင်း၊ ပုဆိန်၊ ထိုးတံချွန် တုံးလျက်ရှိကြ၏။
21det kostede en Pim at få slebet Plovjem og Hakker og en Tredjedel Sekel for Økser og for at indsætte Pig.
22သို့ဖြစ်၍ စစ်တိုက်ရာကာလ ရှောလုနှင့်သားတော် ယောနသန်မှတပါး အဘယ်သူ၌မျှ ထားလှံမရှိ။
22Således fandtes der, den Dag Slaget stod ved Mikmas, hverken Sværd eller Spyd hos nogen af Krigerne, som var hos Saul og Jonatan; kun Saul og hans Søn Jonatan havde Våben.
23တဖန် ဖိလိတ္တိတပ်သားတို့သည် မိတ်မတ်မြို့ လမ်းဝသို့ ထွက်၍ နေကြစဉ်တွင်၊
23Filisternes Forpost rykkede frem til Mikmaspasset.