Danish

Myanmar

2 Chronicles

28

1Akaza var tyve År gammel da han blev Konge, og han herskede seksten År i Jerusalem. Han gjorde ikke, hvad der var ret i HERRENs Øjne, som hans Fader David,
1အာခတ်သည် အသက်နှစ်ဆယ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်ခြောက်နှစ် စိုးစံ လေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့ မကျင့်၊ ထာဝရ ဘုရားရှေ့တော်၌ တရားသောအမှုကို မပြု။
2men vandrede i Israels Kongers Spor Ja, han lod lave støbte Billeder til Ba'alerne;
2ဣသရေလရှင်ဘုရင်တို့လိုက်သော လမ်းသို့ လိုက်၍၊ ဗာလဘုရားတို့အဘို့ ရုပ်တုဆင်းတုများကို သွန်းလေ၏။
3han tændte selv Offerild i Hinnoms Søns Dal og lod sine Sønner gå igennem Ilden efter de Folks vederstyggelige Skik, som HERREN havde drevet bort foran Israeliterne.
3ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသောတပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။
4Han ofrede og tændte Offerild på Offerhøjene og de høje Steder og under alle grønne Træer.
4မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက် တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့တတ်၏။
5Derfor gav HERREN hans Gud ham i Arams Konges Hånd, og de slog ham og tog mange af hans Folk til Fange og førte dem til Darmaskus. Ligeledes blev han givet i Israels Konges Hånd, og denne tilføjede ham et stort Nederlag.
5ထိုကြောင့်၊ သူ၏ဘုရားသခင် ထာဝရဘုရား သည်၊ သူ့ကို ရှုရိရှင်ဘုရင်လက်သို့ အပ်တော်မူသဖြင့်၊ ရှုရိလူတို့သည် လုပ်ကြံလျက်၊ များစွာသော လူတို့ကို ဘမ်းဆီး၍၊ ဒမာသက်မြို့သို့ သိမ်းသွားကြ၏။
6Peka, Remaljas Søn, dræbte i Juda 120.000 Mennesker på een Dag, lutter dygtige Krigsfolk, fordi de havde forladt HERREN, deres Fædres Gud.
6တဖန်ဣသရေလရှင်ဘုရင်လက်သို့ အပ်တော်မူ သဖြင့်၊ ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်း တမ်းစွာ လုပ်ကြံ၍၊ ရဲရင့်သောယုဒအမျိုးသား တသိန်း နှစ်သောင်းကို တနေ့ခြင်းတွင် သတ်လေ၏။ အကြောင်းမူ ကား၊ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရားကို စွန့်ကြသတည်း။
7Den efraimitiske Helt Zikri dræbte Kongesønnen Ma'aseja, Paladsøversten Azrikam og Elkana, den ypperste næst Kongen.
7ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည်၊ ရှင်ဘုရင်သားမာသေယ၊ နန်းတော်အုပ်အာဇရိကံ၊ ရှင်ဘုရင်နောက်ဒုတိယမင်း ဧလကာနကို သတ်၏။
8Israeliterne bortførte fra deres Brødre 200.000 Hustruer, Sønner og Døtre som Fanger og fratog dem et stort Bytte, som de førte til Samaria.
8ဣသရေလအမျိုးသားတို့သည်လည်း၊ မိမိတို့နှင့် ပေါက်ဘော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာသော ဥစ္စာကိုလည်း လုယူ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ၏။
9Her boede en HERRENs Profet ved Navn Oded; han gik Hæren i Møde, da den kom til Samaria, og sagde til dem: "Fordi HERREN, eders Fædres Gud, var vred på Juda, gav han dem i eders Hånd; men I har anrettet et Blodbad iblandt dem med et Raseri, der når til Himmelen!
9ဩဒက်အမည်ရှိသော ထာဝရဘုရား၏ ပရော ဖက်တပါးရှိ၍၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြို လျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကို အမျက်တော်ထွက်သောကြောင့်၊ သင်တို့ လက်၌ အပ်တော်မူသဖြင့်၊ သင်တို့သည် မိုဃ်းကောင်း ကင်သို့ ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီ တကား။
10Og nu tænker I på at få Magten over Folkene fra Juda og Jerusalem og gøre dem til eders Trælle og Trælkvinder! Har l da ikke også selv nok på Samvittigheden over for HERREN eders Gud!
10ယခုတွင်လည်း၊ ယုဒပြည်သူ၊ ယေရုရှလင် မြို့သား ယောက်ျား၊ မိန်းမတို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံရှိကြသည်တကား။ သို့ပြုလျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားရာသို့ ရောက်သည် မဟုတ်လော။
11Lyd derfor mig og send de Fanger tilbage, som I har gjort blandt eders Brødre, thi HERRENs glødende Vrede er over eder!"
11ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သည် ယခုဘမ်းဆီး၍ သိမ်းယူခဲ့သော သင်တို့၏ ညီအစ်ကို များကို လွှတ်လိုက်ကြလော့။ သို့မဟုတ် ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။
12Da trådte nogle af Efraimiternes Overhoveder, Azarja, Johanans Søn, Berekja, Mesjillemots Søn, Hizkija, Sjallums Søn, og Amasa, Hadlajs Søn, frem for de hjemvendte Krigere
12ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ၊ ယောဟ နန်သားအာဇရိ၊ မေရှိလေမုတ်သား ဗေရခိ၊ ရှလ္လုံသား ဟေဇကိ၊ ဟာဒလဲသား အာမသာတို့သည် စစ်တိုက်ရာမှ လာသော သူတို့ကို ဆီးတား၍၊
13og sagde til dem: "I må ikke bringe Fangerne herhen! Thi I har i Sinde at øge vote Synder og vor Skyld ud over den Skyld, vi har over for HERREN; thi stor er vor Skyld, og glødende Vrede er over Israel!"
13သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ် ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်ကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့်၊
14Da gav de væbnede Slip på Fangerne og Byttet i Øversternes og hele Forsamlingens Påsyn;
14စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။
15og de ovenfor nævnte Mænd stod op og tog sig af Fangerne, gav alle de nøgne iblandt dem Klæder af Byttet, forsynede dem med Klæder og Sko, gav dem Mad og Drikke, salvede dem, lod dem, der ikke kunde gå, ride på Æsler og bragte dem til Jeriko, Palmestaden, hen i Nærheden af deres Brødre; derpå vendte de tilbage til Samaria.
15အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသော သူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းကို စီးစေ ကြ၏။ စားသောက်စရာဘို့ ပေးကြ၏။ ဆီနှင့်လိမ်း စေကြ၏။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာ တင်၍၊ သူတို့ ပေါက်ဘော်ရှိရာ ယေရိခေါမြို့တည်း ဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြိးမှ၊ ရှမာရိမြို့သို့ ပြန်သွား ကြ၏။
16På den Tid sendte Kong Akaz Assyrerkongen Bud om Hjælp.
16ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ ကူမစေခြင်းငှါ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။
17Tilmed trængte Edomiterne ind og slog Judæerne og slæbte Krigsfanger bort.
17အကြောင်းမူကား၊ ဧဒုံလူတို့သည် လာပြန် သဖြင့်၊ ယုဒပြည်ကို လုပ်ကြံ၍၊ လူများကိုဘမ်းဆီး သိမ်း သွားကြပြီ။
18Og Filisterne faldt ind i Lavlandets Byer og den judæiske Del af Sydlandet og indtog Bet-Sjemesj, Ajjalon, Gederot, Soko med Småbyer, Timna med Småbyer og Gimzo med Småbyer og bosatte sig der.
18ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ ရှိသောမြို့တို့ကိုတိုက်၍၊ ဗက်ရှေ မက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍နေရာ ချကြ၏။
19Thi HERREN ydmygede Juda for Kong Akaz af Judas Skyld, fordi han havde ladet Tøjlesløshed opkomme i Juda og været troløs mod HERREN.
19ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရား သည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒ ပြည်၏အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်း တမ်းစွာ ပြစ်မှား၏။
20Men Assyrerkongen Tillegat-Pilneser drog imod ham og bragte ham i Nød i Stedet for at hjælpe ham;
20အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာလာသော် လည်း၊ အားကိုမပေး၊ သာ၍ဆင်းရဲစေ၏။
21thi Akaz plyndrede HERRENs Hus, og Kongens Palads og Øversternes Palads og gav det til Assyrerkongen, men det hjalp ham intet.
21အကြောင်းမူကား၊ အာခတ်သည် ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာမှစ၍၊ မှူးမတ်အိမ်တို့၌ ရှိသော ဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိရှင်ဘုရင်အား ပေးသော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။
22Og selv da Assyrerkongen bragte ham i Nød, var Kong Akaz på ny troløs mod HERREN;
22အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသော အခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။
23han ofrede til Darmaskus's Guder, som havde slået ham, idet han sagde: "Aramæerkongernes Guder har jo hjulpet dem; til dem vil jeg ofre, at de også må hjælpe mig!" Men de blev ham og hele Israel til Fald.
23ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိရှင်ဘုရင် ကိုးကွယ် သောဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှါ၊ ထိုဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုးအကျိုးနည်းစရာ အကြောင်း ဖြစ်သတည်း။
24Også samlede Akaz Karrene i Guds Hus og slog dem i Stykker; og han lukkede HERRENs Hus's Porte og lavede sig Altre ved hvert et Hjørne i Jerusalem;
24တဖန်အာခတ်သည် ဗိမာန်တော်တန်ဆာတို့ကို စုထား၍အပိုင်းပိုင်း ချိုးဖြတ်၏။ ဗိမာန်တော်တံခါးတို့ကို လည်း ပိတ်ထား၏။ ယေရုရှလင်မြို့ထောင့်များ၌ ယဇ် ပလ္လင်တို့ကို တည်၏။
25og i hver eneste By i Juda indrettede han Offerhøje for at tænde Offerild for fremmede Guder; således krænkede han HERREN, sine Fædres Gud.
25အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်း ကို မီးရှို့စရာဘို့။ ယုဒမြို့အသီးသီးတို့၌ မြင့်သောအရပ် တို့ကို တည်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရား၏ အမျက်တော်ကို နှိုးဆော်လေ၏။
26Hvad der ellers er at fortælle om ham og hele hans Færd fra først til sidst, står jo optegnet i Bogen om Judas og Israels Konger.
26အာခတ်ကျင့်ကြံပြုမူသော အမှုအရာကြွင်းလေ မျှ အစအဆုံးတို့သည် ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။
27Så lagde Akaz sig til Hvile bos sine Fædre, og man jordede ham i Jerusalem, inde i Byen, thi man vilde ikke jorde ham i Israels Kongegrave; og hans Søn Ezekias blev Konge i hans Sted.
27အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ယေရုရှလင်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံရသော်လည်း၊ ဣသ ရေလရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။ သားတော် ဟေဗကိသည် ခမည်းတော်အရ၌ နန်းထိုင်၏။