1Profeten Elisa kaldte en af Profetsønnerne til sig og sagde til ham: "Omgjord dine Lænder, tag denne Flaske Olie med og drag til Ramot i Gilead.
1ထိုအခါပရောဖက် ဧလိရှဲသည် ပရောဖက် အမျိုးသားတယောက်ကို ခေါ်၍၊ သင်၏ခါးကို စည်း လော့။ ဤဆီဘူးကိုယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွားလော့။
2Når du kommer derhen, opsøg så Jehu, Nimsjis Søn Josjafats Søn; gå hen og få ham til at stå op fra sine Fæller og før ham ind i det inderste Hammer;
2ရောက်သောအခါ၊ နိမ်ရှိသားယောရှဖတ်၏သား ယေဟုကို ရှာ၍သူ့ထံသို့ ဝင်လျက်၊ သူ့ကိုသူ၏အပေါင်း အဘော်စုထဲက ထွက်စေ၍၊ အတွင်းအခန်းထဲသို့ ခေါ်ပြီး လျှင်၊
3tag så Olieflasken og gyd Olien ud over hans Hoved med de Ord: Så siger HERREN: Jeg salver dig til Konge over Israel! Derefter skal du lukke Døren op og flygte ufortøvet!"
3ဤဆီဘူးကိုကိုင်၍ သူ၏ခေါင်းပေါ်၌ ဆီကို လောင်းလျက်၊ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသ ရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါးကိုဖွင့်၍ မဆိုင်း မလင့်ဘဲ ပြေးလော့ဟု မှာထားလေ၏။
4Den unge Mand, Profetens Tjener, drog så til Ramot i Gilead;
4ထိုပရောဖက်အမျိုးသားလုလင်သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား၏။
5og da han kom derhen, traf han Hærførerne siddende sammen. Han sagde da: "Jeg har et Ærinde til dig, Hærfører!" Jehu spurgte: "Til hvem af os?" Han svarede: "Til dig, Hærfører!"
5ရောက်သောအခါ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်းဟု မေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏။
6Så rejste han sig og gik ind i Huset; der gød han Olien ud over hans Hoved og sagde til ham: "Så siger HERREN, Israels Gud: Jeg salver dig til Konge over HERRENs Folk, over Israel!
6ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည် သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။
7Du skal hugge din Herre Akabs Hus ned, så jeg får Hævn over Jesabel for mine Tjenere Profeternes og alle HERRENsjeneres Blod.
7ငါ့ကျွန်ပရောဖက်တို့ကို သတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သော အပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည် အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။
8Hele Akabs Hus skal omkomme, jeg vil udrydde hvert mandligt Væsen, hver og en af Akabs Slægt i Israel;
8အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်း ငှါ၊ ဣသရေလ မြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုးသား ယောက်ျားများကို ငါပယ်ဖြတ်မည်။
9jeg vil handle med Akabs Hus som med Jeroboams, Nebats Søns, og Ba'sjas, Ahijas Søns, Hus.
9အာဟပ်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးကဲ့သို့၎င်း၊ အဟိယ၏သား ဗာရှာအမျိုးကဲ့သို့၎င်း ဖြစ်စေမည်။
10Og Jesabel skal Hundene æde på Jizre'els Mark, og ingen skal jorde hende!" Derpå lukkede han Døren op og flygtede.
10ယေဇဗေလကို သင်္ဂြိုလ်သောသူမရှိ။ ယေဇ ရေလမြေကွက်၌၊ ခွေးတို့သည်သူ့ကိုစားကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ တံခါးကိုဖွင့်၍ ပြေး၏။
11Da Jebu kom ud til sin Herres Folk, spurgte de ham: "Hvorledes står det til? Hvad vilde den gale Mand hos dig?" Han svarede: "I kender jo den Mand og hans Snak!"
11ထိုအခါ ယေဟုသည် မိမိသခင်၏ ကျွန်တို့ရှိရာ သို့ ထွက်၍၊ တယောက်က၊ ရှိသမျှကောင်းသလော။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင်၊ ယေဟုက၊ သင်တို့သည် ထိုသူကို၎င်း၊ သူပြောသော စကားကို၎င်း သိကြ၏ဟုဆိုသော်၊
12Men de sagde: "Udflugter! Sig os det nu!" Da sagde han: "Således sagde han til mig: Så siger HERREN: Jeg salver dig til Konge over Israel!"
12သူတို့က ငါတို့မသိ။ ပြောပါလော့ဟု ဆိုပြန် သော်၊ ယေဟုက၊ ထိုသူသည်ဤမည်သော စကားကို ပြော၏။ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊
13Øjeblikkelig tog de da hver sin Kappe og lagde under ham på selve Trappen, og de stødte i Hornet og udråbte Jehu til Konge.
13သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟု အောက်မှာခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ ၏ဟု တံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။
14Således stiftede Jehu, Nimsjis Søn Josjafats Søn, en Sammensværgelse mod Joram. Joram havde med hele Israel forsvaret Ramot i Gilead mod Kong Hazael af Aram;
14ထိုသို့နိမ်ရှိသားယောရှဖတ်၏ သားယေဟုသည် ယောရံမင်း တဘက်သင်းဖွဲ့လေ၏။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့်၊ ယောရံမင်းနှင့် ဣသရေလလူ အပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏။
15men Kong Joram var vendt tilbage for i Jizre'el at søge Helbredelse for de Sår, Aramæerne havde tilføjet ham, da han kæmpede med Kong Hazael af Aram. Da sagde Jehu: "Vil I som jeg, så lad ikke en eneste slippe ud af Byen og bringe Bud til Jizre'el."
15သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင် ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွား နှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလ မြို့သို့သွား၍ သိတင်းကြားပြောရသော သူတစုံ တယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်ဟုစီရင်၏။
16Derpå steg Jehu til Vogns og kørte til Jizre'el; thi der lå Joram syg, og Kong Ahazja af Juda var rejst ned for at se til ham.
16ထိုသို့ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေ သောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့ သွား၏။ ထိုအခါ ယုဒရှင်ဘုရင်အာ ခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှါ ရောက်လာပြီ။
17Da Vægteren, som stod på Tårnet i Jizre'el, så Støvskyen efter Jehu, sagde han: "Jeg ser en Støvsky!" Da sagde Joram: "Tag en Rytter og send ham ud imod dem, for at han kan spørge, om de kommer med Fred!"
17ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သော သူသည်ရပ်လျက်၊ ယေဟုနှင့် လိုက်လာသော အလုံး အရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင် သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှါ သွား၍ ငြိမ်သက်ခြင်း ရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီး သူရဲတယောက်ကို စေလွှတ်သည်အတိုင်း၊
18Så red Rytteren ham i Møde og sagde: "Således siger Kongen: Kommer du med Fred?" Jehu svarede: "Hvad vedkommer det dig, om det er med Fred? Omkring, følg mig!" Vægteren meldte: "Sendebudet har nået dem, men han kommer ikke tilbage!"
18မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှါသွား၍၊ ငြိမ် သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ ရောက်၍ ပြန်မလာပါဟုဆိုသော်၊
19Så sendte han en anden Rytter ud; og da han var kommet hen til dem, sagde han: "Således siger Kongen: Kommer du med Fred?" Jehu svarede: "Hvad vedkommer det dig, om jeg kommer med Fred? Omkring, følg mig!"
19ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲ တယောက်ကို စေလွှတ်ပြန်၍၊ သူသည်ရောက်သောအခါ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင် မေးတော်မူကြောင်း ကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်း နှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက် လော့ဟု ဆို၏။
20Vægteren tneldte: "Han har nået dem, men han kommet ikke tilbage. Og de har en Fart på, som var det Jebu, Nimsjis Søn, thi han farer af Sted som rasende."
20စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် ရောက်၍ ပြန်မလာပါ။ လာသောသူသည် နိမ်ရှိသား ယေဟုနှင့် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏။
21Da sagde Joram: "Spænd for!" Og da der var spændt for, kørte Kong Joram af Israel og Kong Ahazja af Juda ud hver i sin Vogn. De kørte Jehu i Møde og traf ham ved Jizre'eliten Nabots Mark.
21ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏ မြေကွက်တွင် တွေ့ကြ၏။
22Da Joram fik Øje på Jehu, spurgte han: "Kommer du med Fred, Jehu?" Men han svarede: "Hvad! Skulde jeg komme med Fred, så længe det ikke har Ende med din Moder Jesabels Bolen og hendes mange Trolddomskunster!"
22ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက။ သင့်အမိယေဇ ဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများ သော ကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊
23Da drejede Joram omkring og flygtede, idet han roabte tiIAhazja: "Svig, Ahazja!"
23ယောရံက၊ အိုအာခဇိ၊ ပုန်ကန်မှုပါတကားဟု ဆိုလျက် လှည့်၍ ပြေး၏။
24Men Jehu greb sin Bue og skød Joram i Ryggen, så at Pilen gik igennem Hjertet, og han sank sammen i Vognen;
24ယေဟုသည်လည်း လေးကိုတင်၍ ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာမှန်၏။ မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာ လဲနေ၏။
25og Jehu sagde til sin Høvedsmand Bidkar: "Tag og kast ham hen på Jizre'eliten Nabots Mark, thi det rinder mig i Hu, hvorledes jeg og du kørte sammen bag efter hans Fader Akab, dengang HERREN fremsatte dette Udsagn imod ham:
25ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့ သားနာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။
26Sandelig, Nabots og hans Sønners Blod så jeg i Går, lyder det fra HERREN, og jeg bringer Gengældelse over dig her på denne Mark, lyder det fra HERREN! Tag derfor og kast ham hen på Marken efter HERRENs Ord!"
26အကယ်စင်စစ်နာဗုတ်အသွေး၊ သူ့သားတို့၏ အသွေးကို မနေ့က ငါကြည့်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ ဤမြေကွက်၌ သင့်ကို အပြစ်နှင့် အလျောက် ငါဒဏ်ပေးမည်ဟု ထာဝရဘုရားမိန့်တော် မူ၏။ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ရှိသည် အတိုင်း၊ ဤမြေကွက်၌ အလောင်းကိုချပစ်လော့ဟု မိမိရထားမှုဗိဒကကို ဆို၏။
27Da Kong Ahazja at Juda så det, flygtede han ad Vejen til BetHagan; men Jehu satte efter ham og råbte: "Også ham!" Og i Gurpasset, i Nærheden afJibleam, skød de ham ned i Vognen. Han undslap til Megiddo, men der døde han.
27ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည်မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကို ရထားပေါ်မှာ ထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့နား၊ ဂုရမြို့သို့သွားလောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါမြို့သို့ပြေး၍ သေ၏။
28Hans Folk førte ham til Jerusalem og jordede ham i hans Grav hos hans Fædre i Davidsbyen.
28သူ၏ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့ တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ၏။
29I Akabs Søn Jorams ellevte Regerinsgår blev Ahazja Konge over Juda.
29ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ၌ နန်းထိုင်၏။
30Jehu kom nu til Jizre'el. Så snart Jesabel hørte det, sminkede hun sine Øjne og smykkede sit Hoved og bøjede sig ud af Vinduet;
30ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှု လျက် နေ၏။
31og da Jehu kørte ind igennem Porten, råbte hun: "Kommer du med Fred, Zimri Kongemorder?"
31ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇ ဗေလက၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာ ရသလောဟု မေးလျှင်၊
32Men han så op til Vinduet og sagde: "Hvem holder med mig? Hvem?" Så var der et Par Hofmænd, som så ud efter ham,
32ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာ အဘယ် သူနေသနည်း။ အဘယ်သူဟုမေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။
33og han råbte: "Styrt hende ned!" Så styrtede de hende ned. og Blodet sprøjtede op på Muren og på Hestene, og de trådte hende ned.
33ယေဟုက၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံ အပေါ်၌၎င်း၊ မြင်းတို့အပေါ်၌၎င်း စဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊
34Derpå gik han ind og spiste og drak. Så sagde han: "Tag jer af hende, den forbandede, og jord hende, hun var jo dog en Kongedatter!"
34စားသောက်ပြီးမှ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင် သမီးဖြစ်သောကြောင့်၊ သွားကြည့်၍သင်္ဂြိုဟ် လော့ဟု ဆိုသည်အတိုင်း၊
35Men da de gik ud for at jorde hende, fandt de ikke andet af hende end Hjerneskallen, Fødderne og Hænderne.
35သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့်၊ တဖန် လာ၍ ကြားလျှောက်ကြ၏။
36Og de kom tilbage og meldte ham det; da sagde han: "Det er det Ord, HERREN talede ved sin Tjener Tisjbiten Elias: På Jizre'els Mark skal Hundene æde Jesabels Legeme!
36ယေဟုက၊ ယေဇရေလေမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရ ဘုရားသည် မိမိကျွန်တိရှဘိမြို့သားဧလိယအားဖြင့် မိန့်တော်မူသော စကားတော်သည် ဤသို့ ပြည့်စုံပြီ။
37og Jesabels Lig skal blive som Gødning på Ageren på Jizre'els Mark, så ingen kan sige: Dette er Jesabel!"
37သို့ဖြစ်၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်း ဖြစ်၏ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း၊ သူ၏ အလောင်းကောင်သည် ယေဇရေလမြေကွက်တွင်၊ လယ်ပြင်၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို၏။