1David sang HERREN denne Sang, dengang HERREN havde frelst ham af alle hans Fjenders og af Sauls Hånd.
1ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား၊
2Han sang: "HERRE, min Klippe, min Borg, min Befrier,
2ထာဝရဘုရားသည်ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကို ကယ်လွှတ်သော သခင်၊
3min Gud, mit Bjerg, hvortil jeg tyr, mit Skjold, mit Frelseshorn, mit Værn, min Tilflugt, min Frelser, som frelser mig fra Vold!
3ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ကယ်လွှတ်တော်မူ၏။
4Jeg påkalder HERREN, den Højlovede, og frelses fra mine Fjender.
4ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။
5Dødens Brændinger omsluttede mig, Ødelæggelsens Strømme forfærdede mig,
5သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကို ဝိုင်းမိ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့် ရ၏။
6Dødsrigets Reb omspændte mig, Dødens Snarer faldt over mig;
6မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက် ရှိ၏။
7i min Vånde påkaldte jeg HERREN og råbte til min Gud. Han hørte min Røst fra sin Helligdom, mit Råb fandt ind til hans Ører!
7ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားကို ခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။
8Da rystede Jorden og skjalv, Himlens Grundvolde bæved og rysted, thi hans Vrede blussede op.
8ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ မိုဃ်းကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။
9Røg for ud af hans Næse, fortærende Ild af hans Mund, Gløder gnistrede fra ham.
9နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏။
10Han sænkede Himlen, steg ned med Skymulm under sine Fødder;
10မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ် လေ၏။
11båret af Keruber fløj han, svæved på Vindens Vinger;
11ခေရုဗိမ်ကို စီးလျက်ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ၏။
12han omgav sig med Mulm som en Bolig, mørke Vandmasser, vandfyldte Skyer.
12မှောင်မိုက်တည်းဟူသော တခဲနက်သော ရေနှင့် ထူထပ်သောမိုဃ်းတိမ်တို့ကို ကိုယ်တော်၌ ကာရံစေတော်မူ၏။
13Fra Glansen foran ham for der Hagl og Ildgløder ud.
13ရှေ့တော်၌ ရောင်ခြည်ကြောင့် မီးခဲတောက်လျက် ရှိ၏။
14HERREN tordned fra Himlen, den Højeste lod høre sin Røst;
14ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာမိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။
15han udslynged Pile, adsplittede dem, lod Lynene funkle og skræmmede dem.
15လေးမြှားတို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သတို့ကို အရပ်ရပ်သို့ ခွဲ၍ ရှုံးစေတော်မူ၏။
16Havets Bund kom til Syne, Jordens Grundvolde blottedes ved HERRENs Trusel, for hans Vredes Pust.
16ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက် ရှိကြ၏။
17Han udrakte Hånden fra det høje og greb mig, drog mig op af de vældige Vande,
17အထက်အရပ်က လက်တော်ကိုဆန့်၍၊ တခဲနက်သော ရေထဲက ငါ့ကို ဆယ်ယူတော်မူ၏။
18frelste mig fra mine mægtige Fjender, fra mine Avindsmænd; de var mig for stærke.
18ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။
19På min Ulykkes Dag faldt de over mig, men HERREN blev mig et Værn.
19ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးထားသော်လည်း၊ ထာဝရဘုရားသည် ငါမှီခိုရာ ဖြစ်၍၊
20Han førte mig ud i åbent Land, han frelste mig, thi han havde Behag i mig.
20ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။
21HERREN gengældte mig efter min Retfærd, lønned mig efter mine Hænders Uskyld;
21ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။
22thi jeg holdt mig til HERRENs Veje, svigted i Gudløshed ikke min Gud;
22အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍ မသွား။
23hans Bud stod mig alle for Øje, jeg veg ikke fra hans Love.
23စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့မှမလွှဲ။
24Ustraffelig var jeg for ham og vogtede mig for Brøde.
24ရှေ့တော်မှာဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏ ။
25HERREN lønned mig efter min Retfærd, mine Hænders Uskyld, som var ham for Øje!
25ထိုကြောင့်ရှေ့တော်မှာ ထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကို ပေးတော်မူပြီ။
26Du viser dig from mod den fromme, retsindig mod den retsindige,
26သနားတတ်သောသူအား ကိုယ်တော်သည်သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကို၎င်း၊
27du viser dig ren mod den rene og vrang mod den svigefulde.
27သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကို ၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သော သဘောကို ၎င်း ပြတော်မူ၏။
28De arme giver du Frelse, hovmodiges Øjne Skam!
28နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ မာနထောင်လွှားသော သူတို့ကို ကားရှုတ်ချ ခြင်းငှါ ကြည့်မှတ်တော်မူ၏။
29Ja, du er min Lampe, HERRE! HERREN opklarer mit Mørke.
29အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ မှောင်မိုက်ကို လင်းစေတော်မူ၏။
30Thi ved din Hjælp søndrer jeg Mure, ved min Guds Hjælp springer jeg over Volde.
30အကျွန်ုပ်သည်ကိုယ်တော်ကို အမှီပြု၍ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ဝါပပြီ။
31Fuldkommen er Guds Vej, lutret er HERRENs Ord. Han er et Skjold for alle, der sætter deres Lid til ham.
31ဘုရားသခင်စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသောသူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။
32Ja, hvem er Gud uden HERREN, hvem er en Klippe uden vor Gud,
32ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှ တပါးအဘယ်မည်သော ကျောက်ရှိသနည်း။
33den Gud, der omgjorded mig med Kraft, jævnede Vejen for mig,
33ထိုဘုရားသခင်သည် ငါ၏ခွန်အား၊ ငါ၏တန်ခိုး ဖြစ်၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။
34gjorde mine Fødder som Hindens og gav mig Fodfæste på Højne,
34ငါ့ခြေကိုသမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။
35oplærte min Hånd til Krig, så mine Arme spændte Kobberbuen?
35ငါ့လက်ကို စစ်မှု၌ လေ့ကျက်စေခြင်းငှါ သွန် သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင် ၏။
36Du gav mig din Frelses Skjold, din Nedladelse gjorde mig stor;
36ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ သည်းခံတော်မူခြင်းအားဖြင့်အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။
37du skaffede Plads for mine Skridt, mine Ankler vaklede ikke.
37အကျွန်ုပ်သွားသော လမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
38Jeg jog mine Fjender, indhentede dem, vendte først om, da de var gjort til intet,
38အကျွန်ုပ်သည် ရန်သူတို့ကို လိုက်ဖျက်၍၊ သူတို့ကို မပယ်ရှင်းမှီ တိုင်အောင်မပြန်ပါ။
39slog dem ned, så de ej kunde rejse sig, men lå faldne under min Fod.
39သူတို့သည် အကျွန်ုပ် ခြေအောက်မှာ လဲလျက်ရှိ၍၊ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပယ်ရှင်း ပါ၏။
40Du omgjorded mig med Kraft til Kampen, mine Modstandere tvang du i Knæ for mig;
40အကြောင်းမူကား၊ စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။
41du slog mine Fjender på Flugt mine Avindsmænd ryddede jeg af Vejen.
41အကျွန်ုပ်ကို မုန်းသော ရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော် မူ၏။
42De råbte, men ingen hjalp, til HERREN, han svared dem ikke.
42သူတို့သည် အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။
43Jeg knuste dem som Jordens Støv, som Gadeskarn tramped jeg på dem.
43ထိုအခါအကျွန်ုပ်သည်သူတို့ကို မြေမှုန့်ကိုကဲ့သို့ ညက်ညက်ချေပြီးမှ၊ လမ်း၌ အမှိုက်ကိုကဲ့သို့နင်း၍ ဖြန့်ကြဲ လေ၏။
44Du friede mig af Folkekampe, du satte mig til Folkeslags Høvding; nu tjener mig ukendte Folk;
44လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူး ဖြစ်စေခြင်းငှါ စောင့်ရှောက်တော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံ ပါ၏။
45Udlandets Sønner kryber for mig; blot de hører om mig, lyder de mig:
45တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်၍ အကျွန်ုပ်စကားသံကိုကြားသည် ခဏခြင်းတွင် နားထောင်ကြပါ၏။
46Udlandets Sønner vansmægter, kommer skælvende frem af deres Skjul.
46ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။
47HERREN lever, højlovet min Klippe, ophøjet være min Frelses Gud,
47ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်သော ကျောက်၏ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
48den Gud, som giver mig Hævn, lægger Folkeslag under min Fod
48ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာနှိမ့်ချသော သူကား ဘုရားသခင်ပေတည်း။
49og frier mig fra mine Fjender! Du ophøjer mig over mine Modstandere, fra Voldsmænd frelser du mig.
49ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ထသော သူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်မှ ကယ်လွှတ်တော်မူ၏။
50HERRE, derfor priser jeg dig blandt Folkene og lovsynger dit Navn,
50ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍ နာမ တော်ကို ထောမနာသီချင်းဆိုပါမည်။
51du, som kraftig hjælper din Konge og viser din Salvede Miskundhed. David og hans Æt evindelig.
51ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို ကယ်တင်သော ရဲတိုက်ဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံရသောဒါဝိဒ်မှစ၍ အမျိုးအနွယ်အား၊ ကာလအစဉ်အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။