Danish

Myanmar

Isaiah

43

1Men nu, så siger HERREN, som skabte dig, Jakob, danned dig, Israel: Frygt ikke, jeg genløser dig, jeg kalder dig ved Navn, du er min!
1အိုယာကုပ်အမျိုး၊ ဣသရေလအနွှယ်၊ သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူ သည်ကား၊ မစိုးရိမ်နှင့်။ သင့်ကို ငါ ရွေးနှုတ်ပြီ။ ငါ့နာမ ဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။
2Når du går gennem Vande, er jeg med dig, gennem Strømme, de river dig ikke bort; når du går gennem Ild, skal du ikke svides, Luen brænder dig ikke.
2သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ။ မီးလျှံလည်း မညိရ။
3Thi jeg er din Gud, jeg, HERREN, Israels Hellige din Frelser. Jeg giver Ægypten som Løsesum, Ætiopien og Seba i dit Sted,
3အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်၏။ သင့်ကို ရွေးဘို့၊ အဲဂုတ္တုပြည်ကို၎င်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကို၎င်း ငါပေး၏။
4fordi du er dyrebar for mig, har Værd, og jeg elsker dig; jeg giver Mennesker for dig og Folkefærd for din Sjæl.
4သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်း ချစ်၏။ ထို့ကြောင့်၊ သင့်အတွက် လူတို့ကို၎င်း၊ သင်၏အသက်အတွက် လူမျိုးတို့ကို၎င်း ငါပေးမည်။
5Frygt ikke, thi j eg er med dig! Jeg bringer dit Afkom fra Østen, sanker dig sammen fra Vesten,
5မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏။ အရှေ့ မျက်နှာမှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။
6siger til Norden: "Giv hid!" til Sønden: "Hold ikke tilbage! Bring mine Sønner fra det fjerne, mine Døtre fra Jordens Ende,
6အပ်လော့ဟု မြောက်မျက်နှာကို၎င်း၊ မထိမ်နှင့် ဟု တောင်မျက်နှာကို၎င်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊
7enhver, der er kaldt med mit Navn, hvem jeg skabte, danned og gjorde til min Ære!"
7ငါနာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။
8Før det blinde Folk frem, der har Øjne, de døve, der dog har Ører!
8မျက်စိရှိလျက်ပင် မျက်စိကန်းသော သူနှင့်၊ နားရှိ လျက်ပင် နားပင်းသော သူတို့ကို ဆောင်ခဲ့လော့။
9Lad alle Folkene samles, lad Folkefærdene flokkes! Hvo blandt dem kan forkynde sligt eller påvise Ting, de har forudsagt? Lad dem føre Vidner og få Ret, lad dem høre og sige: "Det er sandt!"
9လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ။ သူတို့တွင် အဘယ်သူသည် ဤအမှုကို ဘော်ပြမည်နည်း။ အရင်ဖြစ်လတံ့သောအရာကို အဘယ်သူ ဟောပြောမည် နည်း။ သူတို့သည် အပြစ်တင်ခွင့်နှင့်လွတ်မည်အကြောင်း၊ သက်သေတို့ကို ပြကြစေ။ သို့မဟုတ် နားထောင်၍၊ ဤသို့မှန်သည်ဟု ဝန်ခံကြစေ။
10Mine Vidner er I, så lyder det fra HERREN, min Tjener, hvem jeg har udvalgt, at I må kende det, fro mig og indse, at jeg er den eneste. Før mig blev en Gud ej dannet, og efter mig kommer der ingen;
10ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ သည်၊ ငါ့ကို သိမှတ်ယုံကြည်၍၊ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း၊ ငါ၏သက်သေ၊ ငါရွေးကောက် သော ကျွန်ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ်၊ ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှ မရှိရာ။
11jeg, jeg alene er HERREN, uden mig er der ingen Frelser.
11ငါတပါးသည် ထာဝရဘုရားဖြစ်၍၊ ငါမှတပါး ကယ်တင်သောသခင်မရှိ။
12Jeg har forkyndt det og frelser, kundgjort det, ej fremmede hos jer; I er mine Vidner, lyder det fra HERREN. Jeg er fra Evighed Gud,
12ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ် တင်ပြီ။ ငါဘော်ပြနှင့်ပြီ။ သင်တို့တွင် အခြားတပါးသော ဘုရားသည် ဘော်ပြနှင့်သည်မဟုတ်။ ငါသည် ဘုရား သခင်မှန်ပြီဟု သင်တို့သည် ငါ၏ သက်သေဖြစ်ကြ၏။
13den eneste også i Fremtiden. Ingen frier af min Hånd, jeg handler - hvo gør det ugjort?
13နေ့ရက်ကာလမဖြစ်မှီ ငါသည် ဘုရားဖြစ်၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။ ငါပြုသော အမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
14Så siger HERREN, eders Genløser, Israels Hellige: For eder gør jeg Opbud mod Babel og fjerner deres Fængsels Portslåer, mens Kaldæerne bindes i Halsjern.
14သင်တို့ကို ရွေးနှုတ်သော သခင်၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင်တို့အတွက်၊ ဗာဗုလုန်မြို့သို့ စေလွှတ် ၍၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည်။
15Jeg, HERREN, jeg er eders Hellige, Israels Skaber eders Konge.
15ငါသည် သင်တို့၏ သန့်ရှင်းသော ထာဝရ ဘုရား၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ရှင်ဘုရင် ဖြစ်၏။
16Så siger HERREN, som lagde en Vej i Havet, en Sti i de stride Vande,
16ပြင်းထန်သော ပင်လယ်ရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊
17førte Vogne og Heste derud, Hær og Kriger tillige; de segned og rejste sig ikke, sluktes, gik ud som en Væge:
17ရထားများ၊ မြင်းများနှင့်တကွ၊ စစ်သူရဲအလုံး အရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင် အောင် တပြိုင်နက်တည်း အိပ်စေ၍၊ မီးစာသေသကဲ့သို့၊ ငြိမ်းစေတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊
18Kom ikke det svundne i Hu, tænk ikke på Fortidens Dage!
18ဖြစ်ဘူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတီု့ကို ပမာဏမပြုကြနှင့်။
19Thi se, nu skaber jeg nyt, alt spirer det, ser I det ikke? Gennem Ørkenen lægger jeg Vej, Floder i, det øde Land;
19ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခု ပေါ်လာလိမ့်မည်။ သင်တို့သည် အမှန်သိမြင်ရကြလိမ့် မည်။ အကယ်စင်စစ် တော၌လမ်းကို၎င်း၊ လွင်ပြင်၌ စီးသော ရေကို၎င်း ငါဖန်ဆင်းမည်။
20de vilde Dyr skal ære mig, Sjakaler tillige med Strudse. Thi Vand vil jeg give i Ørkenen, Floder i det øde Land, for at læske mit udvalgte Folk.
20မြေခွေးနှင့် ကုလားအုပ်ငှက်မှစ၍၊ တောသားရဲ တို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့ သောက်စရာဘို့ တော၌ရေများကို၎င်း၊ လွင်ပြင်၌ မြစ်တို့ကို၎င်း ငါပေးမည်။
21Det Folk, jeg har dannet mig, skal synge min Pris.
21ကိုယ်အဘို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။
22Jakob, du kaldte ej på mig eller trætted dig, Israel, med mig;
22သို့သော်လည်း၊ အိုယာကုပ်အမျိုး၊ သင်သည် ငါ့ကို ပဌနာမပြု။ အိုဣသရေလအမျိုး၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား။
23du bragte mig ej Brændofferlam, du æred mig ikke med Slagtofre; jeg plaged dig ikke for Afgrødeoffer, trætted dig ikke for Røgelse;
23မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့ မဆောင်ခဲ့။ ယဇ် ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။ လောဗန်ကို တောင်း၍ သင့်ကို မပင်ပန်းစေ။
24du købte mig ej Kalmus for Sølv eller kvæged mig med Slagtofres Fedt. Nej, du plaged mig med dine Synder, trætted mig med din Brøde.
24သင်သည် မွှေးသော ကြံကို ငါ့ဘို့ ငွေနှင့်မဝယ်။ ပူဇော်သော ယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာ မကျွေး။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီ တကား။ အဓမ္မအမှုကိုပြု၍ ငါ့ကိုပင်ပန်းစေပြီတကား။
25Din Misgerning sletter jeg ud, jeg, jeg, for min egen Skyld, kommer ej dine Synder i Hu.
25ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။
26Mind mig, lad vor Sag gå til Doms, regn op, så du kan få Ret!
26ငါ့ကို သတိပေးလော့၊ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့။
27Allerede din Stamfader synded, dine Talsmænd forbrød sig imod mig,
27သင်၏ ပဌမအဘသည် ဒုစရိုက်ကို ပြုပြီ။ သင်၏ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ။
28så jeg vanæred hellige Fyrster, gav Jakob hen til Band og Israel hen til Spot.
28ထို့ကြောင့်၊ သန့်ရှင်းရာဌာန၏ မင်းတို့ကို ငါရှုတ် ချပြီ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကို၎င်း၊ ဣသရေလ အမျိုးသည် ကဲ့ရဲ့ခြင်းကို၎င်း ခံစေခြင်းငှါ ငါစွန့်ပြီ။