Danish

Myanmar

Isaiah

48

1Hør dette, du Jakobs Hus, I, som kaldes med Israels Navn og er rundet af Judas Kilde, som sværger ved HERRENs Navn og priser Israels Gud - dog ikke redeligt og sandt -
1အို ယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်း ကို ခံသောသူ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး၏ ဘုရား သခင်ကို ချီးမွမ်းသောသူ၊
2fra den hellige By har de jo Navn, deres Støtte er Israels Gud, hvis Navn er Hærskarers HERRE:
2သန့်ရှင်းသော မြို့တော်အလိုက်၊ ကိုယ်ကိုကိုယ် သမုတ်သောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး ၏ ဘုရားသခင်ကို မှီခိုသော သူတို့၊ နားထောင်ကြလော့။
3Jeg forudsagde det, som er sket, af min Mund gik det ud, så det hørtes, brat greb jeg ind, og det indtraf.
3ဖြစ်ဘူးသောအရာတို့ကို အထက်က သင်တို့ အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ခြင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။
4Thi stivsindet er du, det ved jeg, din Nakke et Jernbånd, din Pande af Kobber.
4သင်သည် ခိုင်မာသော သဘော၊ သံချောင်း လည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသော ကြောင့်၊
5Jeg sagde det forud til dig, kundgjorde det, førend det indtraf, at du ikke skulde sige: "Det gjorde mit Billede, mit skårne og støbte bød det."
5အထက်က သင့်အား ငါဟောပြီ။ အမှုမဖြစ်မှီ ငါဘော်ပြပြီ။ သို့ဖြစ်၍ သင်က ၊ ငါ၏ရုပ်တုသည် ဤအမှု ကို ပြုပြီ။ ငါထုသော ရုပ်တု၊ ငါသွန်းသော ရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသော အခွင့်မရှိ။
6Du hørte det, se det nu alt! Og vil I mon ikke stå ved det? Fra nu af kundgør jeg nyt, skjulte Ting, du ej kender;
6သင်သည် အရင်ကြားရပြီ။ ဤအမှုအလုံးစုံတို့ ကို ကြည့်ရှုလော့။ သူတပါးတို့အား မကြားမပြောဘဲ နေမည်လော။ ယခုမှစ၍ အသစ်သောအရာ၊ ဝှက်ထား သောအရာ၊ သင်မသိသေးသော အရာတို့ကို ငါဘော်ပြ ၏။
7nu skabes det, ikke før,før i Dag har I ikke hørt det, at du ikke skulde sige: "Jeg vidste det."
7ထိုအရာတို့ကို ယခုပင် ဖန်ဆင်း၏။ အထက်က ဖန်ဆင်းသည်မဟုတ်။ ယနေ့တိုင်အောင် သင်သည် မကြားစဖူး။ သို့ဖြစ်၍ သင်က ၊ ငါသိနှင့်ပြီဟု ပြောရသော အခွင့်မရှိ။
8Hverken har du hørt eller vidst det, det kom dig ej før for Øre. Thi jeg ved, du er gennemtroløs, fra Moders Liv hed du "Frafalden";
8အကယ်စင်စစ် သင်သည် မကြားမသိစဖူး။ သင်၏ နားသည် အထက်က မပွင့်။ အကြောင်းမူကား၊ သင်သည် သစ္စာပျက်လိမ့်မည်။ ဘွားစကပင် သင့်ကို သူပုန်ဟူ၍ သမုတ်ရလိမ့်မည်ကို ငါသိ၏။
9for mit Navns Skyld holder jeg Vreden hen, for min Ære vil jeg skåne, ej udrydde dig.
9သို့သော်လည်း၊ သင့်ကို ရှင်းရှင်း မပယ်မဖြတ် ခြင်းငှါ၊ ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ် တည်းမည်။ ကိုယ်ဂုဏ်အသရေအတွက် သင်၏အမှု၌ ငါသည်းခံမည်။
10Se, jeg smelted dig Sølv blev det ikke prøved dig i Lidelsens Ovn.
10ငါသည် သင့်ကို စစ်ခဲ့ပြီ။ သို့သော်လည်း၊ ငွေကို စစ်သကဲ့သို့မဟုတ်၊ ဒုက္ခမှိုက်၌ သင့်ကို စုံစမ်းခဲ့ပြီ။
11For min egen Skyld griber jeg ind; thi hvor krænkes dog ikke mit Navn! Jeg giver ej andre min Ære.
11ကိုယ်အတွက် ငါပြုဦးမည်။ ငါ့နာမသည် ရှုပ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ဂုဏ် အသရေကို သတပါးအား ငါမပေး။
12Hør mig dog nu, o Jakob, Israel, du, som jeg kaldte: Mig er det, jeg er den første, også jeg er den sidste.
12အိုယာကုပ်၊ ငါခေါ်သော ဣသရေလ၊ ငါ့စကား ကို နားထောင်လော့။ ငါသည် ဘုရားဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။
13Min Hånd har grundlagt Jorden, min højre udspændt Himlen; så såre jeg kalder på dem, møder de alle frem.
13အကယ်စင်စစ် ငါ့လက်သည် မြေကြီးကို တည် လေပြီ။ ငါ့လက်ျာလက်သည် မိုဃ်းကောင်းကင်ကို ကြက် လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ခြင်း ပေါ်လာကြ၏။
14Samler jer alle og hør: Hvem af dem forkyndte mon dette? Min Ven fuldbyrder min Vilje på Babel og Kaldæernes Æt.
14ရှိသမျှသော သင်တို့၊ စည်းဝေး၍ နားထောင် ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူ သည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရား ချစ် တော်မူသော သူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံ စေမည်။ သူ၏ လက်သည်လည်း၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။
15Jeg, jeg har talet og kaldt ham, fik ham frem, hans Vej lod jeg lykkes.
15ငါ့ကိုယ်တိုင် အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။
16Kom hid til mig og hør: Jeg taled ej fra først i Løndom, jeg var der, så snart det skete. Og nu har den Herre HERREN sendt mig med sin Ånd.
16ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြ လော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှု ဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကို စေလွှတ်တော်မူ၏။
17Så siger HERREN, din Genløser, Israels Hellige: Jeg er HERREN, din Gud, som lærer dig, hvad der båder, leder dig ad Vejen, du skal gå.
17သင့်ကို ရွေးနှုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်၏အကျိုးနှင့်ယှဉ်သော အရာကို သွန်သင်၍၊ သင်သွားအပ်သော လမ်းဖြင့် ပို့ဆောင်သော သင်၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။
18Ak, lytted du til mine Bud! Da blev din Fred som Floden, din Retfærd som Havets Bølger,
18သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါ စေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့၎င်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုး ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
19da blev dit Afkom som Sandet, din Livsfrugt talløs som Sandskorn; dit Navn skulde ej slettes ud og ej lægges øde for mit Åsyn.
19သင်၏ အမျိုးအနွယ်သည် သဲလုံးကဲ့သို့၎င်း၊ သင်၏သားမြေးတို့သည်၊ သမုဒ္ဒရာကျောက်စရစ်ကဲ့သို့ ၎င်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာ မပြတ်၊ မပျက်မစီးရ။
20Gå ud af Babel, fly fra Kaldæa, kundgør, forkynd det med jublende Røst, udspred det lige til Jordens Ende, sig: "HERREN har genløst Jakob, sin Tjener,
20ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာ သီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသိတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြော မြွက်ဆို၍ အသံကို လွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနှုတ်တော်မူပြီဟု ပြောဆိုကြ လော့။
21lod dem gå gennem Ørk, de tørstede ikke, lod Vand vælde frem af Klippen til dem, kløvede Klippen, så Vand strømmed ud."
21သူတို့သည် တောလမ်းဖြင့် ဆောင်သွားတော်မူ ခြင်းကို ခံသောအခါ ရေမငတ်ကြ။ သူတို့အဘို့ ကျောက် ထဲက ရေကို စီးစေတော်မူ၏။ ကျောက်ခဲကိုပင် ခွဲတော်မူ သဖြင့်၊ ရေသည် စီးထွက်လေ၏။
22De gudløse har ingen Fred, siger HERREN.
22မတရားသော သူတို့၌ ချမ်းသာမရှိဟု ထာဝရ ဘုရားမိန့်တော်မူ၏။