1Efter Abimelek fremstod som Israels Befrier Tola, en Søn af Dodos Søn Pua, en Mand af Issakar, som boede i Sjamir i Efraims Bjerge.
1အဘိမလက်လက်ထက် နောက်မှ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး၊ ဒေါဒေါသား ဖုဝါ၏သား တောလသည် ပေါ်ထွန်း၍၊ ဧဖရိမ်တောင်ပေါ်၊ ရှမိရမြို့မှာ နေလေ၏။
2Han var Dommer i Israel i tre og tyve År. Da han døde, blev han jordet i Sjamir.
2ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ၍၊ ရှိမရမြို့မှာ သင်္ဂြိုဟ်လေ၏။
3Efter ham fremstod Gileaditen Jair; han var Dommer i Israel i to og tyve År.
3ထိုသူလက်ထက်နောက်မှ၊ ဂိလဒ်ပြည်သား ယာဣရသည် ပေါ်ထွန်း၍၊ ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်နှစ်နှစ်ပတ်လုံး အုပ်စိုး၏။
4Han havde tredive Sønner, som red på tredive Æsler, og de havde tredive Byer, som endnu den Dag i Dag kaldes Jairs Teltbyer; de ligger i Gilead.
4ထိုမင်း၌ကား သားသုံးဆယ်ရှိ၍၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည်၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။
5Da Jair døde, blev han jordet i Kamon.
5ယာဣရသေ၍ ကာမုန်မြို့မှာ သင်္ဂြိုဟ်လေ၏။
6Men Israelitterne blev ved at gøre, hvad der var ondt i HERRENs Øjne, idet de dyrkede Ba'alerne og Astarterne og Aramæernes, Zidons, Moabs, Ammoniternes og Filisternes Guder og faldt fra HERREN og undlod at dyrke ham.
6တဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍၊ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြု၍ ထာဝရဘုရားကို ဝတ်မပြုစွန့်ထားကြ၏။
7Da blussede HERRENs Vrede op mod Israel, og han gav dem til Pris for Filisterne og Ammoniterne,
7ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍ ဖိလိတ္တိလူတို့၌၎င်း၊ အမ္မုန်အမျိုးသားတို့၌ ၎င်း၊ ရောင်းတော်မူသဖြင့်၊
8som kuede og mishandlede Israelitterne i det År; i atten År kuede de alle Israelitterne hinsides Jordan i Amoritemes Land i Gilead.
8ယော်ဒန်မြစ်တဘက် အာမောရိလူနေရာဂိလဒ်ပြည်၌နေသော ဣသရေလအမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ၍ တဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ၏။
9Og Ammoniterne satte over Jordan for også at angribe Juda, Benjamin og Efraims Slægt, så at Israelitterne kom i stor Nød.
9အမ္မုန်အမျိုးသားတို့သည်လည်း၊ ယော်ဒန်မြစ်ကို ကူး၍ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်အမျိုးသား တို့ကို တိုက်သဖြင့်၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ၏။
10Da råbte Israelitterne til HERREN og sagde: "Vi har syndet imod dig, thi vi har forladt HERREN vor Gud og dyrket Ba'alerne!"
10ထိုအခါ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားပါပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ကို စွန့်၍၊ ဗာလဘုရားတို့ကို ဝတ်ပြုမိပါပြီဟု ထာဝရဘုရားအား ဟစ်ကြော်ကြ၏။
11Men HERREN svarede Israelitterne: "Har ikke Ægypterne, Amoriterne, Ammoniterne, Filisterne,
11ထာဝရဘုရားကလည်း၊ ငါသည် သင်တို့ကို အဲဂုတ္တုလူ၊ အာမောရိလူ၊ အမ္မုန်လူ၊ ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်သည် မဟုတ်လော။
12Zidonierne, Amalekiterne og Midjaniterne mishandlet eder? Og da I råbte til mig, frelste jeg eder af deres Hånd.
12ဇိဒုန်လူ၊ အာမလက်လူ၊ မောနိလူတို့ ညှဉ်းဆဲသောအခါ၌လည်း၊ သင်တို့သည် ငါ့ကို ဟစ်ကြော်၍၊ သူတို့လက်မှ ငါကယ်နှုတ်၏။
13Men I forlod mig og dyrkede andre Guder! Derfor vil jeg ikke mere frelse eder!
13သို့သော်လည်း သင်တို့သည် ငါ့ကို စွန့်၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုသောကြောင့်၊ နောက်တဖန် ငါမကယ်နှုတ်။
14Gå nu hen og råb til de Guder, I udvalgte eder, og lad dem frelse eder i eders Nød:"
14သင်တို့ ရွေးယူသော ဘုရားတို့ကို သွား၍ ဟစ်ကြော်ကြလော့။ အမှုရောက်သော ယခု ကာလ၌ သူတို့သည် ကယ်နှုတ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူ၏။
15Da sagde Israelitterne til HERREN: "Vi har syndet! Gør med os, hvad dig tykkes godt, men frels os blot nu!"
15ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့၌ ပြုတော်မူပါ။ ယခု တကြိမ်သာ ကယ်နှုတ်တော်မူမည်အကြောင်း အကျွန်ုပ်တို့ တောင်းပန်ပါ၏ဟု ထာဝရဘုရားအား တောင်းလျှောက်လျက်၊
16Og de skilte sig af med de fremmede Guder og dyrkede HERREN; da kunde han ikke længer holde ud at se Israels Nød.
16တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့ကို ပယ်၍ ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုး ခံရသော ဒုက္ခဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံးရှိတော်မူ၏။
17Ammoniterne stævnedes sammen, og de slog Lejr i Gilead; også Israelitterne samlede sig, og de slog Lejr i Mizpa.
17အမ္မုန်အမျိုးသားတို့သည် စည်းဝေး၍ ဂိလဒ်ပြည်၌ တပ်ချကြ၏။ ဣသရေလအမျိုးသားတို့သည် စည်းဝေး၍ မိဇပါမြို့မှာ တပ်ချကြ၏။
18Da sagde Folket, Gileads Høvdinger, til hverandre: "Hvis der findes en Mand, som vil tage Kampen op med Ammoniterne, skal han være Høvding over alle Gileads Indbyggere!"
18ဂိလဒ်ပြည်သားမင်းများတို့က၊ အကြင်သူသည် အမ္မုန်အမျိုးသားတို့ကို အဦးတိုက်၏။ ထိုသူသည် ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွဋ်ဖြစ်စေဟု တိုင်ပင်စီရင်ကြ၏။