1HERRE, kom vor skæbne i Hu, sku ned og se vor skændsel!
1အိုထာဝရဘုရား၊အကျွန်ုပ်တို့၌ရောက်သော အမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကိုကြည့်ရှု၍ ဆင်ခြင်တော်မူပါ။
2Vor Arvelod tilfaldt fremmede, Udlændinge fik vore Huse.
2အကျွန်ုပ်တို့ အမွေခံရာမြေသည် တပါး အမျိုးသားလက်သို့၎င်း၊ နေရာအိမ်တို့သည်လည်း တကျွန်းနိုင်ငံသားတို့လက်သို့၎င်း ရောက်ပါပြီ။
3Forældreløse, faderløse er vi, som Enker er vore Mødre.
3အကျွန်ုပ်တို့သည် မိဘမရှိသော သူငယ်ဖြစ်ကြ ပါ၏။ အဘဆုံးပါပြီ။ အမိသည်မုတ်ဆိုးမကဲ့သို့နေရပါ၏။
4Vort Drikkevand må vi købe, betale må vi vort Brænde.
4ငွေပေးမှရေကို သောက်ရပါ၏။ ထင်းကိုလည်း ဝယ်ရပါ၏။
5Åget trykker vor Nakke, vi trættes og finder ej Hvile.
5ထမ်းဘိုးကိုအစဉ်ထမ်းရပါ၏။ မရပ်မနေဘဲ လုပ်ကိုင်ရပါ၏။
6Ægypten rakte vi Hånd, Assur, for at mættes med Brød.
6စားစရာကိုရခြင်းငှါ အဲဂုတ္တုပြည်သား၊ အာရှုရိ ပြည်သားတို့၌ ကျွန်ခံရပါ၏။
7Vore Fædre, som synded, er borte, og vi må bære deres Skyld.
7ဘိုးဘေးတို့သည်ပြစ်မှား၍ သေပြီးမှ၊ အကျွန်ုပ် တို့သည် သူတို့ အပြစ်များကို ခံရပါ၏။
8Over os råder Trælle, ingen frier os fra dem.
8သူ့ကျွန်တို့သည် အကျွန်ုပ်တို့ကိုအုပ်စိုးကြပါ၏။ သူတို့လက်မှ အဘယ်သူမျှမကယ်မနှုတ်ပါ။
9Med Livsfare henter vi vort Brød, udsatte for Ørkenens Sværd.
9တော၌ထားဘေးနှင့်တွေ့၍ အသေခံလျက် စားစရာကို ရှာရကြပါ၏။
10Vor Hud er sværtet som en Ovn af Hungerens svidende Lue.
10မိတ်သိပ်ခြင်းအရှိန်ကြောင့် အကျွန်ုပ်တို့၏ အရေသည် မီးဖိုကဲ့သို့ မည်းပါ၏။
11De skændede kvinder i Zion, Jomfruer i Judas Byer.
11ဇိအုန်မြို့၌မိန်းမများကို၎င်း၊ ယုဒမြို့ရွာတို့၌ မိန်းမပျိုများကို၎င်း၊ အဓမ္မပြုကြပါ၏။
12Fyrster greb de og hængte, tog intet Hensyn til gamle.
12မှူးမတ်တို့ကို လက်ဖြင့် ဆွဲထားကြပါ၏။ အသက်ကြီးသူတို့ကိုလည်း မရိုသေကြပါ။
13Ynglinge sattes til Kværnen, under Brændeknippet segnede Drenge.
13လူပျိုတို့သည် ကြိတ်ဆုံကို ထမ်းရကြပါ၏။ သူငယ်တို့သည်လည်း ထင်းအောက်မှာလဲရကြပါ၏။
14De gamle forsvandt fra Porten, de unge fra Strengenes Leg.
14အသက်ကြီးသူတို့သည် မြို့တံခါးဝ၌၎င်း၊ လူပျို တို့သည် ပွဲသဘင်၌၎င်း ကွယ်ပျောက်ကြပါ၏။
15Vort Hjertes Glæde er borte, vor Dans er vendt til Sorg.
15အကျွန်ုပ်တို့သည် နှလုံးရွှင်လန်းခြင်းပြတ်၍၊ ကခြင်းအရာ၌ ညည်းတွားခြင်း ရှိကြပါ၏။
16Kronen faldt af vort Hoved, ve os, at vi har syndet!
16အကျွန်ုပ်တို့ဆောင်းသော သရဖူသည်ကျပါပြီ။ အကျွန်ုပ်တို့သည် ပြစ်မှားသောကြောင့် အမင်္ဂလာ ရှိကြပါ၏။
17Vort Hjerte blev derfor sygt, derfor vort Øje mørkt:
17ထိုကြောင့်အကျွန်ုပ်တို့သည်စိတ်ပျက်ကြပါပြီ။ ထိုအပြစ်ကြောင့် မျက်စိတို့သည်လည်း မွဲကြပါ၏။
18For Zions Bjerg, som er øde, Ræve tumler sig der.
18လူဆိတ်ညံလျက်ရှိသော ဇိအုန်တောင်ပေါ်မှာ မြေခွေးတို့သည် သွားလာကြပါ၏။
19Du, HERRE, troner for evigt, fra Slægt til Slægt står din trone.
19အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စ အမြဲ တည်တော်မူ၏။ ပလ္လင်တော်သည်လည်း ထာဝရပလ္လင် ဖြစ်ပါ၏။
20Hvi glemmer du os bestandig og svigter os alle dage?
20ကိုယ်တော်သည် အဘယ်ကြောင့်အကျွန်ုပ်တို့ကို အစဉ်မပြတ် မေ့လျော့တော်မူသနည်း။ အဘယ်ကြောင့် ကာလကြာမြင့်စွာ စွန့်ပစ်တော်မူသနည်း။
21Omvend os, HERRE, til dig, så vender vi om, giv os nye Dage, som fordum!
21အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကိုအထံတော်သို့ လှည့်စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည်ပြန်၍ လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုတို့ကာလကို အသစ်ပြုပြင်တော်မူပါ။
22Eller har du helt stødt os bort, er din Vrede mod os uden Ende?
22အကယ်၍ ကိုယ်တော်သည်အကျွန်ုပ်တို့ကို ရှင်းပယ်တော်မူမည်လော။ ပြင်းစွာအမျက်ထွက်တော် မူမည်လော။