1Da kommer der fra Jerusalem Farisæere og skriftkloge til Jesus og sige:
1ထိုအခါ ယေရုရှလင်မြို့သားဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊
2"Hvorfor overtræde dine Disciple de gamles Overlevering? thi de to ikke deres Hænder, når de holde Måltid."
2ရှေးဟောင်းတို့မှဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့်လွန်ကျူး ကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊
3Men han svarede og sagde til dem: "Hvorfor overtræde også I Guds Bud for eders Overleverings Skyld?
3ကိုယ်တော်က၊ သင်တို့သည်အဆက်ဆက်ခံသော် နည်းဥပဒေကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော် ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။
4Thi Gud har påbudt og sagt: "Ær din Fader og Moder;" og: "Den, som hader Fader eller Moder, skal visselig dø."
4ဘုရားသခင်၏ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။
5Men I sige: "Den, som siger til sin Fader eller sin Moder: "Det, hvormed du skulde være hjulpet af mig, skal være en Tempelgave," han skal ingenlunde ære sin Fader eller sin Moder."
5သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊
6Og I have ophævet Guds Lov for eders Overleverings Skyld.
6ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။
7I Hyklere! Rettelig profeterede Esajas om eder, da han sagde:
7လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။
8"Dette Folk ærer mig med Læberne; men deres Hjerte er langt borte fra mig.
8လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု
9Men de dyrke mig forgæves,idet de lære Lærdomme, som ere Menneskers Bud."
9နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။
10Og han kaldte Folkeskaren til sig og sagde til dem: "Hører og forstår!
10ထိုအခါ လူအစုအဝေးကို အထံတော်သို့ခေါ်၍၊ သင်တို့နားထောင် နားလည်ကြလော့။
11Ikke det, som går ind i Munden, gør Mennesket urent, men det, som går ud af Munden, dette gør Mennesket urent."
11ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူး စေသောအရာဖြစ်သည်ဟု မိန့်တော်မူ၏။
12Da kom hans Disciple hen og sagde til ham: "Ved du, at Farisæerne bleve forargede, da de hørte den Tale?"
12တပည့်တော်တို့သည်ချဉ်းကပ်၍၊ ယခုမိန့်တော်မူသောစကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟုလျှောက်ကြ၏။
13Men han svarede og sagde: "Enhver Plantning, som min himmelske Fader ikke har plantet, skal oprykkes med Rode.
13ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်စိုက်တော်မမူသော အပင်ရှိ သမျှတို့ကို နှုတ်ရလိမ့်မည်။
14Lader dem fare, det er blinde Vejledere for blinde; men når en blind leder en blind, falde de begge i Graven."
14ထိုသူတို့ကိုရှိပါလေစေ။ သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။
15Men Peter svarede og sagde til ham: "Forklar os Lignelsen!"
15ပေတရုကလည်း၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟုလျှောက်လျှင်၊
16Og han sagde: "Ere også I endnu så uforstandige?
16ယေရှုက၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက်နေသေးသလော။
17Forstår I endnu ikke, at alt, hvad der går ind i Munden, går i Bugen og føres ud ad den naturlige Vej?
17ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း၍ ရေအိမ်တွင် စွန့်ပစ်သည်ကိုနားမလည်ကြသေးသလော။
18Men det, som går ud af Munden, kommer ud fra Hjertet, og det gør Mennesket urent.
18ခံတွင်းမှထွက်သောအရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကိုညစ်ညူးစေသောအရာဖြစ်၏။
19Thi ud fra Hjertet kommer der onde Tanker, Mord, Hor, Utugt, Tyverier, falske Vidnesbyrd, Forhånelser.
19မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှား ယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊
20Det er disse Ting, som gøre Mennesket urent; men at spise med utoede Hænder gør ikke Mennesket urent."
20လူကို ညစ်ညူးစေသောအရာဖြစ်ကြ၏။ လက်မဆေးဘဲလျက် အစာကိုစားခြင်းမူကား၊ လူကိုညစ်ညူး စေသည်မဟုတ်ဟု မိန့်တော်မူ၏။
21Og Jesus gik bort derfra og drog til Tyrus's og Sidons Egne.
21ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ကြွတော်မူလျှင်၊
22Og se, en kananæisk Kvinde kom fra disse Egne, råbte og sagde: "Herre, Davids Søn! forbarm dig over mig! min Datter plages ilde af en ond Ånd."
22ခါနာန်အမျိုးဖြစ်သောမိန်းမတယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မ ကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ။
23Men han svarede hende ikke et Ord. Da trådte hans Disciple til, bade ham og sagde: "Skil dig af med hende, thi hun råber efter os."
23တပည့်တော်တို့သည်ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ၏။
24Men han svarede og sagde: "Jeg er ikke udsendt uden til de fortabte Får af Israels Hus."
24ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ၏။
25Men hun kom og kastede sig ned for ham og sagde: "Herre, hjælp mig!"
25ထိုမိန်းမသည် ချဉ်းကပ်၍ပြပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊
26Men han svarede og sagde: "Det er ikke smukt at tage Børnenes Brød og kaste det for de små Hunde."
26ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။
27Men hun sagde: "Jo, Herre! de små Hunde æde jo dog også af de Smuler, som falde fra deres Herrers Bord."
27မိန်းမကလည်းမှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊
28Da svarede Jesus og sagde til hende: "O Kvinde, din Tro er stor, dig ske, som du vil!" Og hendes Datter blev helbredt fra samme Time.
28အိုမိန်းမ၊ သင်သည်ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။
29Og Jesus gik bort derfra og kom hen til Galilæas Sø, og han gik op på Bjerget og satte sig der.
29ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော် မူ၏။
30Og store Skarer kom til ham og havde lamme, blinde, stumme, Krøblinge og mange andre med sig; og de lagde dem for hans Fødder, og han helbredte dem,
30များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြား သော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ၍ ခြေတော်ရင်း၌ချထားကြ၏။
31så at Skaren undrede sig, da de så, at stumme talte, Krøblinge bleve raske, lamme gik, og blinde så; og de priste Israels Gud.
31အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကို၎င်း၊ ချို့တဲ့သောသူ သည် ပကတိဖြစ်သည်ကို၎င်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကို၎င်း၊ မျက်စိကန်းသောသူသည် မြင်ရ သည်ကို၎င်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ် တော်ကို ချီးမွမ်းကြ၏။
32Men Jesus kaldte sine Disciple til sig og sagde: "Jeg ynke s inderligt over Skaren; thi de have allerede tøvet hos mig tre Dage og have intet at spise; og lade dem gå fastende bort, vil jeg ikke, for at de ikke skulle vansmægte på Vejen."
32ထိုအခါ ယေရှုသည် တပည့်တော်တို့ကိုခေါ်၍၊ ဤလူများကိုငါသနား၏။ သုံးရက်ပတ်လုံးငါနှင့်အတူရှိ ကြပြီ။ စားစရာအလျှင်းမရှိ။ လမ်းခရီး၌ မောမည်ကိုစိုးရိမ်သောကြောင့် အစာမစားမှီ သူတို့ကိုလွှတ်ခြင်းငှာ ငါအလိုမရှိဟု မိန့်တော်မူလျှင်၊
33Og hans Disciple sige til ham: "Hvorfra skulle vi få så mange Brød i en Ørken, at vi kunne mætte så mange Mennesker?"
33တပည့်တော်တို့က ဤမျှလောက်များသောလူစုတို့သည် ဝစွာစားလောက်သောအစာကို ဤတောအရပ် ၌ အကျွန်ုပ်တို့သည် အဘယ်သို့ရနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊
34Og Jesus siger til dem: "Hvor mange Brød have I?" Men de sagde: "Syv og nogle få Småfisk."
34ယေရှုက၊ သင်တို့တွင်မုန့်ဘယ်နှစ်လုံးရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနှစ်လုံးနှင့် အနည်းငယ်မျှ သော ငါးကောင်ကလေးရှိပါသည်ဟု ပြန်လျှောက်ကြ၏။
35Og han bød Skaren at sætte sig ned på Jorden
35ထိုအခါ လူအစုအဝေးတို့ကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။
36og tog de syv Brød og Fiskene, takkede, brød dem og gav Disciplene dem, og Disciplene gave dem til Skarerne.
36မုန့်ခုနှစ်လုံးနှင့် ငါးတို့ကိုလည်းယူ၍ ကျေးဇူတော်ကိုချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ၏။
37Og de spiste alle og bleve mætte; og de opsamlede det, som blev tilovers af Stykkerne, syv Kurve fulde.
37လူအပေါင်းတို့သည် စား၍ဝကြပြီးမှ၊ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း၍ ခုနှစ်တောင်း အပြည့် ရကြ၏။
38Men de, som spiste, vare fire Tusinde Mænd, foruden Kvinder og Børn.
38စားသောသူအရေအတွက်ကား၊ မိန်းမနှင့်သူငယ် ကိုမဆိုဘဲ ယောက်ျားလေးထောင်ရှိသတည်း။
39Og da han havde ladet Skarerne gå bort, gik han om Bord i Skibet og kom til Magadans Egne.
39ထိုလူများတို့ကို လွှတ်တော်မူပြီးမှ၊ လှေစီး၍ မာဂဒါလကျေးလက်သို့ ရောက်တော်မူ၏။