Danish

Myanmar

Matthew

8

1Men da han var gået ned ad Bjerget, fulgte store Skarer ham.
1ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။
2Og se, en spedalsk kom, faldt ned for ham og sagde: "Herre! om du vil, så kan du rense mig."
2ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက်လေ၏။
3Og han udrakte Hånden, rørte ved ham og sagde: "Jeg vil; bliv ren!" Og straks blev han renset for sin Spedalskhed
3ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
4Og Jesus siger til ham: "Se til, at du ikke siger det til nogen; men gå hen, fremstil dig selv for Præsten, og offer den Gave, som Moses har befalet, til Vidnesbyrd for dem."
4ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မိန့်တော်မူ၏။
5Men da han gik ind i Kapernaum, trådte en Høvedsmand hen til ham, bad ham og sagde:
5ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင်၊ တပ်မှူးတယောက်သည် အထံတော်သို့လာ၍၊
6"Herre! min Dreng ligger hjemme værkbruden og, pines svarlig."
6သခင်၊ ကျွန်တော်၏ ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။
7Jesus siger til ham: "Jeg vil komme og helbrede ham."
7ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊
8Og Høvedsmanden svarede og sagde: "Herre! jeg er ikke værdig til, at du skal gå ind under mit Tag; men sig det blot med et Ord, så bliver min Dreng helbredt.
8တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါ။ အမိန့်တော် တခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။
9Jeg er jo selv et Menneske, som står under Øvrighed og har Stridsmænd under mig; og siger jeg til den ene: Gå! så går han; og til den anden: Kom! så kommer han; og til min Tjener: Gør dette! så gør han det."
9ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။
10Men da Jesus hørte det, forundrede han sig og sagde til dem, som fulgte ham: "Sandelig, siger jeg eder, end ikke i Israel har jeg fundet så stor en Tro.
10ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည် ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူးသေး။
11Men jeg siger eder, at mange skulle komme fra Øster og Vester og sidde til Bords med Abraham og Isak og Jakob i Himmeriges Rige.
11ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊
12Men Rigets Børn skulle kastes ud i Mørket udenfor; der skal der være Gråd og Tænders Gnidsel."
12နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊
13Og Jesus sagde til Høvedsmanden:"Gå bort,dig ske, som du troede!" Og Drengen blev helbredt i den samme Time.
13တပ်မှူးအားသင်သွားလော့။ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။
14Og Jesus kom ind i Peters Hus og så, at hans Svigermoder lå og havde Feber.
14ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေ သည်ကို တွေ့မြင်တော်မူ၏။
15Og han rørte ved hendes Hånd, og Feberen forlod hende, og hun stod op og vartede ham op.
15ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။
16Men da det var blevet Aften, førte de mange besatte til ham, og han uddrev Ånderne med et Ord og helbredte alle de syge;
16ညဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ် တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။
17for at det skulde opfyldes, som er talt ved Profeten Esajas, der siger: "Han tog vore Skrøbeligheder og bar vore Sygdomme."
17ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ သည်ဟု ပရောဖက်ဟေရှာယ ဟောဘူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။
18Men da Jesus så store Skarer omkring sig, befalede han at fare over til hin Side.
18များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်း တဘက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ၏။
19Og der kom een, en skriftklog, og sagde til ham: "Mester! jeg vil følge dig, hvor du end går hen."
19ထိုအခါ ကျမ်းပြုဆရာတယောက်သည်လာ၍ အရှင်ဘုရား၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။
20Og Jesus siger til ham: "Ræve have Huler, og Himmelens Fugle Reder; men Menneskesønnen har ikke det, hvortil han kan hælde sit Hoved."
20ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ၏။
21Men en anden af disciplene sagde til ham: "Herre! tilsted mig først at gå hen og begrave min Fader."
21အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။
22Men Jesus siger til ham: "Følg mig, og lad de døde begrave deres døde!"
22ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ၏။
23Og da han gik om Bord i Skibet, fulgte hans Disciple ham.
23ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။
24Og se, det blev en stærk Storm på Søen, så at Skibet skjultes af Bølgerne; men han sov.
24ကိုယ်တော်သည် ကျိန်းစက်၍ နေတော်မူ၏။
25Og de gik hen til ham, vækkede ham og sagde: "Herre, frels os! vi forgå."
25တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်မတော်မူပါဟု လျှောက်ကြသော်၊
26Og han siger til dem: "Hvorfor ere I bange, I lidettroende?" Da stod han op og truede Vindene og Søen,og det blev ganske blikstille.
26ကိုယ်တော်က၊ ယုံကြည်အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူ ပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။
27Men Menneskene forundrede sig og sagde: "Hvem er dog denne, siden både Vindene og Søen ere ham lydige?"
27ထိုလူတို့ကလည်း၊ ဤသူကားအဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နား ထောင်ပါသည်တကားဟု အံ့ဩကြ၏။
28Og da han kom over til hin Side til Gadarenernes Land, mødte ham to besatte, som kom ud fra Gravene, og de vare såre vilde, så at ingen kunde komme forbi ad den Vej.
28ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသောလူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင်၊
29Og se, de råbte og sagde: "Hvad have vi med dig at gøre, du Guds Søn? Er du kommen hid før Tiden for at pine os?"
29ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန် မရောက်မှီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှါ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။
30Men der var langt fra dem en stor Hjord Svin, som græssede.
30ထိုသူတို့နှင့် မနီးမဝေးသောအရပ်၌ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။
31Og de onde Ånder bade ham og sagde: "Dersom du uddriver os, da send os i Svinehjorden!"
31နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကိုနှင်ထုတ်လျှင်၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်ကြသော်၊
32Og han sagde til dem: "Går!" Men de fore ud og fore i Svinene; og se, hele Hjorden styrtede sig ned over Brinken ud i Søen og døde i Vandet.
32သွားကြဟု မိန့်တော်မူ၏။ နတ်ဆိုးတို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ ရေ၌သေကြ၏။
33Men Hyrderne flyede og gik hen i Byen og fortalte det alt sammen, og hvorledes det var gået til med de besatte.
33ဝက်ကျောင်းသောသူတို့သည်လည်း ပြေး၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ နတ်ဆိုးစွဲသော သူတို့၏အကြောင်း မှစ၍ ဖြစ်လေသမျှတို့ကို ကြားပြောကြသော်၊
34Og se, hele Byen gik ud for at møde Jesus; og da de så ham, bade de ham om; at han vilde gå bort fra deres Egn.
34တမြို့လုံးလည်း ယေရှုကိုတွေ့အံ့သောငှါ ထွက်လာကြ၏။ ကိုယ်တော်ကိုတွေ့မြင်လျှင် မိမိတို့ ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။