1Hellere godt Navn end megen rigdom, Yndest er bedre end Sølv og Guld
1ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။
2Rig og fattig mødes, HERREN har skabt dem begge.
2ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။
3Den kloge ser Faren og søger i Skjul, tankeløse går videre og bøder.
3သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
4Lønnen for Ydmyghed og HERRENs Frygt er Rigdom, Ære og Liv.
4စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
5På den svigefuldes Vej er der Torne og Snarer; vil man vogte sin Sjæl, må man holde sig fra dem.
5သဘောကောက်သောလူ သွားရာလမ်း၌၊ ဆူး ပင်များနှင့် ကျော့ကွင်းများရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာ ရှောင်သွားလိမ့်မည်။
6Væn Drengen til den Vej, han skal følge, da viger han ikke derfra, selv gammel.
6သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
7Over Fattigfolk råder den rige, Låntager bliver Långivers Træl.
7ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။
8Hvo Uret sår, vil høste Fortræd, hans Vredes Ris skal slå ham selv.
8ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည်။
9Den vennesæle velsignes, thi han deler sit Brød med den ringe.
9ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
10Driv Spotteren ud, så går Trætten med, og Hiv og Smæden får Ende.
10မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြု လျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
11HERREN elsker den rene af Hjertet; med Ynde på Læben er man Kongens Ven.
11စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ်၍၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည်။
12HERRENs Øjne agter på Kundskab, men han kuldkaster troløses Ord.
12ထာဝရဘုရား၏ မျက်စိတော်သည် ပညာ အတတ်ကို စောင့်၏။ ပြစ်မှားသောသူ၏စကားကိုကား ချေတော်မူ၏။
13Den lade siger: "En Løve på Gaden! Jeg kan let blive revet ihjel på Torvet."
13ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။
14Fremmed Kvindes Mund er en bundløs Grav, den, HERREN er vred på, falder deri.
14အမျိုးပျက်သော မိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။
15Dårskab er knyttet til Ynglingens Hjerte, Tugtens Ris skal tjerne den fra ham.
15မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။
16Vold mod den ringe øger hans Eje, Gave til Rigmand gør ham kun fattig. -
16ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
17Bøj Øret og hør de vises Ord, vend Hjertet til og kend deres Liflighed!
17သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နား ထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။
18Vogter du dem i dit Indre, er de alle rede på Læben.
18သင်၏နှလုံး၌ သွင်းမိနိုင်လျှင် သာယာသော အကျိုးရှိလိမ့်မည်။ သင်၏နှုတ်၌လည်း အစဉ်အသင့်ရှိ လိမ့်မည်။
19For at din Lid skal stå til HERREN, lærer jeg dig i Dag.
19သင်သည်ထာဝရဘုရား၌ ခိုလှုံမည်အကြောင်း၊ သင့်ကိုယ်တိုင် ကိုယနေ့ငါသွန်သင်၏။
20Alt i Går optegned jeg til dig, alt i Forgårs Råd og Kundskab
20သင်သည် သမ္မာတရားစကားစစ်ကိုသိမည် အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာ စကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသော အရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။
21for at lære dig rammende Sandhedsord, at du kan svare sandt, når du spørges.
22ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။
22Røv ej fra den ringe, fordi han er ringe, knus ikke den arme i Porten:
23အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသော သူတို့၏ အသက်ကို လုယူတော်မူမည်။
23thi HERREN fører deres Sag og raner deres Ransmænds Liv.
24စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့်။
24Vær ej Ven med den, der let bliver hidsig, omgås ikke vredladen Mand,
25လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကိုသင်၍၊ ကိုယ် အသက်ကျော့မိရာဖြစ်လိမ့်မည်။
25at du ikke skal lære hans Stier og hente en Snare for din Sjæl.
26လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။ သင်၌ပေးရန်မရှိလျှင်၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း။
26Hør ikke til dem, der giver Håndslag, dem, som borger for Gæld!
28ဘိုးဘေးစိုက်ဘူးသော မြေမှတ်တိုင်တို့ကို မရွှေ့ နှင့်။
27Såfremt du ej kan betale, tager man Sengen, du ligger i.
29ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။
28Flyt ej ældgamle Skel, dem, dine Fædre satte.
29Ser du en Mand, som er snar til sin Gerning, da skal han stedes for Konger, ikke for Folk af ringe Stand.