1Min sjæl, lov Herren! Herren min Gud, du er såre stor! Du er klædt i Højhed og Herlighed,
1အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့။ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်သည် အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းတန်ခိုးအာနု ဘော်နှင့် တန်ဆာဆင်တော်မူ၏။
2hyllet i Lys som en Kappe! Himlen spænder du ud som et Telt;
2အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့် ကိုယ်တော်ကို ခြုံတော်မူထသော၊ မိုဃ်းကောင်းကင်ကို မျက်နှာကြက် ကဲ့သို့ ကြက်တော်မူထသော၊
3du hvælver din Højsal i Vandene, gør Skyerne til din Vogn, farer frem på Vindens Vinger;
3နေတော်မူရာအထက်ခန်း၊ အမြစ်ကိုရေ၌ တည် တော်မူထသော၊ မိုဃ်းတိမ်ရထားကို စီး၍၊ လေအတောင် တို့ဖြင့် ကြွသွားတော်မူထသော၊
4Vindene gør du til Sendebud, Ildsluer til dine Tjenere!
4မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါး တို့ကို မီးလျှံကဲ့သို့၎င်း ဖြစ်စေတော်မူထသော၊
5Du fæsted Jorden på dens Grundvolde, aldrig i Evighed rokkes den;
5မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ် စေခြင်းငှါ၊ တည်တော်မူသော ဘုရားပေတည်း။
6Verdensdybet hylled den til som en Klædning, Vandene stod over Bjerge.
6ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့် ဖုံးသကဲ့ သို့၊ ပင်လယ်နှင့် ဖုံးတော်မူ၍၊ ရေတို့သည် တောင်များ အပေါ်မှာ ရပ်နေကြပါ၏။
7For din Trusel flyede de, skræmtes bort ved din Tordenrøst,
7တဖန် ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုဃ်းချုန်းတော်မူသံကိုကြား၍၊ အလျင်အမြန် ပြန်သွား ကြပါ၏။
8for op ad Bjerge og ned i Dale til det Sted, du havde beredt dem;
8တောင်တို့သည် တက်လျက်၊ ချိုင့်တို့သည် ဆင်း လျက်၊ သူတို့ဘို့ ခွဲခန့်တော်မူသော အရပ်သို့ ရောက်ကြ ပါ၏။
9du satte en Grænse, de ej kommer over, så de ikke igen skal tilhylle Jorden.
9ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုး စေခြင်းငှါ၊ မကျော်ရသော နယ်စပ်ကိုပိုင်းခြားတော်မူ၏။
10Kilder lod du rinde i Dale, hen mellem Bjerge flød de;
10ထာဝရဘုရားသည် ချိုင့်များထဲသို့ စမ်းရေကို လွှတ်တော်မူ၍၊ ရေသည် တောင်တို့တွင် စီးလျက်၊
11de læsker al Markens Vildt, Vildæsler slukker deres Tørst;
11မြေတိရစ္ဆာန် အပေါင်းတို့အား သောက်ရသော အခွင့်ကို ပေး၏။ မြည်းရိုင်းတို့သည် အငတ်ပြေရကြ၏။
12over dem bygger Himlens Fugle, mellem Grenene lyder deres Kvidder.
12ထိုရေအနားမှာ မိုဃ်းကောင်းကင်ငှက်တို့သည် နေရာကျ၍၊ သစ်ပင်အခက်အလက်တို့တွင် ကြွေးကြော် ကြ၏။
13Fra din Højsal vander du Bjergene, Jorden mættes fra dine Skyer;
13အထက်ခန်းတော်ထဲက တောင်များကို ရေပေး တော်မူ၏။ စီရင်ပြုပြင်တော်မူခြင်းအကျိုးကြောင့်၊ မြေကြီးသည် ရောင့်ရဲလျက်ရှိ၏။
14du lader Græs gro frem til Kvæget og Urter til Menneskets Tjeneste, så du frembringer Brød af Jorden
14တိရစ္ဆာန်ဘို့ မြက်ပင်ကို၎င်း၊ လူသုံးဘို့ စပါးပင်ကို၎င်း ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲက မုန့်ကို ထုတ်ဘော်တော်မူ၏။
15og Vin, der glæder Menneskets Hjerte, og lader Ansigtet glinse af Olie, og Brødet skal styrke Menneskets Hjerte.
15စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကို ထောက်မ၏။
16HERRENs Træer bliver mætte, Libanons Cedre, som han har plantet,
16ထာဝရဘုရား၏သစ်ပင်၊ စိုက်တော်မူသော လေဗနုန်အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။
17hvor Fuglene bygger sig Rede; i Cypresser har Storken sin Bolig.
17ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်တတ် ကြ၏။ ထင်းရူးပင်တို့၌ တောငန်းတို့သည် နေရာကျ တတ်ကြ၏။
18Højfjeldet er for Stenbukken, Klipperne Grævlingens Tilflugt.
18မြင့်သောတောင်တို့သည် တောဆိတ်များမှီခိုရာ၊ ကျောက်တို့သည် ရှာဖန်ယုန်များ မှီခိုရာ ဖြစ်ကြ၏။
19Du skabte Månen for Festernes Skyld, Solen kender sin Nedgangs Tid;
19ချိန်းချက်သောအချိန်ဘို့၊ လကို ဖန်းဆင်းတော် မူပြီ။ နေသည်လည်း၊ မိမိဝင်ရသော အချိန်ကိုသိ၏။
20du sender Mørke, Natten kommer, da rører sig alle Skovens Dyr;
20ကိုယ်တော်သည် မှောင်မိုက်ကို စီရင်တော်မူ၍ ညဉ့်ဖြစ်ပါ၏။ ထိုအချိန်၌ တောတိရစ္ဆာန်အပေါင်းတို့ သည် တွားလျက် ထွက်တတ်ကြပါ၏။
21de unge Løver brøler efter Rov, de kræver deres Føde af Gud.
21ခြင်္သေ့ပျိုတို့သည် လုယက်ခြင်းအလိုငှါ ဟောက် ၍၊ ဘုရားသခင့်ထံမှာ အစာကို ရှာကြပါ၏။
22De sniger sig bort, når Sol står op, og lægger sig i deres Huler;
22တဖန်နေထွက်ပြန်လျှင်၊ သူတို့သည် ဆုတ်သွား ၍ နေမြဲတွင်းတို့၌ အိပ်နေကြပါ၏။
23Mennesket går til sit Dagværk, ud til sin Gerning, til Kvæld falder på.
23လူသည်လည်း လုပ်ဆောင်ပြုမူခြင်းငှါ ညဦး တိုင်အောင် ထွက်သွားပါ၏။
24Hvor mange er dine Gerninger, HERRE, du gjorde dem alle med Visdom; Jorden er fuld af, hvad du har skabt!
24အို ထာဝရဘုရား၊ ကိုယ်တော်စီရင် ပြုပြင်တော် မူသော အရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှ တို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီး သည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။
25Der er Havet, stort og vidt, der vrimler det uden Tal af Dyr, både små og store;
25မရေတွက်နိုင်အောင် တွားတတ်သော တိရစ္ဆာန် အစရှိသော တိရစ္ဆာန်အကြီးအငယ်များတို့နေရာ ကြီးမား ကျယ်ဝန်းသော သမုဒ္ဒရာလည်း ရှိပါသေး၏။
26Skibene farer der, Livjatan, som du danned til Leg deri.
26ထိုအရပ်၌ သင်္ဘောတို့သည် သွားလာကြပါ၏။ ထိုအရပ်၌ ကွန့်မြူးစေခြင်းငှါ ဖန်ဆင်းတော်မူသော ငါးကြီးလဝိသန်သည်လည်း ရှိပါ၏။
27De bier alle på dig, at du skal give dem Føde i Tide;
27ထိုသို့သော တိရစ္ဆာန်အပေါင်းတို့သည် အချိန် တန်လျှင် အစာကျွေးတော်မူစေခြင်းငှါ၊ ကိုယ်တော်ကို မြော်လင့်လျက် နေကြပါ၏။
28du giver dem den, og de sanker, du åbner din Hånd, og de mættes med godt.
28ကိုယ်တော်ချထားတော်မူသည်အတိုင်း သူတို့ သည် သိမ်းယူကြပါ၏။ လက်တော်ကို ဖွင့်တော်မူသော အားဖြင့်၊ သူတို့သည် ကောင်းသောအရာနှင့် ရောင့်ရဲကြ ပါ၏။
29Du skjuler dit Åsyn, og de forfærdes; du tager deres Ånd, og de dør og vender tilbage til Støvet;
29မျက်နှာတော်ကို လွှဲတော်မူလျှင်၊ သူတို့သည် ပင်ပန်းကြပါ၏။ သူတို့အသက်ကို ရုပ်သိမ်းတော်မူလျှင်၊ သူတို့သည် သေ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။
30du sender din Ånd, og de skabes, Jordens Åsyn fornyer du.
30တဖန်ဝိညာဉ်တော်ကို လွှတ်၍၊ သူတို့ကို ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးမျက်နှာကို အသစ်ပြုပြင် တော်မူ၏။
31HERRENs Herlighed vare evindelig, HERREN glæde sig ved sine Værker!
31ထာဝရဘုရား၏ဘုန်းတော်သည် နိစ္စအမြဲ တည်၏။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ၏။
32Et Blik fra ham, og Jorden skælver, et Stød fra ham, og Bjergene ryger
32မြေကြီးကို ကြည့်ရှုတော်မူ၍ သူသည် တုန်လှုပ် တတ်၏။ တောင်တို့ကို တို့တော်မူ၍၊ သူတို့သည် မီးခိုး ထွက်တတ်ကြပါ၏။
33Jeg vil synge for HERREN, så længe jeg lever, lovsynge min Gud, den Tid jeg er til.
33ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကို သီချင်းဆိုမည်။ ငါဖြစ်သည် ကာလပတ်လုံး၊ ငါ၏ ဘုရား သခင်ကို ထောမနာသီချင်းဆိုမည်။
34Min Sang være ham til Behag, jeg har min Glæde i HERREN.
34ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူ ဘွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။
35Måtte Syndere svinde fra Jorden og gudløse ikke mer være til! Min Sjæl, lov HERREN! Halleluja!
35ပြစ်မှားသောသူတို့ကို မြေကြီးမှ သုတ်သင် ပယ်ရှင်း၍၊ မတရားသော သူတို့သည် နောက်တဖန် မဖြစ်ရကြ။ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ဟာလေလုယ။