1Halleluja! Ja, det er godt at lovsynge vor Gud, ja, det er lifligt, lovsang sømmer sig.
1ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍၊ ချီးမွမ်းကြလော့။ ငါတို့၏ဘုရားသခင်ကို ထောမနာပြု ခြင်းသည် သာယာလျောက်ပတ်သည် ဖြစ်၍၊ ထောမနာ သီချင်းဆိုကြလော့။
2Herren bygger Jerusalem, han samler de spredte af Israel,
2ထာဝရဘုရားသည် ယေရုရှလင်မြို့ကို တည် ဆောက်၍၊ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုး သားတို့ကို စုဝေးစေတော်မူ၏။
3han læger dem, hvis Hjerte er sønderknust, og forbinder deres Sår;
3စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏ အနာကို ကုတော်မူ၏။
4han fastsætter Stjemernes Tal og giver dem alle Navn.
4ကြယ်များကိုရေတွက်၍ အသီးအသီးတို့ကို သမုတ်တော်မူ၏။
5Vor Herre er stor og vældig, hans Indsigt er uden Mål;
5ငါတို့၏ဘုရားရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီး၏။ဥာဏ်တော်သည်အနန္တဖြစ်၏။
6HERREN holder de ydmyge oppe, til Jorden bøjer han gudløse.
6ထာဝရဘုရားသည် စိတ်နှိမ့်ချသော သူတို့ကို ကြွပင့်၍၊ မတရားသော သူတို့ကိုကား၊ မြေပေါ်မှာ လှဲတော်မူ၏။
7Syng for HERREN med Tak, leg for vor Gud på Citer!
7ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရား ရှေ့တော်၌ သီချင်းဆိုကြလော့။ စောင်းတီး၍၊ ငါတို့၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုကြလော့။
8Han dækker Himlen med Skyer, sørger for Regn til Jorden, lader Græs spire frem på Bjergene og Urter til Menneskers Brug;
8ကောင်းကင်ကို မိုဃ်းတိမ်များနှင့် ဖုံးလွှမ်းသဖြင့်၊ မြေကြီးဘို့ မိုဃ်းရေကိုပြင်ဆင်၍၊ တောင်များပေါ်မှာ မြက်ပင်ကိုပေါက်စေတော်မူ၏။
9Føde giver han Kvæget og Ravneunger, som skriger;
9မြည်တတ်သော ကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏။
10hans Hu står ikke til stærke Heste, han har ikke Behag i rapfodet Mand;
10မြင်း၏ခွန်အားနှင့်လူ၏လျင်မြန်ခြင်းကို အားရ နှစ်သက်တော်မူခြင်းမရှိ။
11HERREN har Behag i dem, der frygter ham, dem, der bier på hans Miskundhed.
11ကြောက်ရွံ့သောသူနှင့် ကရုဏတော်ကို မြော်လင့်သော သူတို့ကို ထာဝရဘုရား နှစ်သက်တော် မူ၏။
12Lovpris HERREN, Jerusalem, pris, o Zion, din Gud!
12အိုယေရုရှလင်မြို့၊ ထာဝရဘုရားကို ချီးမွမ်း လော့။ အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်ကို ချီးမွမ်းလော့။
13Thi han gør dine Portstænger stærke, velsigner dine Børn i din Midte;
13အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်း ကြီးပေးတော်မူ၏။
14dine Landemærker giver han Fred, mætter dig med Hvedens Fedme;
14သင်၏ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်း စေ၍၊ အကောင်းဆုံးသော စပါးနှင့် သင့်ကို ဝစွာ ကျွေးမွေးတော်မူ၏။
15han sender sit Bud til Jorden, hastigt løber hans Ord,
15မြေကြီးပေါ်သို့ဗျာဒိတ်တော်ကို လွှတ်တော်မူ၏။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ၏။
16han lader Sne falde ned som Uld, som Aske spreder han Rim,
16မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏။ နှင်းခဲ ကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏။
17som Brødsmuler sender han Hagl, Vandene stivner af Kulde fra ham;
17မိမိမိုဃ်းသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင် သနည်း။
18han sender sit Ord og smelter dem, de strømmer, når han rejser sit Vejr.
18တဖန်နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထိုမိုဃ်းပွင့် အစရှိသည်တို့ကို အရည်ကျိုတော်မူ၏။ မိမိလေကို လာစေတော်မူသဖြင့်၊ ရေတို့သည် စီးကြ၏။
19Han kundgør sit Ord for Jakob, sine Vedtægter og Lovbud for Israel.
19နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြတော်မူ၏။
20Så gjorde han ikke mod andre Folk, dem kundgør han ingen Lovbud. Halleluja!
20အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော် မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။ ဟာလေ လုယ။