Danish

Myanmar

Psalms

46

1(Til sangmesteren. Af Koras sønner. Al-alamot. En sang.) Gud er vor Tilflugt og Styrke, en Hjælp i Angster, prøvet til fulde
1ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အား ကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။
2Derfor frygter vi ikke, om Jorden end bølger og Bjergene styrter i Havenes Skød,
2ထိုကြောင့် ပထဝီမြေကြီးသည် ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်း၊ ငါတို့သည် ကြောက်လန့်ခြင်းမရှိ။
3om end deres Vande bruser og syder og Bjergene skælver ved deres Vælde. - Sela.
3သမုဒ္ဒရာရေသည် ဟုန်းဟန်းမြည်၍ မွှေနှောက်ပါ လေစေ။ လှိုင်းတံပိုးထသဖြင့်၊ တောင်များတုန်လှုပ်ပါ လေစေ။
4En Flod og dens Bække glæder Guds Stad, den Højeste har helliget sin Bolig;
4မြစ်တမြစ်ရှိသေး၏။ ထိုမြစ်ရေသည်စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်း စေတတ်၏။
5i den er Gud, den rokkes ikke, Gud bringer den Hjælp, når Morgen gryr.
5ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဖြစ်၍ တုန်လှုပ်ခြင်း မရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင်ကူမတော်မူလိမ့်မည်။
6Folkene larmed, Rigerne vakled, han løfted Røsten, så Jorden skjalv,
6လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံ တို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။
7Hærskarers HERRE er med os, Jakobs Gud er vor faste Borg. - Sela.
7ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်အမျိုး၏ ဘုရားသခင် သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။
8Kom hid og se på HERRENs Værk, han har udført frygtelige Ting på Jord.
8ထာဝရဘုရားစီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်း အမှုတော်များကို လာ၍ကြည့်ရှု ကြလော့။
9Han gør Ende på Krig til Jordens Grænser, han splintrer Buen, sønderbryder Spydene, Skjoldene tænder han i Brand.
9လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက်၊ မြေကြီး စွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။
10Hold inde og kend, at jeg er Gud, ophøjet blandt Folkene, ophøjet på Jorden!
10ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။
11Hærskarers HERRE er med os, Jakobs Gud er vor faste Borg. - Sela.
11ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ်၏ ဘုရားသခင် သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။