1Den der sidder i den Højestes Skjul og dvæler i den Almægtiges Skygge,
1အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာဌာန တော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။
2siger til HERREN: Min Tilflugt, min Klippeborg, min Gud, på hvem jeg stoler.
2ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြော ဆို၏။
3Thi han frier dig fra Fuglefængerens Snare, fra ødelæggende Pest;
3အကယ်စင်စစ် မုဆိုး၏ ကျော့ကွင်းနှင့်၎င်း၊ သေတတ်သောအနာနှင့်၎င်း၊ သင့်ကို ကင်းလွတ်စေတော်မူမည်။
4han dækker dig med sine Fjedre, under hans Vinger finder du Ly, hans Trofasthed er Skjold og Værge.
4အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ ဒိုင်းလွှားဖြစ်လိမ့် မည်။
5Du frygter ej Nattens Rædsler, ej Pilen der flyver om Dagen
5ညဉ့်အခါဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြှားကို၎င်း၊
6ej Pesten, der sniger i Mørke, ej Middagens hærgende Sot.
6မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည်မကြောက်ရ။
7Falder end tusinde ved din Side, ti Tusinde ved din højre Hånd, til dig når det ikke hen;
7သင်၏ အနားမှာလူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်းလဲသော်လည်း၊ သင့်ကို မထိ မခိုက်ရ။
8du ser det kun med dit Øje, er kun Tilskuer ved de gudløses Straf;
8သင်သည် ကိုယ်မျက်စိနှင့် ကြည့်၍၊ မတရား သော သူတို့၌ ရောက်ရသော အပြစ်ကိုမြင်ရုံမျှသာရှိ လိမ့်မည်။
9(thi du, HERRE, er min Tilflugt) den Højeste tog du til Bolig.
9ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသော ကြောင့်၊
10Der times dig intet ondt, dit Telt kommer Plage ej nær;
10သင်၌ မကောင်းသော အနိဌရုပ်မကပ် မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။
11thi han byder sine Engle at vogte dig på alle dine Veje;
11သွားလေရာရာ၌ သင့်ကိုစောင့်ရှောက် စေခြင်း ငှါ၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော် မူသည်ဖြစ်၍၊
12de skal bære dig på deres Hænder, at du ikke skal støde din Fod på nogen Sten;
12သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်း ငှါ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။
13du skal træde på Slanger og Øgler, trampe på Løver og Drager.
13သင်သည် ခြင်္သေ့နှင့်မြွေဆိုးအပေါ်မှာ ကျော် သွား၍၊ ခြင်္သေ့ပျိုနှင့်နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။
14"Da han klynger sig til mig, frier jeg ham ud, jeg bjærger ham, thi han kender mit Navn;
14သူသည် ငါ့ကို ချစ်သောကြောင့်၊ သူ့ကို ငါကယ် နှုတ်မည်။ ငါ၏နာမကို သိသောကြောင့်၊ သူ့ကို ငါချီး မြှောက်မည်။
15kalder han på mig, svarer jeg ham, i Trængsel er jeg hos ham, jeg frier ham og giver ham Ære:
15သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခ ခံရသောအခါ သူ့ဘက်မှာ ငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။
16med et langt Liv mætter jeg ham og lader ham skue min Frelse!"
16ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍၊ ငါ၏ ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။