1And Elijah the Tishbite, of the inhabitants of Gilead, said to Ahab, As Jehovah the God of Israel liveth, before whom I stand, there shall not be dew nor rain these years, except by my word.
1ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံးမိုဃ်းမရွာ၊ နှင်းမကျရဟု အာဟပ် မင်းအားမြွက်ဆို၏။
2And the word of Jehovah came to him saying,
2ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား၊
3Get thee hence, and turn thee eastward, and hide thyself by the torrent Cherith, which is before the Jordan.
3သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။
4And it shall be, that thou shalt drink of the torrent; and I have commanded the ravens to feed thee there.
4ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့် တော်မူသည်အတိုင်း၊
5And he went and did according to the word of Jehovah; he went and abode by the torrent Cherith, which is before the Jordan.
5ဧလိယသည်သွား၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ နေလေ၏။
6And the ravens brought him bread and flesh in the morning, and bread and flesh in the evening; and he drank of the torrent.
6ကျီးအတို့သည် နေ့တိုင်းနံနက်တခါ၊ ညဦးတခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်း သောက်ရ၏။
7And it came to pass after a while that the torrent dried up, for there had been no rain in the land.
7နောက်တဖန် မိုဃ်းမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ၏။
8And the word of Jehovah came to him saying,
8ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ရောက်လာသည်ကား၊
9Arise, go to Zarephath, which is by Zidon, and abide there: behold, I have commanded a widow woman there to maintain thee.
9သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့ သွား၍ နေလော့။ ထိုမြို့၌ နေသောမုတ်ဆိုးမတယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊
10And he arose and went to Zarephath; and when he came to the entrance of the city, behold, a widow woman was there gathering sticks. And he called to her and said, Fetch me, I pray thee, a little water in a vessel, that I may drink.
10ဧလိယသည်ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါး သို့ရောက်သောအခါ၊ မုတ်ဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။
11And she went to fetch [it], and he called to her and said, Bring me, I pray thee, a morsel of bread in thy hand.
11မိန်းမသည်ရေကိုယူခြင်းငှါ သွားစဉ်တွင်၊ တဖန်ဟစ်၍ မုန့်တဖဲ့ကိုလည်း သင့်လက်၌ ယူခဲ့ပါလော့ဟု ဆိုပြန်လျှင်၊
12And she said, As Jehovah thy God liveth, I have not a cake, but a handful of meal in a barrel, and a little oil in a cruse; and behold, I am gathering two sticks, that I may go in and dress it for me and my son, that we may eat it, and die.
12မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တလက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဘို့ဖုတ်၍ စားလိုသော ငှါ၎င်း၊ စားပြီးမှ သေလိုသောငှါ၎င်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။
13And Elijah said to her, Fear not; go, do as thou hast said; but make me thereof a little cake first; and bring it to me; and afterwards make for thee and for thy son.
13ဧလိယကလည်းမစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်းသွား၍ ပြုလော့။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ် တပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဘို့လုပ်လော့။
14For thus saith Jehovah the God of Israel: The meal in the barrel shall not waste, neither shall the oil in the cruse fail, until the day that Jehovah sendeth rain upon the face of the earth!
14ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုဃ်းရွာစေတော်မမူမှီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက်မကုန်။ ဘူး၌ရှိသော ဆီမလျော့ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို၏။
15And she went and did according to the word of Elijah; and she, and he, and her house, ate a whole year.
15ထိုမုတ်ဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့ သည် အင်တန်ကာလပတ်လုံး စားရကြ၏။
16The meal in the barrel did not waste, neither did the oil in the cruse fail, according to the word of Jehovah which he had spoken through Elijah.
16ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော် မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသော ဆီမလျော့။
17And it came to pass after these things, that the son of the woman, the mistress of the house, fell sick; and his sickness was so severe that there was no breath left in him.
17ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းပြစွာ သော အနာရောဂါစွဲသောကြောင့် အသက်ချုပ်၏။
18And she said to Elijah, What have I to do with thee, O thou man of God? art thou come to me to call mine iniquity to remembrance, and to slay my son?
18မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ် တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း။ ကျွန်မ အပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကို သတ်အံ့ သောငှါ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယ အားဆိုသော်၊
19And he said to her, Give me thy son. And he took him out of her bosom, and carried him up into the upper chamber where he abode, and laid him upon his own bed.
19သင်၏သားကိုငါ့အားပေးလော့ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲက ယူ၍မိမိနေရာအထက်အခန်းသို့ ဆောင် သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာ ထားပြီးလျှင်၊
20And he cried to Jehovah and said, Jehovah, my God, hast thou also brought evil upon the widow with whom I sojourn, by slaying her son?
20အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုသော ဤမုတ်ဆိုးမ၌ ဘေးဥပဒ်ပြု၍၊ သူ၏သားကို သေစေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော်လေ၏။
21And he stretched himself upon the child three times, and cried to Jehovah and said, Jehovah, my God, I pray thee, let this child's soul come into him again!
21တဖန်သူငယ်အပေါ်မှာ မိမိကိုယ်ကို သုံးကြိမ် လှန်လျက်၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤသူငယ်၏ဝိညာဉ်ကို တဖန် ဝင်စေတော်မူပါဟု ထာဝရ ဘုရားကို ကြွေးကြော်ပြန်၏။
22And Jehovah heard the voice of Elijah, and the soul of the child came into him again, and he lived.
22ဧလိယ စကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ ဝိညာဉ်သည်ဝင်သဖြင့်၊ သူသည် အသက် ရှင်ပြန်၏။
23And Elijah took the child, and brought him down from the upper chamber into the house, and delivered him to his mother; and Elijah said, See, thy son lives.
23ဧလိယသည် သူငယ်ကိုအထက်အခန်းမှ အောက် သို့ယူသွား၍ ကြည့်လော့။ သင်၏သားအသက်ရှင်ပြီဟု ဆိုလျက်အမိ၌အပ်လေ၏။
24And the woman said to Elijah, Now by this I know that thou art a man of God, and that the word of Jehovah in thy mouth is truth.
24မိန်းမကလည်း၊ ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏ လူဖြစ်ကြောင်းကို၎င်း၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော် ဟုတ်မှန်ကြောင်းကို၎င်း၊ ကျွန်မသိပါသည်ဟု ဧလိယ အား ဆို၏။